Destiny_11

2.6K 254 12
                                    

အိပ်ယာပေါ်မှာလှဲနေရင်း ရိပေါ်ပေးခဲ့သည့်ဖုန်းလေးကိုပွတ်သပ်ကာ သူ့ကိုမှာခဲ့စကားတွေကိုပြန်စဉ်းစားနေမိသည်။

ပါးပါးစီစဉ်သည့်မင်္ဂလာပွဲကိုဘာမှထပ်မပြောပဲလိုက်နာပြီး သူတို့ယုံကြည်အောင်နေခိုင်းကာ မင်္ဂလာပွဲနေ့မှရိပေါ်ကသူ့ကိုရအောင်လာပြန်ခိုးမည်ဟုဆို၏။

အမှန်တိုင်းပြောရရင် ဒီမင်္ဂလာပွဲကိုတကယ့်စိတ်ရင်းနဲ့မပြောနှင့်ဟန်ဆောင်ပန်ဆောင်တောင်သူလက်မခံချင်။

ဒါပေမဲ့လည်းဒီလူသားရဲ့နှုတ်ထွက်စကားဆိုရင်ဘာကြီးပဲဖြစ်နေနေလိုက်နာလိုက်ဖို့သူဆန္ဒရှိတာမို့ ပါးပါးကိုထပ်ပြီးဆန္ဒမပြဖို့သူဆုံးဖြတ်ထားသည်။ထပ်ပြီးတော့ရိပေါ်သူ့ကိုမှာထားသည်ကဒီကြားထဲမှာသူ့ရဲ့ဘာသတင်းကြားကြားစိတ်မပူဖို့ပင်။ရိပေါ်ရဲ့ထိုစကားကဘာအဓိပ္ပာယ်လဲဆိုတာသူကောင်းကောင်းသိပါ၏။

တကယ်ဆိုရင်သူ့အတွက်ကြောင့်နဲ့ရိပေါ်ရန်ဖြစ်တာတွေပြဿနာရှာတာ‌တွေမလုပ်စေချင်။ ဒါပေမဲ့လည်းအခြေအနေတွေအရလို အပ်လာတာမို့သူ့မှာမတားဆီးနိုင်ပြန်။

ရိုးရှင်းထဲဘဝလေးထဲမှာအမြန်ဆုံးနီးစပ်ပြီးအေးချမ်းချင်လှပါပြီ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

"တောက်!!!ဝမ်ရိပေါ်..ဝမ်ရိပေါ်.."

ပေကျင်းမြို့နယ်မြေရဲစခန်းတစ်ခုအရှေ့မှာရပ်ထားတဲ့ကားထဲမှ ဝမ်ကျားဟန်ရဲ့အံတကျိတ်ကျိတ်ဖြင့်ပေါက်ကွဲနေမှုဖြစ်သည်။ညနက်နေမှကိုယ့်ဆီတိုက်ရိုက်ဝင်လာသောအဝင်ဖုန်းကြောင့်ကိုင်လိုက်တော့ သားတော်မောင်ရဲ့ပြဿာနာရှာမှုအကြောင်းပင်။

သူ့ဆီတိုက်ရိုက်ဝင်လာသောကြောင့်ပြဿာနာကသေချာပေါက်ကြီးမယ်မှန်းသိတာမို့မေးလိုက်တော့ ကြားလိုက်ရသည့်သတင်းကြောင့်ခေါင်းတွေပါထိုးတက်လာ ၏။

ပေကျင်းရဲစခန်းရှေ့ပန်းခြံမှာရှိတဲ့လွတ် လပ်‌ရေးအထိမ်းအမှတ်ရုပ်ထုကိုတမင်ကားနှင့်ဝင်တိုက်ပါသည်တဲ့လေ။ နောက်မှာကပ်လိုက်လာသည့်အမှု့ကလည်းမူးယစ်သောက် စားပြီးကားမောင်းသည့်အပြစ်ပင်။

DESTINY(Complete)Where stories live. Discover now