-3-

840 141 3
                                    

Unicode

August 6,2000.

"မြေးရေ။ မြို့ထဲကဆိုင်ကို ဖွားရဲ့သိုးမွေးအထည်တွေ သွားပို့ပေးပါဦး။ "

အဖွားက သိုးမွေးထိုးနေရင်း အိမ်ထဲကနေ အော်ပြောသည်။ရှောင်းကျန့်လည်း ရေချိုးကန်ကိုရေဖြည့်နေရင်း အဖွားကြားလောက်မည့် လေသံနဲ့ ပြန်ပြောလိုက်သည်။

"ဟုတ်။ ကျွန်တော် ရေကန်ကို ရေဖြည့်ပြီးရင် သွားပို့ပေးမယ်နော် ဖွား။ "

"အေးကွဲ့။ "

ဖွား​၏သိုးမွေးအထည်တွေသည် ထိုးပုံထိုးနည်း သပ်ရပ်တာကြောင့် ဝယ်သူများသည်။ထို့ကြောင့် ဖွားရဲ့ သိုးမွေးအထည်တွေကို မြို့ထဲက ချည်ထည်ဆိုင်ကို မကြာခဏတင်ပို့ရသည်။

သူလည်း ရေဖြည့်ပြီးတာနဲ့ ဂိုထောင်ထဲမှ ပြိုင်ဘီးလေးကို သွားထုတ်လိုက်သည်။ဖွားထဲတွင် ဟိုးရှေးခုနှစ်က စက်ဘီးအရှည်တွေရှိပေမဲ့ သူက လူငယ်ပီပီ ပြိုင်ဘီးလေးကိုသာ သဘောကျသည်။

"ဟေ့။ "

တိုးညင်းသောခေါ်သံလေးသည် သူ့နံဘေးက ဖြတ်သွားသလို ခံစားလိုက်ရသည်။ဘေးဘီဝဲယာကို သတိထားပြီးကြည့်လိုက်တော့ ခွေးတစ်ကောင်ကြောင် တစ်မြီးမှမရှိပါချေ။ထိုစဉ် ဝေါခနဲ လေတိုက်သံကြီးကြောင့် ကြက်သီးတို့ ဖြန်းခနဲထသွားရ​၏။

"ရှောင်းကျန့် ဒီမှာ။ "

ထိုလေသံခပ်ဖျော့ဖျော့က သူ့ခြေထောက်အောက်မှ လာတာကြောင့် သူလည်း ငုံ့ကြည့်လိုက်သည်။Arcanumသည် ချုံပုတ်လေးထဲမှ ခေါင်းလေးပြူကာ သူ့ကိုပြုံးကြည့်နေသည်။ထိုအခါမှ ရှောင်းကျန့် သက်ပြင်းချမိသည်။

"မင်းက ချုံပုတ်တွေကို ကြိုက်တတ်တာလား။ ငါတွေ့လိုက်တိုင်း ချုံပုတ်ထဲကကို မထွက်ဘူး။ "

Arcanumသည် သူ့ရဲ့အပြောကို သဘောတကျရယ်သည်။သို့သော် ချုံပုတ်ထဲက ထွက်မလာသေးပေ။

"မင်းပြောသလိုလည်း မဟုတ်ပါဘူး။ ချုံပုတ်တွေက ကျုပ်ရဲ့ခန္ဓာကိုယ်ကို ဘယ်သူမှမမြင်နိုင်အောင် ကာကွယ်ပေးတယ်။ ဒါကြောင့် ချုံပုတ်ထဲရောက်သွားရင် ကျုပ်ကိုယ်ကျုပ် လုံခြုံသွားသလို ခံစားရလို့။"

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now