-13-

524 83 5
                                    

Unicode


August 23, 2000.



ဒီလိုအခြေအနေမျိုးကို ကြိုတင်ခန့်မှန်းထားမိ၍ သက်ပြင်းဖွဖွချမိသည်။မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို မြင်လိုက်တိုင်း သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရတာကြောင့် မနည်းစိတ်လျော့ထားရသည်။

မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အသာအယာ 'မ'ယူလိုက်တော့ နှုတ်ခမ်းဖူးဖူးလေး နှစ်ခုက ချွန်ထွက်လာသည်။နှုတ်ခမ်းအစပ်နားက ဒဏ်ရာအသေးလေးကို ခပ်ဖွဖွ နမ်းလိုက်တော့ ရိပေါ် ရုပ်လေးက မှုံတေတေလေး ဖြစ်သွားကာ 'ဘာလား။' ဟူသည့် အကြည့်တွေနှင့် ကြည့်နေတာကြောင့် စိတ်မထိန်းနိုင်ကာ သဘောတကျရယ်မိပြန်သည်။

ကိုယ့်ထက်အငယ်ဆီက ကလေးတစ်ယောက်လို ဆက်ဆံခံနေရတာ ရိပေါ် မကြိုက်သော်လည်း ယခုအချိန်တွင် ရှောင်းကျန့်ကသာ အရေးကြီးဆုံးဖြစ်သည်မလား။ထို့ကြောင့် ရှောင်းကျန့် စိတ်ချမ်းသာစေရန် ခွင့်ပြုပေးထားခြင်း ဖြစ်​၏။

"အိမ်မှာ ဘိုးတော်ရှိလား ရိပေါ်။ မရှိရင် နေကြာခင်းဘက်ကို လိုက်ခဲ့ချင်လား။ နေကြာခင်းကြီးက တအားလှတာနော်..။ "

'ဘိုးတော်'ဟူသော အသုံးအနှုန်းကြောင့် ရိပေါ်က အူတူတူဖြစ်ကာ ကြောင်ကြည့်နေလေရဲ့။

သူ့ကို မိုက်ရိုင်းတယ် ထင်ရင်လည်း ထင်ပါစေ။သူကတော့ ပိုးဟပ်ဖြူ မျက်နှာလေးကလွဲပြီး ဘယ်သူ့ကိုမှ မကြည်ဖြူနိုင်ပါ။အထူးသဖြင့် စိတ်မကြည်တဲ့ အချိန်တွေဆို ပိုဆိုးပါ​၏။

"ကျုပ် လိုက်ခဲ့မယ်​။ "

အိမ်တွင် ပါပါးရှိသည် ၊ မရှိသည်ကို ရိပေါ် သေချာမသိ။ရှောင်းကျန့်နဲ့ အတူတူရှိနေချင်တာပဲ သိသည်။ထို့ကြောင့် ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်​၏။ဖြစ်သမျှကိစ္စကိုတော့ နောင်ခါမှ မီးစင်ကြည့်ကလိုက်မည်။

"မင်း မလိုက်ချင်တောင် ကိုယ်က အတင်းခေါ်သွားဖို့ စဉ်းစားပြီးသားပါ။ အခုတော့ ပိုကောင်းတာပေါ့။ အကြမ်းဖက်စရာ မလိုတော့ဘူး ဟဲဟဲ။ "

ရှောင်းကျန့်သည် စက်ဘီးဒေါက်ကို ဖြုတ်နေရင်း ရယ်ကျဲကျဲ ပြောလာသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now