-15-

1.2K 52 7
                                        

[ Unicode ]

August 24, 2000.

လေရူးများသည် သူ့ပါးကို မထိတထိကျီစယ်ပြီး သူ​၏ ဆံပင်အုပ်အုပ်များကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။ရှုပ်ပွသွားသော ဆံပင်များကို ပြန်သပ်တင်ရန် ဝကြံလိုက်သော်လည်း ရုတ်တရက် လေပြင်းအချို့က သူ့ဆီသို့ ဦးတည်တိုက်ခိုက်လာတာကြောင့် သူ့မျက်လုံးများကို အလန့်တကြား မှိတ်ချလိုက်သည်။အကယ်၍ သူသာ မျက်လုံးမမှိတ်လိုက်ပါက ကြမ်းတမ်းလှသော သဲတွေက သူ့မျက်လုံးထဲ ဝင်ရောက်လာလိမ့်မည်။

ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီးနောက် သူ့မြင်ကွင်းတစ်ခုလုံး အပြာရောင်နှင့် အစိမ်းရောင်တွေကသာ ကြီးစိုးနေတော့သည်။စက္ကန့်အနည်းငယ်ကြာမှသာ ထိုနေရာသည် ပင်လယ်ကမ်းရိုးတန်းတစ်ခုဖြစ်ကြောင်း သတိထားမိလေသည်။

"Dec .. Dec"

အသံလားရာဘက် ကြည့်လိုက်တော့ သူ့လက်မောင်းကိုလှုပ်ကာ သူ့ကို စိုးရိမ်တကြီး ကြည့်နေသော ကောင်လေးတစ်ယောက်။

"မှန်းစမ်း .. မင်းနေမကောင်းဘူးလား?"

လက်နုနုလေးတစ်ဖက်က သူ့နဖူးကို လာစမ်းသောအခါဝယ် သူ့တစ်ကိုယ်လုံး ဓာတ်လိုက်သလို ခံစားလိုက်ရသည်​။သူ့နဖူးပေါ်က ထိုလက်လေးကို ဆုပ်ကိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကိုယ်ဘာမှမဖြစ်ပါဘူး​။ "

ထိုကောင်လေးသည် သူ့ကို မယုံကြောင်း အကြည့်တွေမှတစ်ဆင့် သက်သေပြနေတာကြောင့် သဘောကျစွာ ရယ်လိုက်မိသည်။

"တကယ် .. ကိုယ်တကယ်ပြောတာပါကွာ​။ "

"ဟွန့် .. ပြီးတာပဲ။ "

ထိုကောင်လေး နေရခက်နေမည်စိုး၍ လက်လေးကို လွှတ်ပေးလိုက်သည်။ထိုကောင်လေးသည် ပင်လယ်ကြီးကို ငေးကြည့်နေပြီး သူကမူ ပင်လယ်ကြီးကို ကြည့်နေသော ထိုကောင်လေးကိုသာ စိုက်ကြည့်နေမိသည်။

"Dec မင်းရဲ့ဝါသနာက ဘာလဲ?"

ထိုကောင်လေး​၏ အကြည့်တွေသည် သူ့ဆီသို့ ကျရောက်လာသည်။

"ကိုယ့်ဝါသနာက မြင်းစီးတာ​။ "

"မြင်းစီးတာလား? Sic refrigescant, Dec!"

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now