You're Mine 24

722 48 15
                                    

Uni

"Nick...... Nick...."
"ပြော.."

"ကိုကိုတံခါးခေါက်တာကြာနေပြီ...ဘာလို့ခုမှဖွင့်တာလဲ"
"စာဖတ်နေလို့" ဆူအောင့်အောင့်အဖြေကိုပဲ လီဒိုဟွန်း ခေါင်းညိမ့်မိလိုက်သည်။

"ထားပါတော့...ကိုကိုပြန်လာပြီ...Nick အတွက် လက်ဆောင်တွေပါတယ် လာ...." Nick viky ပုခုံးလေးကိုဖက်ကာ ခေါ်လိုက်တော့ ငြိမ်၍လိုက်လာရှာသည်။ ဒီလိုလေး လိမ္မာပါလား....အဲ့လိုဆို Nick လဲ မပင်ပန်းဘူး.....

လက်ဆောင်ထုတ်အများအပြားကိုကြည့်ပြီး Nick viky မျက်လုံးတောင်ပြူးသွားသည်။ အရင်အချိန်တွေဆို ပျော်ရင်ပျော်လိမ့်မယ်...ခုတော့....လီထယ်ဖြောင်း အဆင်ပြေလား မပြေလားလဲမသိရ...သူဖုန်းဆက်မယ်ဆိုလို့ လူကစောင့်နေတာ ဒီနေ့အထိပဲ....

ကိုယ့်ဘက်ကစဆက်လိုက်ချင်ပင်မဲ့ သူအတွက်အဆင်မှပြေပါ့မလား....ခင်ဗျားဆက်လိုက်မယ်ဆိုတဲ့ စကားကိုယုံပြီး ကျွန်တော်စောင့်နေတာ...ဆက်လဲစောင့်မှာ...

"Nick.... Nick... ဘာတွေကြည့်ပြီးငိုင်သွားတာလဲ...ဘာလဲ အများကြီးမို့လား..."
"အာ...ဟုတ်..."

"ဟား...ဟုတ်ပါပြီကွာ...ကဲ အဝတ်အစားသွားလဲ အဖေတို့ညစာဖိတ်ထားတယ် သွားရမယ်"
"ဟင်..ဟုတ်"

မြို့တော်ဝန်လီ အိမ်ကို သွားရမယ်မှန်းသိတော့ Nick viky မှာ အတော်လေးပျော်သွားသည်။ ချက်ချင်းအခန်းထဲဝင်ကာ ရေပြေးချိုးတာကြောင့် လီဒိုဟွန်း မှာ ဖြည်းဖြည်း လုပ်ဖို့ အော်ပြောရသေး......

ခင်ဗျား အဲ့အိမ်မှာရှိမှာဘဲ ဆိုတဲ့ မျှော်လင့်ချက်လေး ကျွန်တော့်မှာ ထားခွင့်ရှိတယ်မှတ်လား။ ခင်ဗျားသာရှိရင် သိပ်ပျော်မိမှာပဲ.....
.
.
.
ထမင်းဝိုင်းထဲ မျက်နှာမကောင်းသော Nick viky ကြောင့် လီဒိုဟွန်း ရိပ်မိသည်။
ထမင်းတွေအား တူနဲ့ ဟိုထိုးဒီထိုးလုပ်နေပြီး ဖြစ်မြောက်အောင်လဲမစား.....

"စားမကောင်းဘူးလား" Nick viky ဘာကြောင့်မှိုင်နေလဲဆိုတာ သိပင်မဲ့ တခြားမေးခွန်းကိုနှစ်ကိုယ်ကြားမေးလိုက်တော့ သူလန့်သွားသည်။

"ဘာ..ဘာဖြစ်ပါဘူး..."
"ဒါဆိုစားလေ...ခုထိသေချာမစားရသေးဘူး...ဗိုက်အောင့်လိမ့်မယ်..."
"ဟုတ်"

You're mine (Complete)Where stories live. Discover now