ဘယ်ကိုကွေ့!!ညာကိုကွေ့မှာကွ!!!
ဘယ်!!!
ညာ!!!!
လူစည်ကားလှတဲ့ပေကျင်းလမ်းမကြီးရဲ့ပလက်ဖောင်းတစ်ဖက်တစ်ချက်ဆီမှာဝမ်ရိပေါ်တို့သူငယ်ချင်းအုပ်စုက လမ်းလယ်မှာပြေးနေတဲ့ပြိုင်ကားလေးကိုကြည့်ကာ ဘယ် ညာ ဆိုပြီးအော်ဟစ်နေကျသည်။
မီးပွိုင့်မှအချက်ပြမီးလေးကအစိမ်းရောင်ပြောင်းသွားတာနှင့်ပြိုင်ကားလေးကလည်း ဘယ်ဖက်သို့ချိုးကွေ့သွားလေသည်။
"ရက်စ်!!! ဘယ်ဖက်ကွ..."
တစ်ဖက်ပလက်ဖောင်းမှကျောက်လုက ဝမ်းသာအားရထအော်တာကြောင့် ရိပေါ်တစ်ယောက်နှာခေါင်းရှုံ့လိုက်မိသည်။ အနိုင်ရတဲ့ကျောက်လုတို့အုပ်စုကတော့တစ်ဖက်ကနေလမ်းကူးလို့ဒီဖက်ကိုကူးလာနေချေပြီ..။
"ဖေ့သား ငါနိုင်ပြီနော် ကြက်ကြော်လိုက်ကျွေးဒီနားမှာဆိုင်သစ်ဖွင့်တယ်..."
ကျောက်လုကဝမ်ရိပေါ်၏ပခုံးကိုဖက်ကာ သူ့ရဲ့အနိုင်ရမှုအတွက်တောင်းဆိုလာ၏။
"လုပ်ကွာ..ဗိုက်ဆာပြီ..."
"သွားမယ်..သွားမယ်.."
"ကြက်ကြော်...ကြက်ကြော်.."
ရိပေါ်လမ်းလျှောက်နေရာမှရုတ်တရက်ရပ်လိုက်တာကြောင့်တစ်ယောက်တစ်ပေါက်အော်ဟစ်နေတဲ့ ငနဲသားအုပ်စုကအသံတိတ်သွားကာရိပေါ်ကိုဘာဖြစ်တာလဲဆိုသောအကြည့်တို့နှင့်ကြည့်လာ၏။
ဘာလဲ..!!
ရိပေါ်ကနှုတ်ခမ်းလေးကိုအပေါ်တွန့်ကွေးရုံပြုံး၍ သူငယ်ချင်းအုပ်စုကိုကြည့်ကာ...။
"နောက်ကျတဲ့ကောင်ငတ်..."
"ရမလားကွ..လစ်ပြီ..."
ရိပေါ်စကားဆုံးတာနဲ့အနားကနေဝရုန်းသုန်း ကားထွက်ပြေးကာ ကြက်ကြော်ဆိုင်သို့ချီတက်ကျသည့်ကောင်တွေကိုကြည့်ကာ လွတ်လွတ်လပ်လပ်ရယ်မောလိုက်မိသည်။
ပိုက်ဆံကုန်ရမှာချင်းအတူတူ ဒီကောင်တွေကိုနည်းနည်းတော့မောင်းရမည်လေ..။
အသေးအမွှားကြုံရာအလောင်းအစား
လေးတွေလုပ်ပြီးရှုံးသည့်လူကိုမုန့်ဝယ်ကျွေးခိုင်းသည်ကရိပေါ်တို့အဖွဲ့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခု..။
YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤