Destiny_7

3K 294 15
                                    

ပြင်လက်စဆိုင်ကယ်ကိုကိုင်နေရင်းနာရီကိုလှမ်းကြည့်မိတော့ ညနေလေးနာရီခွဲရန်ဆယ်မိနစ်အလို...၊ပုံမှန်ဆိုညနေသုံးနာရီကျောင်းဆင်းတာနှင့်သူ့ဆီရောက်လာနေကျဖြစ်တဲ့ ကောဟာအခုဆိုညလေးနာရီခွဲမှရောက်ရောက်လာတာလေးရက်ရှိနေပြီဖြစ်သည်။အဒေါ်ကြီးဟွမ်ဆီသွားနေတယ်ပြော‌ပေမဲ့ဒီလိုမျိုးနေ့ရက်ဆက်သူ့ကိုပစ်ပြီးသွားစရာလား...။

"ရိပေါ်ကော..ရိပေါ်ကော..."

ထိုအချိန်မှာပဲ သူ့ကိုအော်ခေါ်ရင်းရုံထဲကိုပြေးဝင်လာတဲ့ ဟန်ရှင်းဆိုသည့်ကောင်လေး။

"ဘာဖြစ်လာတာလဲ..."

ရိပေါ်ရဲ့အေးစက်စက်အမေးကိုဟန်ရှင်းက မောနေဟန်ဖြင့်ရင်ဘက်ကိုဖိထားရင်းမှအမောဖြေကာပြန်ဖြေလာ၏။

"ဆရာလေးရှောင်း ရွာထဲကအဒေါ်ကြီးတွေအဖွဲ့နဲ့ဟိုဖက်ရွာကဆုတောင်းပွဲကိုလိုက်သွားတယ် ရိပေါ်ကော..အဲ့ဖက်ရွာမှာပဲညအိပ်တဲ့သူကအိပ်မယ်ပြောနေကျတယ်..အခုလောက်ဆိုရွာထိပ်ရောက်တော့မယ်ထင်တယ်..."

ဘာကွ!!

လက်ထဲကကိုင်လက်စအင်ဂျင်ကိုပစ်ချလိုက်ကာ ဒေါသတကြီးထအော်လိုက်သောရိပေါ်ကြောင့် ဟန်ရှင်းလည်းလန့်သွားဟန်ရှိ ၏။

"ဟို ရိပေါ်ကောပဲဆရာလေးရှောင်းကိုတခြားရွာတွေလျှောက်မသွားအောင်စောင့်ကြည့်ထားဆိုလို့ကျွန်တော်လာပြောပေးတာနော်..."

ဟန်ရှင်းကလည်းသူ့ကိုပြောသည်အထင်နှင့်ထိတ်ထိတ်လန့်လန့်လေးရှင်းပြလာရှာတာမို့ရိပေါ်စိတ်လျော့ကာကျေးဇူးတင်စကားပြောရသည်။

"ဝူချောင်ဆီမှာမုန့်ဖိုးယူသွားဟန်ရှင်း ‌လာပြောပေးတာကျေးဇူးပဲ..."

လာပြောပေးတဲ့ကလေးကိုမုန့်ဖိုးထုတ်ပေးဖို့ ရိပေါ်ရဲ့လက်ရုံးလို့ပြောလို့ရတဲ့ဝူချောင်ကိုမှာပြီး တစ်ဖက်ရွာသို့ခြေဆန့်ရန်သွားနေသည့်အဆိုးကြီးကိုလိုက်ဖမ်းဖို့ရာစီးနေကျဆိုင်ကယ်ကိုလီဗာခပ်ပြင်းပြင်းဆွဲပြီးမောင်းထွက်လာလိုက်သည်။

ဇွတ်တရွတ်နဲ့မစဥ်းစားပဲဟိုဟိုဒီဒီလျှောက်သွားဖို့ရာအန္တရာယ်များလွန်းတာမို့ ဒီရွာထဲကလွဲပြီးတခြားကိုလျှောက်မသွားဖို့အတန်တန်မှာ ထားပါလျက်နှင့်ပြောစကားနားမထောင်သူကိုရိပေါ်စိတ်ပူသလိုစိတ်ဆိုးမိပါ၏။

DESTINY(Complete)حيث تعيش القصص. اكتشف الآن