"ရိပေါ် ဖြေးဖြေးအရမ်းကြီးမလောနဲ့.."
"အာ့ မဖြစ်ဘူး မောင်ဒီအနေအထားအတိုင်းဆိုရူးတော့မယ်သည်းမခံနိုင်တော့ဘူး.."
"ဖြေးဖြေးချင်းလည်းရပါတယ်ဆို ဟာ့..မခံနိုင်တော့ဘူးမောလာပြီ.."
"ဟုတ်ပြီ ဟုတ်ပြီ ကောမခံနိုင်တော့ရင်မောင်အရှိန်လျော့လိုက်ပြီ..ဟူး..."
ရိပေါ်ကတစ်ဖက်စက်မှာပြေးနေတဲ့ရှောင်ကျန့်ကိုလှမ်းကြည့်ကာပြောရင်းပြေးစက်ကိုအရှိန်လျော့လိုက်သည်။ သူကိုယ်တိုင်လည်းပြေးစက်၏အရှိန်နှုန်းကိုတင်ပြီးပြေးထားတာကြောင့်မောဟိုက်လို့နေ၏။ သူ့ကိုစိတ်မချတာမို့သူနဲ့အတူလေ့ကျင့်ခန်းလိုက်လုပ်တဲ့သူချစ်တဲ့လူသားလေးဟာလည်း မောလွန်း၍ရေဘူးကိုဖွင့်သောက်နေလေသည်။
"အရမ်းမောသွားလားကော ဆောရီးပါမောင်အရမ်းလောကြီးသွားတယ်..."
တောင်းပန်စကားဆိုရင်းနဖူးကချွေးတို့ကိုသဘက်လေးနဲ့ခပ်ဖွဖွသုတ်ပေးလာတဲ့ မောင့်ကိုသူငေးကြည့်မိသည်။ သတိပြန်ရလာပြီးတဖြေးဖြေးပြန်ကောင်းလာကတည်းကထိခိုက်မိထားသည့်ခြေထောက်တွေအတွက် လေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လုပ်သည့်မောင့်ကို သူအခုလိုလိုက်ထိန်းနေရခြင်းဖြစ်သည်။
သူကတော့မလောဖို့ပြောပေမဲ့လည်းပျက်ကွက်ခဲ့ရသည့်အချိန်တွေအတွက်သူ့ကိုပိုပြီးအများကြီးအဖော်ပြုပေးချင်သည်တဲ့လေ။
"ကောတို့အတွက်မုန်တိုင်းထန်တဲ့နေ့ရက်တွေကုန်ဆုံးသွားပါပြီရိပေါ်ရယ်..အဲဒါကြောင့်အရမ်းကြီးအပင်ပန်းမခံလည်းရတယ်၊ မောင်ဘယ်လိုအခြေအနေဖြစ်ဖြစ်အချစ်တွေကမပြောင်းလဲသွားဘူးဆိုတာအသေအချာပဲမို့လို့..."
"ကောဆီကအချစ်ကိုရခဲ့တာမောင်ကံ ကောင်းလိုက်တာ..."
"အဲလိုပြောကျကြေးဆိုမောင်ကလည်းငါ့ဘဝရဲ့အေးရိပ်လေးပါပဲ..."
"ချစ်တယ်မောင်ရဲ့မြတ်နိုးရာလေး.."
"ငါလည်းထပ်တူပါပဲ.."
တစ်ယောက်ကိုတစ်ယောက်ရွှန်းရွှန်းစား စားကြည့်ကာအကြင်နာအကြည့်တို့ဆုံဆည်းမိချိန်မှာတော့ ပြင်းပြတဲ့အနမ်းတိုက်ပွဲတစ်ခုဖြစ်တည်တော့သည်။ဘယ်လောက်တောင်မက်မက်မောမောနမ်းနေမိလည်းမသိ တိတ် ဆိတ်တဲ့ပတ်ဝန်းကျင်ကိုဖြိုခွဲလိုက်တဲ့ရှောင်ကျန့်ရဲ့ဖုန်းသံကြောင့် နှစ်ယောက်သားခွာမိသွားကာရယ်လိုက်မိကြသည်။
BINABASA MO ANG
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤