မနေ့ညကတည်းကရှောင်ကျန့်ရဲ့ပူဆာမှုကြောင့် ယနေ့မနက်အစောပိုင်းကတည်းကနှစ်ယောက်သားဆိုင်ကယ်နှင့်ထွက်လာကာ ဒီရောက်တော့တောင်အောက်မှာဆိုင်ကယ်အပ်ခဲ့ပြီး တောင်ပေါ်ကိုတော့ခြေလျှင်သာတက်ရ၏။
ချစ်ရသူရဲ့လက်ကိုဆုပ်ကိုင်ပြီး သဘာဝအလှအပတွေကိုခံစားရတဲ့အခိုက်အတန့်လေးကသူတို့နှစ်ယောက်အတွက် အလွန်အဖိုးတန်သည့်အချိန်လေးပါပဲ။
တောင်ပေါ်ရောက်ရောက်ချင်း ဒီတောင်ရဲ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်းသို့အရင်သွားကာ ဝတ်ပြုရသည်။ဝတ်ပြုပြီးမှသာတခြားနေရာများသို့လည်ပတ်ခွင့်ရှိသည်ဆိုသော စည်းကမ်းကြောင့်ပင်။
ထိုတောင်ရဲ့ထူးခြားတဲ့အရာကိုပြောပါဆိုလျှင် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းနှင့် နှစ်ပေါင်းရာချီနေပြီဖြစ်သော ဆုတောင်း ပြည့်သစ်ပင်ကြီးပင်ဖြစ်သည်။ထိုသစ်ပင်ကြီးဆီရောက်သွားချိန်မှာ ဆုတောင်းစာရေးထားတဲ့သစ်သားပြားလေးတွေကိုအနီရောင်ကြိုးလေးတွေနှင့်ချည်ပြီးဆုတောင်းထားတာတွေပင် အများကြီးဖြစ်နေပြီဖြစ်သည်။
"ရိပေါ် ငါတို့လည်းမြန်မြန်ဆုတောင်းစာရေးပြီး ချိတ်ရအောင်...ကြိုးနီလေးတွေနဲ့သစ်သားပြားမြန်မြန်သွားဝယ်ကျမယ်.. လာ"
ဆုတောင်းစာရေးပြီး သစ်ပင်ကြီးမှာချိတ်ဖို့ကိုစိတ်လှုပ်ရှားပျော်ရွှင်နေပုံရတဲ့ချစ်ရသူလေးကြောင့် ရိပေါ်လည်းကြည်နူးရပါ သည်။
"ကော ဘာဆုတောင်းလည်း ကိုယ့်ကိုလည်းပြောပြဦး..."
"မပြောပါဘူး...ဆုတောင်းစာကသူများကိုပြောရင်မပြည့်ဘူးတဲ့..လာမကြည့်နဲ့ ကိုယ့်ဘာသာဟိုဖက်မှာသွားရေး..."
သစ်သားပြားပေါ်မှာဆုတောင်းစာကိုကုန်းပြီးရေးနေတဲ့ လူသားလေးဆီခိုးကြည့်ကာပြောတော့ သူလေးကကိုယ်မမြင်အောင်သူ့ခန္ဓာကိုယ်လေးနှင့် ကာလိုက်ပြီးသူ့ကိုရန်ပြန်တွေ့ကာနှင်ထုတ်နေသေး၏။
ခဏအကြာတော့ ဆုတောင်းစာလေးရေးပြီးသွား၍ထင် အရံသင့်ထားပေးထားတဲ့လှေကားလေးပေါ်တက်ကာရှောင်းရှောင်ကျန့်လေးကသူ့ဘာသာသစ်ကိုင်းမှာသွားချိတ်နေ၏။
YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤