Unicode
August 6, 2000.
ဒီလောက်ချစ်စရာကောင်းနေတာကို သူက ဘယ်လိုစိတ်မျိုးနဲ့ ငြင်းရက်မှာလဲ။ရှောင်းကျန့်လည်း ခေါင်းငြိမ့်ပြလိုက်တော့ Arcanumသည် မုန့်ရသွားသည့်ကလေးတစ်ယောက်နှယ် ပျော်မြူးသွားကာ သူ့ကိုလာဖက်သည်။ရုတ်တရက်မို့ သူလည်း ပြန်မဖက်မိဘဲ တောင့်တောင့်ကြီးရပ်နေမိသည်။Arcanum၏ခန္ဓာကိုယ်လေးသည် ရေခဲတုံးပမာ အေးစက်နေသည်ကို ရှောင်းကျန့်ခံစားမိလိုက်သည်။
ကြက်သီးတို့ ဖြန်းခနဲထသွားပေမဲ့ Arcanumကိုတော့ တွန်းမထုတ်မိ။သူကိုယ်တိုင်ကိုက ဒီအခိုက်အတန့်လေးမှာ မွေ့လျော်နေမိတာမလား။
"ငါနဲ့လိုက်လို့ရတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့ လိုက်လို့မရဘူး။ "
ရှောင်းကျန့်ရဲ့အပြောကြောင့် Arcanumလည်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။
Arcanum ဝတ်ထားတာက ညအိပ်ဝတ်စုံအဖြူရောင်လေး။သူ့ညအိပ်ဝတ်စုံက ဘာဖြစ်လို့မရတာလဲဆိုတာ Arcanum နားမလည်ပေ။
"ဘာလို့လဲ။ ကျုပ်ဝတ်ထားတာက ကြည့်ရဆိုးနေလို့လား။ "
ရှောင်းကျန့်လည်း အူကြောင်ကြောင်ဖြစ်နေတဲ့ Arcanumကို ခေါင်းခါပြလိုက်သည်။
သို့သော် သူ့စိတ်ထဲဝယ် 'ကြည့်ရဆိုးလို့မဟုတ်ဘူးဟေ့။ မင်းအကျီကပါးနေတော့ မမြင်သင့်တဲ့နေရာတွေပါ အတိုင်းသားပေါ်နေလို့။ ' ဟု ကုန်းအော်နေမိသည်။
Arcanum၏ညအိပ်ဝတ်စုံအပါးလေးသည် အတွင်းသားဖြူဖြူတွေကိုပင် ထိုးဖောက်မြင်နေရသည်။ရှောင်းကျန့်အတွက် Arcanumကို ပထမဆုံးစတွေ့တည်းက ညအိပ်ဝတ်စုံအပါးလေးနဲ့ ဖြစ်တာကြောင့် မထူးဆန်းတော့ပါ။သို့သော် Arcanumရဲ့ကိုယ်လုံးလေးကိုတော့ သူကလွဲပြီး အခြားသူတွေမြင်သွားမှာကို စိုးရိမ်စိတ်ဝင်မိသည်။
"Arcanum ဒီနားလာခဲ့။ "
ရှောင်းကျန့်လည်း ဖွားထိုးထားတဲ့ သိုးမွေးအင်္ကျီလေးကိုထုတ်ကာ Arcanumကို အနားသို့ခေါ်လိုက်သည်။သူ့အနားရောက်လာတဲ့ Arcanumကို လက်မြောက်စေလိုက်ပြီး သိုးမွေးအင်္ကျီလေးကို အပေါ်မှ စွပ်ပေးလိုက်သည်။
YOU ARE READING
𝙰𝚁𝙲𝙰𝙽𝚄𝙼
RomanceXiao Zhan × Wang Yibo Around 2000s ZHANYI Fiction. He is an ordinary boy, He is two years younger than me, And he is my first amans. The definition of 'amans' is called *lover*