Destiny_15

3.4K 287 18
                                        

       သားဖြစ်သူရဲ့လက်ကိုပဲ့ကြွေကျသွားမှာစိုးသည့်အလားတယုတယကိုင်ကာ ရင်မှာအပ်ပြီးငိုကြွေးနေသောကောင်လေးကိုကြည့်ကာ ဝမ်ကျားဟန်ကိုယ့်ကိုကိုယ်အပြစ်ရှိသူလိုခံစားရသည်။သားဖြစ်သူရဲ့အဖြစ်ကြောင့်ရောရှောင်ဟုန်မင်ကိုမုန်းသည့်စိတ်ကြောင့်ပါသားဖြစ်သူအသက်ရှင်နေတာကိုဖုံးကွယ်ပြီး ရှောင်ကျန့်ကိုခံစားရစေကာ ရှောင်ဟုန်မင်ကိုပါအခက်တွေ့စေခဲ့သည်။အခုတော့သူ့ရဲ့မာနတွေနဲ့အတ္တတွေကိုသားဖြစ်သူအတွက်စွန့် လွှတ်လိုက်ဖို့သူအသင့်ဖြစ်နေပြီ။ထို့နောက်အဖြစ်သင့်ဆုံး ဆုံးဖြတ်ချက်ကိုချကာဖုန်းနံပတ်တစ်ခုကိုခေါ်လိုက်သည်။

       "တူ...တူ...တူ..."

       "ဘာကိစ္စလဲ..."

       ဖုန်းဝင်သွားပြီးတော်တော်ကြာမှကိုင်ကာတစ်ဖက်ကအသံမာမာနှင့်ပြန်ဖြေလာ၏။

      "ရှောင်ကျန့်ဘာတွေလုပ်နေလဲမင်းသိလား..."

       "ငါသားဘာလုပ်လုပ်မင်းကိစ္စမဟုတ်ဘူး ဝမ်ကျားဟန်..မင်းဖုန်းဆက်တာငါ့သားကိစ္စပြောဖို့ဆိုဖုန်းချလိုက်လို့ရပြီ..."

       "အဲ့ဒါကြောင့်ပဲ ရှောင်ကျန့်ကသတ်သေဖို့လုပ်တာ..."

      ဘာ!!!

      ရှောင်ဟုန်မင်ဖက်ကအသံကတိတ်သွားသလိုဝမ်ကျားဟန်ကလည်းစိတ်ရှည်စွာစောင့်၏။ ထိုအချိန်မှာပဲ...

       အမတ်မင်း!! အမတ်မင်း!!

       "ဘာဖြစ်လာတာလည်းမင်းတို့ကငါ့သားနောက်လိုက်နေရမှာမဟုတ်လား ဘာကိစ္စနဲ့ငါ့ဆီကိုလာတာလဲ..."

       သားဖြစ်သူနောက်လိုက်ခိုင်းထားသည့်သူ့တပည့်တွေကသားဖြစ်သူအနားမှာမရှိပဲ သူ့ရှေ့ပေါ်လာတာမို့ရှောင်ဟုန်မင်စိတ်တိုစွာအော်လိုက်မိလျှင်..။

       "သခင်လေး သခင်လေးက ဟိုတစ်ခေါက်တုန်းကမြစ်ကမ်းနားကိုသွားပြီး ကိုယ့်ကိုကိုယ့်သတ်သေဖို့လုပ်ပါတယ်၊ ကျွန်‌တော်တို့တားမလို့လုပ်တုန်း အမတ်မင်းဝမ်ကျားဟန်ကဝင်တားပြီး သခင်လေးကအမတ်မင်းဝမ်ရဲ့ကားနဲ့ပါသွားပါတယ်..."

DESTINY(Complete)Donde viven las historias. Descúbrelo ahora