Destiny_4

3.4K 323 10
                                        

အိမ်ပြန်ရောက်ကတည်းကပါးပါး‌ဒေါသရဲ့စိတ်ဖြေရာဟာ သူ့ရဲ့ကျောပြင်ခဲ့သည်။အဖေဖြစ်သူရိုက်တိုင်းဝိုင်းဆွဲပေးဖို့ရာအမေဖြစ်သူကလည်းငယ်ရွယ်စဉ် ကတည်းကဆုံးပါးခဲ့တာမို့ ပါးပါးစိတ်ရှိသလောက်အရိုက်ခံခဲ့ရ၏။ အခုတော့နာကျင်နေသည့်ကျောပြင်ကြောင့်ကုတင်ပေါ်မှာရှောင်ကျန့်သာသာလေးမှောက်နေရသည်။

ငယ်ငယ်ကတည်းကပါးပါးကအပြစ်ပေးတိုင်းခါးပတ်နှင့်ကျောကမိတ်ဆက်နေကျမို့အ‌ပေါ်ယံအရေပြားပေါ်ကအသားကထူးပြီးမနာပေမဲ့ ဒဏ်ရာတွေနှင့်ကျန်ခဲ့တဲ့ချစ်ရသူအမျိုးသား‌လေးကိုမြင်ယောင်မိတိုင်းနှလုံး သားကတဆစ်ဆစ်နာ၏။

အခုလည်းအပြင်ထွက်ခွင့်ပိတ်သွားသည့်အပြင်အခန်းအပြင်မှာလည်းသက်တော် စောင့်တွေချထားကာ ဝန်ကြီးချုပ်ဟောင်း၏ မြေးနှင့်လက်ထပ်ပေးဖို့စီစဉ်နေကြတာမို့ ရိပေါ်ဆီကဆက်သွယ်လာဖို့ကိုပဲစိတ်ပူပန်စွာမျှော်လင့်နေမိသည်။

လူကြီးတွေသိသွားတာနှင့်သွားလာခွင့်တွေပိတ်ပြီး ဖုန်းအသိမ်းခံရမှာကိုကြိုတင်တွက်ဆထားသောရိ‌ပေါ်ကြောင့် ရှောင်ကျန့်ကိုင်နေကြဖုန်းကိုသိမ်းသွားသော်လည်း မွေ့ယာအောက်မှာသေချာသိမ်းထားခဲ့တဲ့လျို့ဝှက်ဖုန်းလေးကြောင့် ရိပေါ်နှင့်သူဆက်သွယ်ဖို့ထင်သလောက်မခက်ခဲပါချေ။

စားပွဲပေါ်ကDigitalနာရီလေးကိုလှမ်းကြည့်မိတော့အချိန်ကညဆယ့်တစ်နာရီးထိုးဖို့ဆယ်မိနစ်အလို..။

ဒီး~~~~ဒီး~~~~ဒီး

ထိုအချိန်မှာပဲဖုန်းလေးကတုန်ခါလာတာမို့ရှောင်ကျန့် ကမန်းကတမ်းကောက်ကိုင်လိုက်သည်။

‌"ဟဲလို...ဝမ်လေး..ဝမ်လေးလားဟင်..."

"အဟွန်း..ကိုယ့်အသည်းလေးကကိုယ့်ကိုအများကြီးလွမ်းနေတာပဲ.."

တဖက်ကခပ်မြူးမြူးစနောက်သံကြောင့် မမြင်နိုင်မှန်းသိပေမဲ့ရှောင်ကျန့်နှုတ်ခမ်းတို့ကစူမိသွားရသည်။

"ဝမ်ရိပေါ် အခုကပြောင်ချော်ချော်လုပ်နေရမဲ့အခြေအနေမဟုတ်ဘူးနော်.."

"ဟုတ်ပါပြီ ဟုတ်ပါပြီအချစ်လေးရယ်ကိုယ်မစတော့ပါဘူး.."

ဒီဝမ်ရိ‌ပေါ်တစ်ယောက်ဟာမစတော့ဘူးပြောတာတောင်ရယ်သံကလွှမ်းနေသေး၏။ ချစ်ရသူကိုရစ်ချင်ပေမဲ့လည်းဒဏ်ရာအခြေအနေကိုသူသိချင်သေးသည်။

DESTINY(Complete)Opowieści tętniące życiem. Odkryj je teraz