Extra

3.9K 262 23
                                    

ဘုန်း!

"အ့! အချစ်ရာ မောင်နာတယ်ကွ..."

မင်္ဂလာပွဲအပြီးလူတွေပါးသွားတာနှင့်တစ်ချိန်လုံးအသဲတယားယားဖြစ်ခဲ့သမျှရိ‌ပေါ်ရင်ဖက်ကြီးကိုအတိုးချပြီးထုရိုက်ပစ်မိသည်။

"နာအောင်လုပ်တာပဲနာမှာပေါ့ မင်းကြောင့်ငါ့မှာအခုထိရင်တုန်မပြေဘူးသိရဲ့လား..."

"အချစ်ကလည်းကွာ မောင်ကမောင်တို့မင်္ဂပွဲလေးကိုလုံးဝမမေ့ရအောင်လို့မနည်းကြိုး စားထားရတဲ့ဟာ အခုလိုဆိုတော့လန့်ပြီးမေ့မရတော့ဘူးမဟုတ်ဘူးလား ဟဟ..."

ရှောင်ကျန့်ဒီလောက်ထုရိုက်ပြီးဆူပူနေတာတောင်ပြောင်စပ်စပ်လုပ်ပြီးသူ့ခါးကိုလာဖက်သောမောင်ပါလေ။

"ကဲကဲ နှစ်ယောက်သားကတကယ်လည်းစိတ်ဆိုးကြတာမဟုတ်ပဲနဲ့ကျီစယ်မနေကျနဲ့တော့၊ မင်္ဂလာပွဲကရုတ်တရက်လုပ်လိုက်ရတော့ ဟန်းနီးမွန်းအတွက်မစီစဉ်ရသေးဘူး ဘယ်ကိုသွားကြမှာလဲဆုံးဖြတ်ကျဦး.."

ဝမ်ပါးပါးကိုသူတို့နှစ်ယောက်ကိုမနိုင်သလိုကြည့်၍ ရယ်မောကာဟန်နီးမွန်းဘယ် ကိုသွားမလဲဟုမေးလာ၏။

ပါးပါးရဲ့စကားဆုံးတာနှင့်သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိကြသည်။နှလုံးသားချင်းချည်နှောင်ထားတဲ့သူတွေမို့အတွေးတွေးကိုအပြန်အလှန်နားလည်နေကာ နှုတ်ကထုတ်ဖော်ပြောစရာမလို။

"ကျွန်တော်တို့နှစ်ယောက်သွားနေမဲ့ရာကရှိပြီးသားပါးပါး ဘာမှစီစဉ်စရာမလိုတော့ဘူး အဝတ်အစားလဲပြီးတာနဲ့တန်းသွားလိုက်တော့မယ်.."

ရိပေါ်၏အပြောကြောင့်ရှောင်ပါးပါးကလည်းအံ့ဩသွားသလိုမျက်ခုံးပင့်၏။

"ပါးပါးတို့လေယာဉ်လက်မှတ်စီစဉ်ပေး လိုက်ဖို့ရောလိုလား.."

"မလိုတော့ပါဘူးပါးပါး..."

"ဟုတ်ပါပြီသားတို့အဆင်ပြေရင်ပြီးတာပါပဲ ဒါဆိုပါးပါတို့ပြန်လိုက်တော့မယ်..."

အဖေနှစ်ယောက်စလုံးရောနှစ်ဖက်ဆွေမျိုးတွေပါနှုတ်ဆက်ပြီးပြန်သွားတို့သူတို့နှစ်ယောက်သာကျန်တော့၏။

DESTINY(Complete)Onde histórias criam vida. Descubra agora