♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၁ ♡
"ဟဲ့ဘယ်နှစ်နာရီရှိကြပြီလဲ"
အိပ်ယာခုမှထကာ အိပ်မှုန်စုံဝါးဖြင့်မေးလာသော နိုရာအမေးကို
"၈နာရီ၁၅မိနစ်"
မှန်ရှေ့ နှုတ်ခမ်းနီကို ဆိုးရင်းမှဖြေလိုက်သူ မိုးည
"ဟာ....."
မိုးညအဖြေကြောင့် နိုရာကမန်းကတန်းဖြင့် မျက်နှာသစ်ရန်ရေခွက်အားယူ၍ ရေချိုးခန်းသို့ပြေးလေသည်
မိုးညနှုတ်ခမ်းနီဘူးအားပိတ်လိုက်ကာ
စာကျက်နေသည့် သော်ဘက်လှည့်လိုက်ကာ
"သော် မိုးညနှုတ်ခမ်းနီရဲနေလား"
သော် မိုးညအားကြည့်လိုက်၍
"ထပ်မဆိုးနဲ့တော့ ရဲတွတ်သွားလိမ့်မယ်"
"အင်း"
မိုးည ဆံပင်လေးအားဖြီးလိုက်ကာ လွယ်အိတ်ထဲကစာအုပ်အားထုတ်ယူကာ စာကြည့်နေလျက်
နိုရာ မျက်နှာသစ်ပြီးအခန်းထဲဝင်ပြေးခဲ့ကာ
ထိုင်နေသည့်မိုးညအားကြည့်၍
"မိုးည အဲ့နှုတ်ခမ်းနီ ငါ့ကိုပေးဆိုးဦး"
"ယူလေ"
"မိုးည နိုရာနင်တို့နော်ဒီနေ့ကMissသွားပြိုင်ရမှာမဟုတ်ဘူးနော် စာမေးပွဲဖြေရမှာစာပဲ ကြည့်"
သော်အပြောကို မိုးညရီမိလိုက်သည်
နိုရာက သနပ်ခါးလိမ်းနေရင်းမှ
"သော်ရာ စာမေးပွဲသွားဖြေရမှာဆိုပေမယ့် ငါတို့နဲ့တခန်းထဲကျမှာက Final yearတွေလေ ဘယ်သိပါ့မလဲ ကိုကြီးတစ်ယောက်လောက်ကောက်ချင်ကောက်ရနိုင်တယ်"
သော် လက်ထဲကစာအုပ်ဖြင့် နိုရာခေါင်းအားရိုက်လိုက်ကာ
"အဲ့စိတ်ကူးယဉ်တာတွေရပ်ပြီး အသိဝင်သင့်ပြီ ညကိုဇာတ်လမ်းတွေမကြည့်ပါနဲ့ မပြောထားဘူးလား စိတ်ကူးယဉ်လွန်ပြီးရူးနေဦးမယ်"
"စိတ်ကူးကနေ လက်တွေ့ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောလဲ😝"
တစ်ယောက်တစ်ပေါက်ပြောနေကြသည့် နိုရာနဲ့သော်အားကြည့်ကာ မိုးညရီရင်း ခေါင်းယမ်းလိုက်မိသည်
ဒီလိုတကျက်ကျက်ဖြစ်နေတာ တစ်နေ့ထဲမဟုတ်
မိုးညနာမည်အပြည့်အစုံက မိုးညအိမ်မက်ပါ
မိုးညက First semesterကျောင်းသူလေ
ဒီနေ့က မိုးညတို့စာမေးပွဲဖြေရမည့်နေ့
ဒီစာမေးပွဲကြီးပြီးရင် မိုးညတို့Second semesterကျောင်းသူဖြစ်တော့မယ်
အဆောင်က ၄ယောက်တစ်ခန်းဆိုပေမယ့် မိုးညတို့နဲ့အတူကျတဲ့သူငယ်ချင်းတစ်ယောက်က ကျောင်းလာမတက်သဖြင့် ၃ယောက်ထဲသာနေရသည်
မိုးညရဲ့ သူငယ်ချင်းနိုရာကတော့ သော်ပြောသလိုပါပဲ အရမ်းစိတ်ကူးယဉ်ဆန်တတ်သည့်ကောင်မလေး
သော်လို့ခေါ်တဲ့ ဇင်သော်ကတော့ ယောက်ျားလေးလိုသာ နေတတ်သူ
မိုးညတို့အဖွဲ့ထဲမှာ သော်ကစာအကြိုးစားဆုံး
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...