-14-

814 91 17
                                    

Unicode


August 23, 2000.


မျက်စိတစ်ဆုံး တည်ရှိနေသော နေကြာခင်းကြီးကို မြင်လျှင်မြင်ချင်း ပြိုင်ဘီးပေါ်မှ အလျင်အမြန် ခုန်ဆင်းတာကြောင့် ချော်လဲမည်စိုး၍ သတိပေးလိုက်သော်လည်း သူ့စကားကို ဂရုတောင်မစိုက်။

"နေကြာခင်းကို တစ်ခါမှမမြင်ဖူးဘူးလား။ အဟက် .. မသိရင် ရွာဇနပုဒ်က တက်လာတဲ့ တောသားလေး ကျနေတာပဲကွာ။ "

"နေကြာခင်းများ နေ့တိုင်းမြင်နေတာ ကျုပ်ဖြင့် ရင်တောင်မခုန်ပါဘူး။ "

"ဟော .. ဒါဆို ဒီလူကပဲ ရင်ခုန်အောင် လုပ်နိုင်တာပေါ့ ဟုတ်လား အဲ့လိုမျိုးလား? "

သူ့စကားကြောင့် ရိပေါ်က ချစ်စရာကောင်းစွာ နှာခေါင်းရှုံ့သည်။

နေကြာခင်း​၏ ဟိုးအတွင်းထဲ ဝင်တိုးရန် ပြင်နေသည့် ပိုးဟပ်ဖြူကြောင့် ရှောင်းကျန့် စိုးရိမ်စိတ် ဝင်သွားသည်။ပိုးဟပ်ဖြူ​၏ လက်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်တော့ ပိုးဟပ်ဖြူက လန့်ဖျပ်သွားကာ အံ့ဩသွားဟန်။သူ့ကို နားမလည်သော မျက်ဝန်းတွေနှင့် မော့ကြည့်လာတာကြောင့် ရှောင်းကျန့် အဖြေပေးလိုက်သည်။

"ထပ်ပြီး..ပျောက်သွားမှာစိုးလို့.."

သူ့စကားကြောင့် ပိုးဟပ်ဖြူက ဘာစကားမှ ဆက်မပြောတော့ဘဲ ငြိမ်ကျသွားသည်။သူက အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောလိုက်သော်လည်း ထိုကောင်လေးက မြို့ထဲကကိစ္စကို ပြန်သတိရသွားပြီး စိတ်မကောင်းဖြစ်နေဟန်။စူပုပ်ပုပ်မျက်နှာလေးက ချက်ချင်းလက်ငင်း ညှိုးငယ်သွားတာကြောင့် သူပြောလိုက်တာများ လွန်သွားသလားဟု ပြန်စဉ်းစားရသည်။

"ရှောင်းကျန့် ..။ "

အတွေးထဲ နစ်မျောနေစဉ် တိုးညှင်းသော အသံလေးကို ကြားလိုက်ရသည်။

ပိုးဟပ်ဖြူက သူနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားစေရန် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ထို့နောက် ခြေဖျားထောက်ကာ သူ့မျက်နှာကို အနီးကပ်ဆွဲယူသည်။လျှပ်တစ်ပြက်ဆန်သော အဖြစ်အပျက်ကြောင့် ရှောင်းကျန့် အသက်ရှူဖို့ပင် မေ့လျော့နေမိသည်။ပိုပြီးအံ့ဩစရာကောင်းသည်မှာ ပိုးဟပ်ဖြူက သူ့နှုတ်ခမ်းကို ထိရုံသာထိပြီး နမ်းနေခြင်း။နူးညံ့သော အထိအတွေ့ကြောင့် ရှောင်းကျန့် စိတ်မထိန်းနိုင်တော့ဘဲ စိတ်လွတ်ချင်လာသည်။ပိုပြီး အဆင့်တက်ချင်လာသည်။ထို့ကြောင့် ဦးဆောင်ဖို့ ပြင်လိုက်စဉ် ပိုးဟပ်ဖြူက ခန္ဓာကိုယ်ကို ချက်ချင်း ခွာလိုက်တာကြောင့် ရှောင်းကျန့် မျက်နှာကြီးက မည်းသည်းသွားသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now