Destiny_3

4K 338 6
                                        

"အတန်းချိန်ပြီးရင်ကိုယ်လာကြိုမယ်စောင့်နေနော်..."

"ဟုတ်ပါပြီဝမ်လေးရဲ့ ဆိုင်ကယ်ကိုဖြေးဖြေးမောင်းနော် နောက်ကျလည်းကိစ္စမရှိဘူး..."

"ဟုတ်ပါပြီဗျာ...ဒါပဲနော် ကိုယ်အသည်း.."

"ဟာ..ဒီဝမ်ရိ‌ပေါ်ကတော့.."

"ဟဟ.."

ရယ်သံသဲ့သဲ့နှင့်အတူဖုန်းချသွားသည့်ဝမ်လေးကြောင့် ရှက်အားပိုစွာဖြင့်အောက်နှုတ်ခမ်းလေးကိုကိုက်ကာ တစ်ကိုယ်တည်းပြုံးနေမိသည်။ သူ့ထက်ခြောက်နှစ်ငယ်ပါသောထိုအမျိုးသားလေးကိုရှောင်ကျန့်ကချစ်စနိုးနှင့် ဝမ်လေးလို့ခေါ်မိပါ၏။

ချစ်မိပြီဆိုတော့လည်းမတွေ့ရတဲ့အချိန်ခဏလေးအတွင်းမှာတောင် အဆက်အသွယ်မပြတ်ချင်တာသဘာဝပေလား...။

ညနေအတန်းဆင်းတာနဲ့စောင့်နေကျနေရာလေးမှာစောင့်နေတုန်း ဆိုင်ကယ်သံကြားလို့ကြည့်လိုက်တော့ အဝေးကနေကြည့်ရတာတောင်ချစ်ရသူအမျိုးသားလေးကခန့်ညားလွန်း၏။

"ကိုယ့်အသည်း‌လေးစောင့်နေရတာကြာသွားပြီလား..."

"အာ..ဝမ်လေးနော်အဲ့လိုကြီးမခေါ်ပါနဲ့ဆို.."

"ဘာလို့လည်း အသည်း‌လေးကတခြားသူတွေကိုဂရုစိုက်ပြီး ကိုယ်ခေါ်တာကိုမကြိုက်လို့လား.."

"မဟုတ်ပါဘူးဝမ်‌လေးရယ်..ဟို..ကောရှက်လို့ပါ.."

ကလေးကြီးသဖွယ်ချစ်ရသူကဆူပုပ်ပုပ်မျက်နှာနှင့်မေးလာပြန်တော့ သူ့မှာပြာပြာသလဲငြင်းရပြန်တယ်။ကိုယ့်ထက်ခြောက်နှစ်ငယ်တဲ့ရည်စားလေးမို့အငြိုငြင်မခံနိုင်ပါ။

"ရှက်ရင်ကိုယ့်ကိုဖက်ထား..လာ.."

"ရိပေါ်နော်.."

"ဟား..ဟား..ကိုယ့်ချစ်သူလေးကကွာ.."

စပ်ဖြီးဖြီးမျက်နှာနှင့်ကျောင်းရှေ့ကြီးမှာသူ့အားဖက်ရန်ပြင်နေသည့်ရိ‌ပေါ်အား ရှက်ရမ်းရမ်းပြီး ရင်ဘတ်ကိုထုလိုက်တော့ သဘောကျသလိုအော်ရယ်နေသေး၏။

တကယ်ပဲဒီဝမ်လေးဟာ တက်လည်းတက်နိုင်လွန်းပါ၏။

"ဒီနေ့‌ရောဘယ်ကိုသွားကျမှာလဲ..."

DESTINY(Complete)Tahanan ng mga kuwento. Tumuklas ngayon