You're Mine 14

783 63 12
                                    

Uni

မြို့၏အလှကို တိုက်ပေါ်ကနေကြည့်ရင်း အလွမ်းဖြေနေမိတာလား၊ ပိုလွမ်းလာတာလား ကိုယ့်ကိုယ်ကို မသဲကွဲ...

ဂင်ယောင်းဆူ နေခဲ့တဲ့ ထပ်ခိုးလေးကို လီထယ်ဖြောင်း အပိုင်ဝယ်လိုက်ကာ အလုပ်အားတဲ့ရက်တွေ၊ ခုလိုလွမ်းလာတိုင်း လာလာနေတတ်သည်။

နှစ်ယောက်သား စာကျက်ရင်းထိုင်ခဲ့တဲ့ ကွတ်ပစ်လေးပေါ်မှာပဲ ထိုင်နေကာ လွမ်းနေမိသည်။

"ထယ်ဖြောင်း..... "
အသံလာရာသို့ လှည့်ကြည့်လိုက်တော့ ဂိုမီနမ်ပင်။ လက်ထဲလဲ အိတ်လေးတစ်လုံးဖြင့်....

"မီနမ်....ဘာကိစ္စလဲ"
"အော်..ဒီမှာလေ...ယောင်းဆူကိုသတိရလာလို့ ဒီလာထိုင်သောက်မလို့...." လက်ထဲက အိတ်ကလေးကို မြှောက်ပြကာ ဂိုမီနမ်ပြောလိုက်သည်။

ဂိုမီနမ်နဲ့ လီထယ်ဖြောင်း လဲ ပိုရင်းနှီးလာသည်။ ဂင်ယောင်းဆူ အကြောင်းအား တွေ့တိုင်း စကားလက်စုံကျကာ ပြောတတ်ကြသေး။

"ကောင်းသားပဲ....ငါလဲသောက်မယ်"
"Ok.." လီထယ်ဖြောင်း ဘေး ဂိုမီနမ် ဝင်ထိုင်လိုက်ပြီး အပေါ်အောက်ကြည့်ကာ....

"Wooo....ပွဲတွေများ သွားစရာရှိတာလား ဝတ်စုံအပြည့်နဲ့"
"အင်း....ပွဲတစ်ခုတတ်စရာရှိလို့...ညနေကျရင် ဒီကပဲသွားမလားလို့...."

ဂိုမီနမ် မှာ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ပြောတာကို နားထောင်နေရှာသည်။

ခဏအကြာ နှစ်ယောက်သား ထုံးစံအတိုင်းပဲ သောက်ကာ ဂင်ယောင်းဆူ အကြောင်းသို့ ရောက်သွားပြန်သည်။
"ထယ်ဖြောင်း နင်တော်တော် ယောင်းဆူ ကို သဘောကျနေတာပဲ"

ရှုခင်းအားကြည့်ကာ လူတတ်ကြီးလို ပြောနေသော ဂိုမီနမ်ကိုကြည့်ရင်း လီထယ်ဖြောင်း ရယ်လိုက်ကာ....
"ဟင့်အင်း.... သဘောကျတာ မဟုတ်ဘူး...ငါ....သူ့ကို ချစ်တာ....တစ်ဘဝစာအတွက် ငါ့နှလုံးသားကို ပုံအောပြီးကို ချစ်တာ....မင်းလဲ ယောင်းဆူကို စိတ်ဝင်စားတယ်မှတ်လား"

ဂိုမီနမ်မှာ မျက်ခုံးလေးပင့်သွားပြီး ချောင်းအသာဟန့်ကာ.....
"အဟမ်း...နင်...ဘာကိုပြောတာလဲ နင့်စကားကြီးကလဲ"
"ဟားးး လုပ်မနေစမ်းပါနဲ့ မီနမ်ရာ...ငါလူအကဲခတ် မညံ့ပါဘူး။"

You're mine (Complete)Where stories live. Discover now