-11-

657 84 5
                                    

Unicode

August 20, 2000.


ညလယ်ခေါင်ကြီး ရေထချိုးနေသော မြေးဖြစ်သူကြောင့် ဖွားဖြစ်သူမှာ စိတ်ဖြောင့်ဖြောင့် မအိပ်နိုင်ဘဲ စိတ်ပူရသေးသည်။အခုရက်ပိုင်း သူမ​၏မြေးလေးသည် တစ်နေ့တခြား ထူးဆန်းလာသည်။

တစ်ခါတလေကျ လူမနေသောစံအိမ်ကြီးကို စိုက်ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတတ်သည်။ထို့အပြင် ချုံပုတ်တွေနဲ့လည်း စကားပြောတတ်သေးသည်။အလွန်ဆုံး စက်ဘီးစီးလျှင်လည်း အရှေ့ဘက်တွင် လူတစ်ယောက်စာ ချန်ထားတတ်ပြီး ခါးကြီးကုန်းကာ စီးတတ်သည်။

ဂငယ်သဏ္ဌာန် ခါးကိုင်းကာ အဘိုးအိုတစ်ယောက်လို စက်ဘီးစီးနေသော မြေးဖြစ်သူ​၏ ဖြစ်အင်ကြောင့် ဖွားမှာ ရယ်ရခက်ငိုရခက်။

နာရီဝက်လောက်ကြာအောင် ရေကျသံတွေက မစဲသေး၍ သက်ပြင်းမောချမိသည်။မြေးလေးကို ထိုစံအိမ်ကြီးအနား မသွားစေချင်သော်လည်း တားမရတာကြောင့် လွှတ်ထားရသည်။ထိုစံအိမ်ကြီးအကြောင်းကိုလည်း ရှင်းပြထားပြီးသားဖြစ်၍ စံအိမ်ကြီးအနား သွားသင့်မသွားသင့်ကိုတော့ မြေးကိုယ်တိုင်သာ ဆုံးဖြတ်ရလိမ့်မည်။ထို့ကြောင့် မြေး​၏ ရွေးချယ်မှုကို သူမအနေနဲ့ ဘာမှဝင်မပြောလိုပါ။

×××

ခြံအနောက်ဘက်က ဒန်းလေးတွင် ကောင်လေးတစ်ယောက်သည် ဒန်းလေးပေါ်ကို တိတ်ဆိတ်စွာနဲ့ ငူငူကြီးထိုင်နေသည်။ကျန်ကောင်လေးကတော့ မတ်တပ်ရပ် ၊ လက်ပိုက်အနေအထားဖြင့် ဒန်းလေးပေါ်ကို ကျောမှီထားကာ မှိုင်နေသောကောင်လေးကို မြတ်နိုးစွာ စိုက်ကြည့်နေလေသည်။

"ကိုယ် Farnfossကို ပြန်ရတော့မယ်။"

အတော်အတန်ကြာမှ လက်ပိုက်ထားသော ကောင်လေးဆီက စကားတစ်ခွန်းထွက်ကျလာသည်။သို့သော် ရှားရှားပါးပါး ထွက်လာသည့် ထိုစကားလေးကလည်း နှုတ်ဆက်စကားဖြစ်နေလေသည်။

"ဪ..။"

"ဒါပဲလား။ ကိုယ့်ကို ဘာမှပြောစရာမရှိတော့ဘူးလား။"

ဒန်းစီးနေသော ကောင်လေးသည် သူ့မျက်နှာကို ကွယ်ဝှက်ချင်တာကြောင့် ခေါင်းကို အတင်းငုံ့ချလိုက်သည်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now