-8-

640 105 5
                                    

Unicode

August 14, 2000.

ဘေးပတ်ဝန်းကျင်ရှိ မြင်မြင်သမျှက ပိတ်ပိတိမှောင်နေသည်။ထို့ကြောင့် ဘေးမှနံရံကို အားပြုပြီး စမ်းတဝါးဝါး လမ်းလျှောက်နေရ​၏။ဘာကိုမှမမြင်ရတာကြောင့် သူ့ရဲ့ခြေလှမ်းတို့က ဦးတည်ရာမဲ့နေသည်။

ထိုစဉ် သူ့ရဲ့လက်ကို လာဆွဲသည့် အမှောင်ထဲမှ သွေးမရှိသည့်လက်တစ်ဖက်ကြောင့် တုန်လှုပ်သွားမိသည်။

"မင်းနဲ့သာဆိုရင် အကုန်လုံးကို ရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် ငါ့ကိုထားမသွားပါနဲ့နော်။ "

ရုတ်တရက်မို့ လန့်ဖျပ်သွားပြီး ထိုလက်ကြီးကို အလျင်အမြန် ဖြုတ်ချမိသည်။ဒါပေမဲ့ အသံကိုတော့ တစ်နေရာမှာကြားဖူးနေသလို ရင်းနှီးနေသည်။

"မင်းက ဘယ်သူလဲ။ မင်းပြောနေတာတွေကို တစ်လုံးမှနားမလည်ဘူး။ "

သူလည်း အသက်ကိုဝဝရှူလိုက်ပြီး ထိုလက်ပိုင်ရှင်ကို အရဲစွန့်ကာ ပြန်မေးလိုက်သည်။

"ရပါတယ် ရပါတယ်။ မင်းကို အသက်တမျှလောက် ချစ်ခဲ့တာမို့ ဘယ်လောက်ကြာကြာ ငါစောင့်ပေးနိုင်ပါတယ် Dec"

"အား။ "

ပူပြင်းလှသည့် ရာသီဥတုကြီးတွင် ထူးဆန်းလှသည့် အိမ်မက်ကြီးကြောင့် ချွေးတဒီးဒီးကျကာ နိုးထလာခဲ့သည်။စားပွဲခုံပေါ်တွင် အသင့်ရှိနေသောရေခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"Dec ?! အဲ့ဒါက နာမည်အရင်းလား အတိုကောက်နာမည်လား။ ပြီးတော့ ဘယ်သူ့နာမည်ကြီးလဲ။ ဟာကွာ ရှုပ်ယှက်ခတ်နေတာပဲ။ "

ဘယ်ကနာမည်တွေမှန်း မသိတာကြောင့် ဦးခေါင်းတစ်ခုလုံး ကျိန်းစက်လာချေပြီ။အိမ်မက်ဆိုးတစ်ခုဟု ဆိုနိုင်သော်လည်း တကယ့်အဖြစ်အပျက်တစ်ခုလို ခံစားနေရသည်။သူ့နှလုံးအိမ်ကလည်း စည်းချက်မမှန်တော့ဘဲ ထိုလက်ပိုင်ရှင်က သူ့ကိုပြောနေတဲ့အတိုင်း တဒုတ်ဒုတ်မြည်ဟည်းနေသည်။

မြို့ထဲသွားပြီး မီးပုံပွဲအတွက် အဝတ်အစားဝယ်ဖို့ ရှိတာကြောင့် ရေမိုးချိုးဖို့ ပြင်ဆင်ရသည်။ထိုအိမ်မက်အကြောင်းကို ရေပန်းအောက်တွင် ဒုတိယအကြိမ် ပြန်စဉ်းစားမိသည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now