-7-

621 115 3
                                    

Unicode

August 10, 2000.

လမ်းတစ်ဝက်ကိုရောက်တော့ Arcanumသည် 'ကိုယ့်ဘာသာပဲ လမ်းလျှောက်တော့မယ်'ဟု ပြောလာ၍ ရှောင်းကျန့်ခမျာ မျက်နှာကြီးမည်းပြီး မလွှတ်ချင်လွှတ်ချင်နဲ့ အောက်ကိုချပေးရသည်။

အမြဲတစေ ဖြူဖျော့နေတတ်တဲ့ မျက်နှာက ပေါက်ထွက်လုမတတ် နီရဲနေ၍ သက်ပြင်းချကာ လွှတ်ပေးရသည်။သူသာ ဆက်ချီထားရင် ရင်ခွင်ထဲက ကောင်လေးက ငိုချတော့မလားပဲ။

ထို့အတူ Arcanumရဲ့ ထူးခြားချက်ကို သတိပြုမိသည်။ဤသည်မှာ ဖြူဖျော့ဖျော့ ခန္ဓာကိုယ်လေးသည် သွေးလည်ပတ်မှု အလျဉ်းမရှိ။ခန္ဓာကိုယ်အပူချိန်ကလည်း ရေခဲတုံးတမျှ အေးစက်နေသည်။သို့သော် မတုန်လှုပ်မိ။

"ရောက်ပြီ ဒီနေရာပဲ။ "

"ဟင် ဒီအတိုင်း ကမ်းခြေကြီးကို..ဘယ်နားလေးကများ လှလို့လဲ။ "

"မင်းကမှ အလှအပကို မခံစားတတ်တာ အိမ်မပိုင်လေးရဲ့။ "

သူ့ရဲ့ အရှိုက်တည့်တည့်ကို ထိသွား၍ Arcanum ငြိမ်ကျသွားသည်။

ရှောင်းကျန့် ခေါ်လာသည့် နေရာလေးသည် မြို့နဲ့ အနည်းငယ် အလှမ်းဝေးသည့် ကမ်းခြေလေးတစ်နေရာတွင် ဖြစ်သည်။သူတို့ရပ်နေသည့် နေရာသည် ကမ်းရိုးတန်းတစ်လျှောက် ဖြစ်တာကြောင့် အသွားအလာ သိပ်မရှိ။

ထို့ကြောင့် တစ်လောကလုံးမှာ သူတို့နှစ်ယောက်သာ ရှိနေသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

သူတို့နှစ်ယောက်လည်း ဖိနပ်ချွတ်လိုက်ကာ သဲသောင်ပြင်တွင် ထိုင်ချလိုက်သည်။ဒီရေကျနေချိန် ဖြစ်၍ ကြည်တောက်နေသည့် ပင်လယ်ပြင်တွင် ကူးခပ်သွားလာနေသည့် ငါးအချို့ကို အတိုင်းသားမြင်နေရသည်။

"ရှောင်းကျန့် မင်းက ဓာတ်ပုံရိုက်တာ ဝါသနာပါတာလား။ "

ကင်မရာကို proတစ်ယောက်လို ကျကျနနကိုင်ထားပြီး သဘာဝအလှတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတဲ့ ရှောင်းကျန့်ကို Arcanum လှမ်းမေးလိုက်သည်။

"အင်း။ Farnfossမှာနေတုန်းက ငါပျင်းနေရင် ဓာတ်ပုံလိုက်ရိုက်တတ်တဲ့ အကျင့်ရှိတယ်။ မင်းကရော ပျင်းရင် ဘာလုပ်တတ်လဲ Arcanum"

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now