ငါးလခန့်ကြာပြီးနောက်!!!!
"ဒီညလည်းမောင့်ရဲ့အငွေ့အသက်လေးတွေရှိတဲ့အိပ်ယာမှာကုန်ဆုံးခွင့်ရလို့ကျေးဇူး တင်ပါတယ်..."
ဘယ်သူ့ကိုရည်ရွယ်တယ်မဟုတ်ပေမဲ့ ရှောင်ကျန့်ပင်ပန်းနွမ်းနယ်စွာနဲ့အိပ်ယာပေါ်လှဲချလိုက်ရင်းခပ်တိုးတိုးဆိုမိသည်။
ဒီတောအတွင်းအိပ်ပျက်ညတွေရက်ဆက်နေခဲ့တာမို့ ဒီညတော့ရှောင်ကျန့်မှေးခနဲအိပ် ပျော်သွားမိသည်။အိပ်ပျော်နေပေမဲ့ရုတ်တ ရက်နှာခေါင်းတိုးဝင်လာတဲ့ အမြဲရင်းနှီးနေခဲ့သောအနံ့လေး..။
ဟင်!
ဆက်ခနဲထထိုင်လိုက်တာမို့ အားနည်းနေသည့်ခန္ဓာကိုယ်ကြောင့်မူးဝေသွားရသည်။အခန်းထဲကိုသတိထားမိတော့မီးခိုးငွေ့လိုဝေဝေဝါးဝါးကြောင့်သူအံ့ဩနေတုန်း မတ်တပ်ရပ်နေတဲ့လူပုံစံကြောင့်နှလုံးသားကဒုတ်ခနဲအချက်ပြ၏။
"ဘယ် ဘယ်သူလဲ..."
ထစ်ငေါ့နေတဲ့အသံနဲ့ခပ်တိုးတိုးမေးလိုက်မိတော့ မီးခိုးငွေ့တွေလိုကြားထဲကလူပုံစံကသူ့ဖက်ကိုလှည့်ကာကုတင်နားကိုတဖြေးဖြေးတိုးလာ၏။
"မောင်!!..မောင်လားဟင်.."
မြင်လိုက်ရသည့်ရိပေါ်ရဲ့ပုံရိပ်လေးကြောင့်ရှောင်ကျန့်ဝမ်းသာသွားကာကုတင်ပေါ်မှပြေးဆင်းရန်ပြင်တော့ ရိပေါ်ရဲ့ပုံရိပ်ကသူနဲ့ဝေးရာသို့တစ်လှမ်းချင်းပြန်ဆုတ်သွားတာမို့ ကုတင်ခြေရင်းမှပဲရပ်နေမိတော့သည်။
"မောင် မောင်ကောကိုလာတွေ့တာလားဟင်..ငါအရမ်းလွမ်းနေခဲ့တာ၊အခုကအိမ်မက်လားတကယ်လားမဝေခွဲနိုင်ပေမဲ့ မောင့်ကိုတွေ့ရလို့အရမ်းဝမ်းသာတာပဲ၊ မောင်ကောကိုတစ်ခုခုပြောပါလားဟင်..."
ကိုယ်ကသာစကားတွေအဆက်မပျက်ပြောနေမိပေမဲ့ ရိပေါ်ကတော့သူ့ကိုကြေကွဲဝမ်းနည်းနေဟန်ရှိတဲ့မျက်ဝန်းတွေနှင့်ငေးစိုက်ကြည့်နေ၏။
ဘာစကားတစ်ခွန်းမှမဆိုပေမဲ့နှလုံးသားချင်းရင်းနှီးလွန်းခဲ့တဲ့သူတွေမို့ ရိပေါ်ရဲ့အကြည့်တို့ကိုအလိုလိုနားလည်နေမိသည်။
YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤