"ဝမ်ရိပေါ်..ဝမ်ရိပေါ်..နေဦး..ဟေ့ကောင်ကျစ်..."
ပေါ်တီအောက်မှာကားရပ်လိုက်တာနှင့် ကားတံခါးကိုအကြမ်းပတမ်းဆောင့်ပိတ်ထွက်သွားပြီး သူ့ဆိုင်ကယ်တွေထားရာ ဂို ဒေါင်ကိုသွားနေတာမို့ လှမ်းခေါ်သော်လည်းဂရုမစိုက်သောသားဖြစ်သူကြောင့် ဝမ်ကျားဟန်ဒေါသထွက်လာရသည်။
"ဟေ့ကောင် နေဦးလို့ငါပြောနေတယ်မဟုတ်လား..."
သားဖြစ်သူရဲ့လက်မောင်းကိုအနောက်ကနေသွားဆွဲလိုက်ပါသော်လည်းသူ့လက်ကိုအားနှင့်ပုတ်ထုတ်လိုက်တာကြောင့် ဝမ်ကျားဟန်အနောက်သို့ယိုင်မလိုဖြစ်သွားရသည်။
"ဝမ်ရိပေါ်!!ငါမင်းအဖေနော်...မင်းတအားရိုင်းစိုင်းနေပါလားကွ.."
အဲ့ဒါကြောင့်ဘာလို့ကျွန်တော့်ကိုလာထိသေးလဲ!!! ဟမ်..ဘာလို့လာပတ်သတ်တာလဲလို့..ကျွန်တော်တို့ဘာသာအေးအေးချမ်းချမ်းဇာတ်မြုပ်ပြီးနေနေခဲ့တာလေ ဘာလို့လာနှောင့်ယှက်ကြတာလဲ..ပြောလေ..ပြော!!!
"အခုကကျွန်တော့်စိတ်တွေပုံမှန်မဟုတ်တာမို့ ပါးပါးရဲ့အလုပ်တွေမထိခိုက်ချင်ဘူးဆို ဒီထက်ပေါက်ကွဲအောင်မလုပ်ပါနဲ့... ကျွန်တော်ကိုယ်တိုင်တောင်ရူးချင်နေလို့ထပ်ပြီးထိပါးလာရင်ဘာလုပ်မိမယ်မှန်းအာမ မခံနိုင်ဘူး..."
မုန်ယိုနေတဲ့ဆင်တစ်ကောင်လိုမျက်လုံးတွေနီရဲနေပြီးလည်ပင်ကျောတွေပါထောင်ထနေအောင်အော်ဟစ်လာတဲ့သားဖြစ်သူကိုကြည့်ပြီး ပြောစရာစကားမရှိအောင်ကိုဝမ်ကျားဟန်ဆွံ့အသွားရသည်။ကြည့်နေရင်းမှာပင်ဆိုင်ကယ်ကိုလီဗာတဆုံးဆွဲ၍မြင်ကွင်းထဲကနေကွယ်ပျောက်သွားတဲ့သားဖြစ်သူကိုကြည့်ကာဝမ်ကျားဟန်သက်ပြင်းကိုခပ်လေးလေးချလိုက်မိတော့သည်။
>>>>>>>>>>>>𝙳𝙴𝚂𝚃𝙸𝙽𝚈>>>>>>>>>>>
ဗျင်း...ဗျင်း...ဗျင်း...
ဆိုင်ရှေ့ကခပ်ဆူဆူလီဗာဆွဲသံဟာအတွင်းခန်းထဲအထိပျံ့နံ့လာတာမို့မင်ဖန့်တို့အုပ်တို့အစည်းအဝေးလုပ်နေရာကနေ ခေါင်းထောင်ကာတစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြသည်။
YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤