-9-

659 101 17
                                    

Unicode

August 15, 2000.

"ဟာကွာ ငါချစ်တဲ့လူ ကိုက်ဖို့လည်း ချန်ထားကြပါဦး။ မင်းတို့ပဲ ကိုက်မနေကြနဲ့လေ။ "

တောင်ကုန်းပေါ်က သရက်ပင်ကြီးအောက်တွင် ခြင်တွေနဲ့ တတိယကမ္ဘာစစ် ဖြစ်နေသူက အမောင်ရှောင်းကျန့်။ညဦးပိုင်းဖြစ်တာကြောင့် ခြင်တွေမှာ တစ်စတစ်စပိုများလာသည်။

"ခြင်တွေနဲ့တောင် ရန်ဖြစ်တတ်တာလား။ ဟား တကယ့်ကလေးကြီးပဲ။ "

ရုတ်တရက် ထွက်ပေါ်လာသည့် ရယ်မောသံလေးကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ သဘောတကျပြုံးနေသည့် ရိပေါ်နဲ့ အကြည့်ချင်းဆုံသည်။

ရိပေါ်က လက်ကိုအနောက်ပစ်ထားပြီး သူ့အနားကို ခပ်ဖြည်းဖြည်းလျှောက်လာသည်။ရှောင်းကျန့် မျက်မှောင်ကြုတ်နေတာကို မြင်တော့ သူ့အကျင့်အတိုင်း နှုတ်ခမ်းစူသည်။

"ဟင်း မျက်မှောင်ကြီးကြုတ်နေပြန်ပြီ။ "

"မင်းက ကလေးကြီးလို့ ပြောတာကို။ ငါက ကလေးမဟုတ်တော့ဘူး။ အရွယ်ရောက်တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေပြီ။ "

"ဟုတ်ပါပြီ ယောက်ျားကြီးရဲ့။ "

ရိပေါ်သည် ကလေးတစ်ယောက်ကို ချော့မြှူနေသည့်နှယ် လိုက်ပြောပေးနေပြီး သဘောတကျရယ်နေပြန်သည်။

ဒီနေ့မှ အပြုံးတွေကို ရက်ရက်ရောရော အလှူပေးနေသည့် ပိုးဟပ်ဖြူကြောင့် သူ့မှာ မျက်တောင်,တောင် မခတ်ရဲ။

"အိုက်ယား...ကိုယ့်မျက်လုံးတော့ မျက်စိရှေ့က အိန်ဂျယ်လေးကြောင့် စုံလုံးကန်းပြီ ထင်ပါရဲ့။"

နောက်တီးနောက်တောက် အကျင့်အရ ရိပေါ်ကို မနေနိုင်မထိုင်နိုင် လှမ်းစလိုက်သည်။သူ့ရဲ့စကားကြောင့် ပိုးဟပ်ဖြူသည် ချက်ချင်း အရယ်ရပ်သွားပြီး နားထင်စပ်ကို လက်ညှိုးလေးဖြင့် အသာခြစ်ကုတ်သည်။ထိုကောင်လေး ဘယ်လောက်ရှက်တတ်လဲ မသိပေမဲ့ နားရွက်ဖျားတွေပါ နီဖျော့ရောင်လေး သမ်းလာသည်။

ဒါပေမဲ့ ရိပေါ် ဝတ်ထားသည်မှာ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးသာ။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now