Unicode
August 10, 2000.
"ရှောင်းကျန့်ရေ။ ငါ့မြေးအတွက် ပါဆယ်လာပို့တယ်။ "
"ဗျာ။ ဟုတ် လာပြီလာပြီ။ "
အိမ်ပေါ်ထပ်မှ ပြေးဆင်းလိုက်ပြီး Deliveryဆီမှ ပါဆယ်ထုပ်ကို လွှဲပြောင်းယူလိုက်သည်။
"အခုတလော အပေါ်ထပ်မှာ တကုပ်ကုပ်နဲ့ ဘာတွေလုပ်နေတာလဲ မြေးရယ်။ ဖွားဖြင့် ခေါ်နေတာ ကြာလှပြီ။ "
"စာလုပ်နေတာပါဗျ။ ဒါဆိုရင် ကျွန်တော် အပေါ်သွားလိုက်အုံးမယ်နော် ဖွား။ "
ရှောင်းကျန့်လည်း ပါဆယ်ထုပ်ကို ရင်ဝယ်ပိုက်ကာ သူ့အခန်းထဲသို့ ပြေးဝင်သွားသည်။
လွန်ခဲ့တဲ့လေးရက်တည်းက ရေချိုးဖို့နဲ့ အပေါ့သွားဖို့ကလွဲရင် အောက်ထပ်ကို ဆင်းမလာ၍ ဖွားကတော့ မြေးဖြစ်သူကို ကြည့်ပြီး စိတ်ပူနေလေရဲ့။
"အိုးဟိုး Sony တံဆိပ်ပဲ။ မာမီကတော့ ငါ့အကြိုက်ကိုသိတယ်။ "
ရှောင်းကျန့်လည်း မာမီပို့ပေးလိုက်တဲ့ Sony Cameraလေးကို ဂရုတစိုက် ထုတ်ယူကြည့်လိုက်သည်။အရင်တည်းက ကင်မရာနဲ့ လက်ပွန်းတတီးရှိခဲ့၍ သူ့အတွက် အထူးတလည်ဖြစ်မနေ။
ထို့နောက် ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပြီး ဘေးအိမ်က စံအိမ်ကြီးကို သေချာစိုက်ကြည့်လိုက်သည်။စံအိမ်ကြီးက ဘာထူးခြားမှုမှမရှိဘဲ ပကတိငြိမ်သက်လျက်။
ငါးရက်..။
မြို့ထဲက ကိစ္စအပြီး Arcanumနဲ့ မတွေ့ရတာ ငါးရက်တောင်ရှိခဲ့ပြီ။"Arcanum?!!"
စံအိမ်ကြီးထဲမှ တလှုပ်လှုပ်ထွက်လာတဲ့ အစိမ်းရောင်အရိပ်လေးကြောင့် ရှောင်းကျန့်လည်း အလန့်တကြား ထအော်လိုက်သည်။ထိုအစိမ်းရောင်ပုံရိပ်လေးသည် သူရှိရာ အပေါ်သို့လှမ်းကြည့်နေပြီး နှုတ်ခမ်းပေါ်ကို လက်ညှိုးတင်ကာ 'တိုးတိုးနေ' ဆိုသည့် သဏ္ဌာန်လုပ်ပြနေသည်။
"ဟေ့ Arcanum ဘယ်ကိုမှ ထွက်မပြေးနဲ့တော့...အခုချက်ချင်း ပြေးလာခဲ့မှာမို့ ငါ့ကိုသာ စောင့်နေပေး။ "
ထိုစကားကို အကျယ်ကြီးအော်ပြောလိုက်ပြီး အောက်ထပ်ကို တဒုန်းဒုန်းပြေးဆင်းမိသည်။ကင်မရာကိုင်ထားတဲ့ သူ့လက်တွေက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်ယင်နေသည်။အခုချိန်တွင် ဖွားက မြို့ထဲကိုရောက်နေသည်မှာ ကံကောင်းလှသည်။
YOU ARE READING
𝙰𝚁𝙲𝙰𝙽𝚄𝙼
RomanceXiao Zhan × Wang Yibo Around 2000s ZHANYI Fiction. He is an ordinary boy, He is two years younger than me, And he is my first amans. The definition of 'amans' is called *lover*