Unicode
August 6, 2000.
မြို့ထဲရောက်တာနဲ့ စက်ဘီးလက်ကိုင်လေးကို တွန်းပြီး သူတို့နှစ်ယောက်စလုံး လမ်းဆင်းလျှောက်ရသည်။သူတစ်ယောက်တည်းဆိုရင် စက်ဘီးစီးလို့ရပေမဲ့ Arcanumပါ ပါလာတာကြောင့် ခြေကျင်လျှောက်ဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။
Arcanumသည် မြို့ထဲရှိ အရာအားလုံးကို စူးစမ်းသည့်မျက်လုံးများဖြင့် လိုက်လံကြည့်ရူနေသည်။သူ့မှာတော့ လူကွဲသွားမည်ကိုစိုးရိမ်တာကြောင့် လက်တစ်ဖက်က Arcanumရဲ့လက်လေးကို တွဲထားရပြီး ကျန်တစ်ဖက်ကမူ စက်ဘီးလက်ကိုင်ကို ကိုင်ထားရသည်။
"ဟာ ချွေးတွေစီးကျနေတယ် ရှောင်းကျန့်။ အရမ်းပူလို့လားဟင်။ "
"မပူပါဘူး။ "
ရှောင်းကျန့်လည်း နဖူးပေါ်က ချွေးစတွေကို လက်ဝါးနဲ့ပွတ်သုတ်လိုက်သည်။
Augustလသည် မိုးရာသီကာလဖြစ်ပေမဲ့ Nortonမြို့လေးသည် အပူချိန်လွန်ကဲတာကြောင့် အခုချိန်ထိ မိုးစက်တို့မှာ မြေမခသေးပေ။ထို့အပြင် ဦးခေါင်းပေါ်မှ နေလုံးကြီးကလည်း ပြူးပြဲနေတာကြောင့် သူဝတ်ထားတဲ့ စွပ်ကျယ်အနက်လေးကိုတောင် ချွတ်ပစ်ချင်စိတ် ပေါက်သွား၏။
"ဟာ နှုတ်ခမ်းတွေလည်း ခြောက်နေတယ်။ မင်း ကြည့်ရတာ အဆင်ပြေတဲ့ပုံလည်း ပေါက်မနေဘူး။ "
ပြောရင်းဆိုရင်း Arcanumသည် သူ့အင်္ကျီလက်နဲ့ ရှောင်းကျန့်ရဲ့နဖူးပြင်က ချွေးစတို့ကို ဂရုတစိုက် သုတ်ပေးနေသည်။Arcanumရဲ့လက်တွေက သူ့နဖူးပြင်နဲ့ထိကပ်သွားတိုင်း အေးစိမ့်သွားသလို ခံစားရသည်။ကိုယ်တိုင်ကလည်း ချွေးတွေပြန်ပြီး အသားတွေပူကျပ်နေတာကြောင့် ဘာမှမပြောတော့ဘဲ Arcanum လုပ်ပေးသမျှကို ငြိမ်ခံနေလိုက်သည်။
"ဟိုနားမှာ လှမ်းမြင်နေရတဲ့ ချည်ထည်ဆိုင်ကို ဆက်သွားရဦးမှာ။ ငါနဲ့လိုက်ခဲ့ချင်လား ဒီနေရာမှာပဲ ထိုင်စောင့်ချင်လား။ "
နေမထိမင်းသားလေး ခြေထောက်ညောင်းနေမည်ကို စိုးရိမ်တာကြောင့် မေးမိသည်။Arcanumကတော့ မစဉ်းစားဘဲ ခပ်ပြက်ပြက်သာ ဖြေသည်။
YOU ARE READING
𝙰𝚁𝙲𝙰𝙽𝚄𝙼
Storie d'amoreXiao Zhan × Wang Yibo Around 2000s ZHANYI Fiction. He is an ordinary boy, He is two years younger than me, And he is my first amans. The definition of 'amans' is called *lover*