-1-

2.5K 208 14
                                    

Unicode

မင်းတို့သာ လူတစ်ယောက်ကို
တကယ်ချစ်နေပြီဆိုရင်
စိတ်ရှည်ရှည်နဲ့ စောင့်နေတတ်ရတယ်။

ပစ္စုပ္ပန်ကာလမှာ ဆုံစည်းခွင့်မရှိနိုင်ပေမဲ့
​အနာဂတ်ရောက်ရင်တော့...
အတူတူမရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ။

×××

August 1, 2000.

"ရှောင်းကျန့် ဘာတွေငေးနေတာလဲ။ မာမီ ပြောနေတာတွေ ကြားရဲ့လား။ "

ရှောင်းကျန့် ကားမောင်းနေတဲ့ သူ့မာမီကိုလှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။နောက်ကျောမှာ မျက်စိမပါတာကြောင့် မမြင်နိုင်မှန်း သိပေမဲ့ပေါ့။

သူတို့ကားလေးသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ တံတားလေးပေါ်တွင် တလိမ့်လိမ့်ရွေ့နေသည်။ကားမှန်ကိုချထားတာမို့ လေအဝှေ့တစ်ချက်တွင် လေအေးတွေက ရှောင်းကျန့်ရဲ့ဆံပင်စတွေကို ကလူကျီစယ်နေကြသလို။အကြောင်းမရှိပါဘဲ မြစ်ထဲတွင် ပေါလောပေါ်နေသည့် ရွက်လှေများကို မေးထောက်ကာ စိုက်ကြည့်နေမိသည်။

ဒီတံတားလေးကိုကျော်လိုက်တာနဲ့ သူ့ဘဝကို ဘယ်လိုအသစ်အဆန်းတွေကများ စောင့်မျှော်နေမှာလဲ။Norton လို့ခေါ်တဲ့ မြို့အသေးလေးကရော ဘာတွေများ စိတ်ဝင်စားစရာကောင်းတာရှိမှာလဲ။

"အခုတည်းက လမ်းတွေကိုသေချာမှတ်ထား။ ဒီမှာ တစ်လလောက်နေမှာဆိုတော့ လမ်းတွေကို သေချာသိမှ ဖြစ်မှာမလား။ "

မာမီရဲ့အသံကြောင့် သူလည်း ကားမှန်ကနေ ခေါင်းပြူကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။တစ်ယောက်တည်း အတွေးလွန်နေတာ မြို့ထဲတောင် ရောက်နေပြီပဲ။

"မာမီ ကျွန်တော်က ဒီမြို့ထဲမှာနေရမှာ မဟုတ်ဘူးလား။ "

​ကားလေးသည် မြို့ပြင်ကိုထွက်တာကြောင့် ရှောင်းကျန့် နားမလည်နိုင်စွာ မေးမိသည်။

"ဟုတ်တယ်လေ သားရဲ့။ ဒါပေမဲ့ သားရဲ့အဖွားက မြို့ပြင်မှာနေတာ။ "

"ဪ။ "

ကားလေးသည် မြို့ထဲမှထွက်လာပြီး လယ်ကွင်းများကို ဖြတ်ကျော်ကာ အဖွားအိမ်ကို ဦးတည်နေသည်။ညနေစောင်းဖြစ်တာကြောင့် အမှောင်ရိပ်ထဲရှိ ယိမ်းထိုးနေသောစပါးခင်းကြီးမှာ ကြက်သီးထစရာ ကောင်းလှသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now