Destiny_5

3.3K 318 11
                                    

နာရီဝက်ခန့်ကြာအောင်ကားမောင်းပြီးနောက်မှာတော့ အဝေးပြေးကွင်းဆီသို့ဦးတည်နေတာကြောင့် ရှောင်ကျန့်ရိပေါ်ကိုအံ့သြစွာလှမ်းကြည့်လိုက်မိသည်။

"ကိုယ့်ကားနဲ့ဆိုခြေရာခံဖို့လွယ်တယ်လေ ကောရဲ့ အဲဒါကြောင့်.."

ရိပေါ်ကလည်းသူ့အကြည့်တွေကိုသဘောပေါက်စွာပင်‌ထုတ်မေးစရာမလိုပဲရှင်းပြလာခဲ့သည်။

"ကောလေတစ်ခါမှဒီလိုခရီးသွားကားမစီးဖူးဘူး ပျော်စရာကြီး‌နေမှာနော်.."

သူ့ကိုမျက်လုံးလေးဝိုင်းကာကြည့်နေရင်း ကလေးတစ်ယောက်လိုလက်ခုပ်‌လေးတီးကာအထူးအဆန်းသဖွယ်ပြောလာသည့်ကောကြောင့် သူ့မှာချစ်အားပိုရသေးသည်။

ဒီး...ဒီး..!!

"အင်း..ဘယ်မှာလဲ.."

"....."

"အေး ဟုတ်ပြီ..."

ရိပေါ်ကသူ့သူငယ်ချင်းတွေနဲ့အချိတ် အဆက်လုပ်နေတာကြောင့် ရှောင်ကျန့်စကား မပြောပဲတိတ်တိတ်လေးပဲနေပေးမိသည်။

"ကောလာ.."

ကားဝင်းထဲကချိန်းထားတဲ့နေရာမှာကားရပ်ပြီးတာနှင့် ရိပေါ်ကရှောင်ကျန့်ကိုပျောက်သွားမှာစိုးသည့်ကလေးတစ်ယောက်အလားလက်ဆွဲခေါ်၏။

"Hey... Man..."

ခပ်လှမ်းလှမ်းကနေရိပေါ်ကိုလှမ်းခေါ်ပြီးလက်လှမ်းပြနေတဲ့ ကောင်လေးအုပ်စုရှိရာသို့ရိပေါ်ကလက်ပြန်လှမ်းပြပြီးဦးတည်ကာသွား ၏။

"ရော့ နောက်နာရီဝက်နေရင်ထွက်မှာ..."

မင်ဖန့်ကဖြတ်ထားပြီးသားကားလက် မှတ်နှစ်စောင်ကို အချိန်ပြောရင်းကမ်းပေး ၏။

"ကောသူတို့တွေက မင်ဝူ၊မင်ဖန့်၊ကျောက်လု၊ ပိုင်ရန်၊ ကျိုးဟန်၊ ဖန်ရွှယ်တဲ့ ကိုယ့်ရဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေပေါ့..."

ရိပေါ်ကရှောင်ကျန့်ခါးလေးကိုခပ်တင်းတင်းဆွဲဖက်ကာ မိတ်ဆက်ပေးလိုက်တော့ ရှောင်ကျန့်ကသူ့ခါးကိုဖက်ထားသည့်ရိပေါ်လက်ကိုအုပ်ကိုင်ကာ နားနားသို့ကပ်၍ခပ်တိုးတိုးပြောလာ၏။

"သူငယ်ချင်းတွေရှိနေတယ်လေ ရိပေါ်ရဲ့.."

"ကောမသိလို့ ကိုယ်တစ်ယောက်လုံးရှိနေတာတောင်သူတို့ ကောကိုကြည့်တဲ့အကြည့်မှာဗို့အားပြင်းပြင်းတွေပါနေတာ အားနာစရာမလိုဘူး..."

DESTINY(Complete)Where stories live. Discover now