-12-

755 99 9
                                    

Unicode

August 23, 2000.

ရှောင်းကျန့် Nortonမြို့မှာ သောင်တင်နေခဲ့တာ 23ရက်တောင် ကြာခဲ့ရောပေါ့..။

Nortonမြို့ကို မရောက်ခင် ရှောင်းကျန့်ဘဝကြီးက တကယ်သာမန်ပါပဲ။
တစ်နေ့တစ်နေ့ လူသားတို့ လုပ်ရိုးထုံးစဉ်အတိုင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ မျက်နှာသစ် ၊ သွားတိုက် ၊ မနက်စား ၊ ပြီးလျှင် အတန်းကို ပြေးရပြန်တယ်။အတန်းချိန်ပြီးသွားတော့ နေ့လည်စာပြန်စား ၊ ကျောင်းကန်တင်းထိုင်ပြီး အလေလိုက် ၊ သူငယ်ချင်းတွေနဲ့ Clubမထိုင်တဲ့နေ့ကျ အိမ်ကို စောစောပြန်လာပြီး ညစာစား ၊ ရေမိုးချိုးပြီး ညအိပ်ရာဝင်။

ဟော..တစ်နေ့တစ်နေ့ အစားအစာကို နပ်မှန်အောင် သုံးနပ်စားလိုက် ၊ အိပ်လိုက် ၊ ကျောင်းသွားလိုက်နဲ့ ဘဝကြီးက ဘယ်လောက်ပျင်းစရာကောင်းသလဲ။

Farnfossမြို့က ထွက်လာပြီး Nortonမြို့ကို ရောက်ပြန်တော့လည်း ရှောင်းကျန့်ဘဝကြီးက ပျင်းဖို့ကောင်းနေဆဲ။မနက်မိုးလင်းတိုင်း မြက်နုတ်လိုက် ၊ ပေါင်းသင်လိုက် ၊ ရေထမ်းလိုက် ၊ ရေဖြည့်လိုက် ၊ မြို့ထဲသွားလိုက် ၊ ဖွားခိုင်းတာလုပ်ပေးလိုက် စသည်ဖြင့် Farnfossမှာနေတုန်းက ဘဝကြီးနဲ့ အတူတူအနူနူပါပဲ။

ဒါပေမဲ့ ရှောင်းကျန့်အတွက် Nortonမြို့မှာ နေရတာက ပိုပျော်စရာကောင်းတယ်။စာလုပ်စရာလည်း မလို။အတန်းတက်စရာလည်း မလို။မာမီ့ရဲ့ ဆူပူကြိမ်းမောင်းသံတွေကိုလည်း နေ့တိုင်း နားထောင်စရာမလိုတော့။

အထူးသဖြင့် ကောင်လေးတစ်ယောက်ကြောင့်..။အတိအကျပြောရမယ်ဆိုရင် ရှောင်းကျန့်ထက် နှစ်နှစ်ကြီးတဲ့ ကောင်လေးတစ်ယောက်ကြောင့် ရှောင်းကျန့်မှာ ကိုယ့်ဇာတိဖြစ်တဲ့ Farnfossမြို့ကိုတောင် မပြန်ချင်တော့..။

ထိုကောင်လေးက နာမည်ကအစ လျှို့ဝှက်ဆန်းကြယ်လွန်းသည်။အများသူငါနှင့်မတူဘဲ တစ်မူထူးခြားလွန်းတာကြောင့် အသစ်အဆန်းဆိုလျှင် သဘောကျတတ်သော ရှောင်းကျန့်က မြင်မြင်ခြင်းပဲ သဘောကျခဲ့တယ်။

အစပိုင်းမှာတော့ လူငယ်ပီပီ စူးစမ်းချင်စိတ်ကြောင့် သဘောကျမိသော်လည်း နောက်ပိုင်းကျတော့ ထိုကောင်လေးအနားကို ရောက်သွားတိုင်း တဖြည်းဖြည်း မူမမှန်လာသော ရင်ခုန်သံတွေကြောင့် ပိုသဘောကျခဲ့သည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now