"ကျန့်ကောကိုချစ်တယ်..."
တစ်လအတွင်းမှာပေကျင်းတက္ကသိုလ်ကိုချောင်းပေါက်မတက်လာပြီး နောက်ဆုံးမှာအောင်အောင်မြင်မြင်နှင့်ပွင့်အံထွက်လာသော ရိပေါ်ရဲ့ဝန်ခံချက်ဖြစ်သည်။
မျက်ဝန်းလှလှလေးတွေကတဖြေးဖြေးပြူးကျယ်သွားကာ ခံစားချက်အရိပ်အမျိုးမျိုးကမျက်ဝန်းတွေထဲဖြတ်ပြေးသွားသည်။
အံ့ဩသွားရာမှ တဖြေးဖြေးငွေ့ရည်ဖွဲ့လာသည့်မျက်ဝန်းများကြောင့်ရိပေါ် ပြာပြာသလဲဖြစ်သွားရ၏။
"ကော ကျန့်ကော အရမ်းလန့်သွားလားကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော် ပေါ့ပျက်ပျက်ပြောလိုက်တဲ့စကားမဟုတ်တာမို့ ကျွန် တော်..ကျွန်တော်..."
"ခဏလေး..ခဏလေးပါ.."
ကျန့်ကောကခုံတန်းလေးမှာထိုင်နေရာမှမတ်တပ်ရပ်ရင်း လက်ကလေးကာထားသည်။ ကျန့်ကောပုံစံကရုတ်တရက်မို့ထိတ်လန့်သွားပုံပေါ်ကာ အနည်းငယ်တုန် လှုပ်နေတာမို့ ရိပေါ်ရှေ့ဆက်မတိုးပဲငြိမ်သက်စွာသာငေးကြည့်နေမိသည်။
"ရိပေါ်..."
ရိပေါ်ကြည့်နေဆဲမှာပင်ကျန့်ကောကခဏလောက်ကြာအောင်လှုပ်ရှားသွားတဲ့စိတ်ကိုထိန်းချုပ်ပြီးစကားစလာသည်။
"ကောတို့နှစ်ယောက်ကမဖြစ်နိုင်ပါဘူး..အဲဒါကြောင့်မို့အပင်ပန်းမခံပါနဲ့လား.."
ချစ်ရသူရဲ့နှုတ်ထွက်စကားကြောင့်အောင့်မျက်သွားတဲ့နှလုံးသားတစ်စုံကိုလျစ်လျှူရှူကာ လက်သီးတို့ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။
"ဘာကြောင့်လဲ...ဘာကမဖြစ်နိုင်တာလဲ.. ကျွန်တော်သိခွင့်ရှိမလား..."
"အခြေအနေအားလုံးပဲရိပေါ်..အထူးသဖြင့်ကောရဲ့ဖြစ်တည်မှုကြောင့်ပဲ..ရှေ့ဆက်တိုးရင်အများကြီးခက်ခဲကုန်မှာ..ထင်ထားတာထက်မင်းလည်းပင်ပန်းရလိမ့်မယ်...ဒီနေရာမှာပဲရပ်တန့်ပေးပါရိပေါ်ရယ်..."
ချစ်ရသူကသူ့ကိုမျက်နှာလွှဲထားပေမဲ့မျက် ဝန်းတို့မှာမျက်ရည်တို့ရစ်သိုင်းနေလျက်ရင် နာရသည့်စကားတွေကိုတစ်ခွန်းခြင်းပြောနေ၏။

YOU ARE READING
DESTINY(Complete)
Fanfictionအချစ်ဆိုတာကျွန်တော့်အတွက်တော့ရှောင်ကျန့်ပါပဲ🖤 ဘာကိုမှလောဘမရှိပေမဲ့ဝမ်ရိပေါ်ကိုတော့လောဘတက်မိတယ်🖤 တစ်ယောက်ယောက်ကများရှင်သန်နေရခြင်းရဲ့အကြောင်းပြချက်ဟာဘာလဲလို့မေးရင် ကျွန်တော်ကတော့ဝမ်ရိပေါ်လို့ဖြေမယ်🖤