-2-

1K 157 9
                                    

Unicode

August 5,2000.

Nortonမြို့ကို ရောက်လာပြီးတည်းက ရှောင်းကျန့်ရဲ့နေ့စဉ်ဘဝက တကယ်ရိုးစင်းပါတယ်။မနက်တိုင်း ပြိုင်ဘီးလေးနဲ့ မြို့ထဲသွားပြီး သူနဲ့ဖွားအတွက် မနက်စာဝင်ဝယ်ရတယ်။နေ့လည်စာနဲ့ ညစာအတွက် အခြောက်အခြမ်းတွေကိုပါ တစ်ခါတည်းဝယ်ခဲ့ရတယ်။

ပြီးတာနဲ့ သူ့ရဲ့တစ်နေ့တာ,တာဝန်က ခြံထဲမှာပေါက်နေတဲ့ မြက်ပင်ရိုင်းတွေကို ဆံပင်မွှေးနုတ်သလို အားရပါးရထိုင်နုတ်ဖို့ပါပဲ။ရေချိုးကန်ထဲက ရေကုန်သွားရင်လည်း ရေခပ်ဖြည့်ရတယ်။ဒီမြို့မှာ တစ်လလောက်နေပြီးတာနဲ့ အနောက်နိုင်ငံက အညိုဆင်ကြီးတွေလို ဗလတောင့်တောင့်နဲ့ အားကောင်းမောင်းသန်ကြီး ဖြစ်တော့မယ်။

စာမေးပွဲပြီးခါစမို့ ဘာကျောင်းစာမှ လုပ်စရာမရှိ။ထို့ကြောင့် တစ်နေကုန် မြို့ပတ်ပြီး အလေလိုက်နေလည်း ပြောမဲ့ဆိုမဲ့သူ မရှိ။

"ဖွား။ "

"ပြောလေ မြေး။ "

ရှောင်းကျန့်ရဲ့စိတ်ထဲ မေးသင့်မမေးသင့် တွေဝေနေမိသည်။ဒါပေမဲ့လည်း Arcanumရဲ့အကြောင်းကို သူပိုသိချင်သည်။အဲ့ဒီကောင်လေးနဲ့ ချုံပုတ်ကိစ္စ ပြီးကတည်းက မတွေ့ဖြစ်ခဲ့တာ ငါးရက်ကြာခဲ့ပြီ။အမှန်အတိုင်းဝန်ခံရရင် မျက်နှာလေးကို ပဲစေ့လောက်ဖြစ်ဖြစ် မြင်ချင်ပါ​၏။

မတွေ့ရတဲ့ ငါးရက်တာလုံး ဘေးအိမ်က ခြံစည်းရိုးနားကို အမြဲတမ်း ယောင်လည်လည် သွားလုပ်သည်။သို့သော်လည်း Arcanumတို့ရဲ့ စံအိမ်ကြီးကို အပြင်ဘက်မှ သော့ခတ်ထားတာကြောင့် စိတ်ထင့်ရပြန်သည်။

လူလည်း နေတာကို သော့ခတ်ထားစရာ လိုလို့လား။ ဒါက သူ့အတွက်ပဲ ထူးဆန်းနေတာလား။

"ဟိုဘက်က စံအိမ်ကြီးအကြောင်း မေးချင်လို့ပါ ဖွားရဲ့။ အဲ့အိမ်ကြီးကို ဘာဖြစ်လို့ အပြင်ဘက်က သော့ခတ်ထားတာလဲဟင်။ "

"ပေါက်ပေါက်ရှာရှာ မေးတတ်ပါ့ မြေးရယ်။
လူမနေလို့ သော့ခတ်ထားတာပေါ့ကွဲ့။ "

"ဗျာ .. လူမနေလို့ ဟုတ်လား။ ဘာကိစ္စ လူမနေရတာလဲ ဖွား။ "

ရှောင်းကျန့်လည်း ဖွားရဲ့စကားကို နားမလည်တာကြောင့် ပြန်မေးမိသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now