"အာ..ရိ..ရိပေါ်..."
ကြိုတင်စဉ်းစားထားကြည့်ခဲ့ဖူးတဲ့ကိစ္စပေမဲ့ ရုတ်တရက်နဖူးတွေ့ဒူးတွေ့ကြုံရတော့မည်ဆိုတော့ ရင်ထဲကတလှပ်လှပ်နှင့်မျက်နှာတွေပူသလိုရှက်သလိုဖြစ်ကာ ဘာပြန်ပြောရမယ်မှန်းပင်မသိ..။
"ဟင်...ဘယ်လိုလဲမောင်တောင်းတဲ့အကူ အညီကိုဖြည့်ဆည်းပေးမယ်မဟုတ်လား..."
အသုံးအနှုန်းတွေပါစတင်ပြောင်းလဲလာတဲ့ရိပေါ်က သူ့လည်တိုင်ကိုခပ်ဖွငုံ့ခဲရင်းပြောလာ၏။
"ရိ..ရိပေါ် အိမ်အပြင်ကြီးမှာ..."
ဘယ်လိုပဲညဖက်ဖြစ်ပြီး လက်ထပ်ပြီးတဲ့သူနှစ်ဦးဖြစ်ပါစေ အခုလိုအခြေအနေကြီးနှင့်အိမ်အပြင်မှာဆိုသော အသိကရှောင်ကျန့်ကိုရှက်အားပိုစေတာကြောင့် ရိပေါ်ကိုခပ်တိုး တိုးငြင်းမိသည်။
"အင်းဟုတ်သားပဲ မောင့်ရဲ့အသည်းလေးကရှက်နေတာကိုး အိမ်ထဲမှာဆိုရင်အဆင်ပြေတယ်မဟုတ်လား..."
" ရိပေါ်..."
ရုတ်တရက်ဆိုသလိုသန်မာတဲ့လက် မောင်းတွေကြားထဲအရုပ်လေးတစ်ရုပ်လိုပွေ့ချီခံလိုက်ရတာကြောင့် သူ့လက်နှစ်ဖက်ကရိပေါ်ရဲ့လည်တိုင်တွေကိုအလိုအလျှောက်တွဲခိုသွားမိသည်။
"မောင်..မောင်လို့ခေါ်ပါ.."
ရိပေါ်ကတော့မောင်ခေါ်ခံရဖို့အရေးဒို့အရေးဖြစ်နေကာ မောင်ဟုခေါ်ရန်သာပွေ့ချီထားလျက်ကတောင်းဆိုလာပြန်၏။
ထို့နောက်အခန်းထဲဝင်ကာအနီရောင်အိပ်ယာခင်းများဖြင့်ခင်းကျင်းထားသည့် သူ့တို့ရဲ့မင်္ဂလာကုတင်ဆီသို့ သူ့ကိုယ်လေးအားဖြေးညှင်းစွာလှဲလျောင်းစေကာ ရိပေါ်ကသူ့ခန္ဓာ ကိုယ်ကိုမပိစေပဲအပေါ်ကနေအုပ်မိုးထား၏။
တစ်အိမ်လုံးလည်းမှောင်မဲနေကာ သူတို့အခန်းထဲမှာထွန်းထားသည့်ဝါကျင်ကျင်ဖယောင်းတိုင်လေးကသာ ချို့တဲ့တဲ့အလင်း ရောင်လေးကိုပေးစွမ်းနေရှာ၏။
မှိန်ဖျဖျအလင်းရောင်အောက်ပဲရှက်ရွံ့မှုကြောင့်နီမြန်းနေသည့် ချစ်ရသူ၏မျက်နှာလေးကရိပေါ်၏နှလုံးသွေးတို့ကိုထိန်းမရနိုင်လောက်အောင်ဆူပွက်စေသည်။

YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤