အပိုင်း ♡ ၈ ♡

1.4K 51 0
                                    

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥

အပိုင်း ♡ ၈ ♡

"ရတယ်​ မီး​လေးမ​ဖြေချင်​ရင်​ ကိုကိုသူ့ကိုပဲသွား​မေးလိုက်​မယ်​"
"ဟာ...ကိုကို"
မိုးည သူ့လက်​အားအတင်းဆွဲကာတားလိုက်​ရသည်
"မီး​လေး ဘာမှမဖြစ်​ပါဘူး ကိုကို"
ချိန်​ သူမ​လေးပါးအားအသာ​လေးကိုင်​လိုက်​၍
"ဒါ ဘာမှမဖြစ်​တာလားမီး​လေး"
"မီး​လေးတို့ မိန်းက​လေးအချင်းချင်းဖြစ်​တဲ့ကိစ္စပါ ကိုကို့ကိုဝင်​မပါ​စေချင်​ဘူး အဲ့တာထက်​ မီး​လေးကိုကို့ကို သူနဲ့လုံးဝအဆက်​အစပ်​မရှိ​စေချင်​ဘူးကိုကို"
ချိန်​ သက်​ပြင်းတစ်​ချက်​ကိုချကာ
"ဟူးးး မီး​လေးစကားကိုကိုနား​ထောင်​ပါ့မယ်​ ဒါ​ပေမယ့်​မီး​လေး​နောက်​တစ်​ခါဆို ကိုကို့ကို လာမတားနဲ့"
"ဟုတ်​ကဲ့ပါကိုကို"
ချိန်​ သူမ​လေးပါးအားကြည့်​ကာကြည့်​ကာဖြင့်
"မီး​လေး ​ရေခဲကပ်​ရ​အောင်​ ကိုကိုလုပ်​​ပေးမယ်​ မဟုတ်​ရင်​အရမ်း​ယောင်​လာလိမ့်​မယ်​"
"မီး​လေး ဒီပုံစံကြီးနဲ့ အပြင်​မသွားချင်​ပါဘူး😔"
ချိန်​ ပြုံးလိုက်​၍
သူမမျက်​နှာထက်​Maskနဲ့ဦးထုပ်​အားပြန်​တပ်​​ပေးလိုက်​ကာ
"ဘယ်​သူမှမရှိ​စေရဘူး ဟုတ်​ပြီလား"
"ဟုတ်​"

မိုးညကိုသူ​ခေါ်သွားတာ အ​ဆောက်​အဦးတစ်​ခု
"ဒါက ကိုကိုတို့​ကျောင်းပြီးရင်​ အလုပ်​လုပ်​ဖို့ငှါးထားတဲ့​နေရာ​လေ"
"Wow....​နေရာကြီးကအကျယ်​ကြီးပဲ"
"အင်း မီး​လေးခဏ​ထိုင်​​နေဦး​နော်​"
"ဟုတ်​"
ခဏကြာ​တော့သူပြန်​​ရောက်​လာသည်
လက်​ထဲတွင်​ ​ရေခဲတုံးအထုပ်​​လေးနှင့်
"မီး​လေး ဒီမှာလာထိုင်​ ကိုကို​ရေခဲအုပ်​​ပေးမယ်​"
မီး​လေး သူ့​ရှေ့မှာထိုင်​လိုက်​​တော့ သူကမိုးညပါးအားခပ်​ဖွဖွ​လေး​ရေခဲအုပ်​​ပေး​နေရင်း
"ကိုကို​တောင်းပန်​ပါတယ်​ကွာ ကိုကို့​ကြောင့်​မီး​လေးခုလိုထိခိုက်​ရတာ"
"ဟင့်​အင်း ကိုကို့အပြစ်​မဟုတ်​ပါဘူးကိုကိုရဲ့ ဒါ​ပေမယ့်​ မီး​လေးသူ့ကိုမယုံဘူး"
မိုးညနှုတ်​ခမ်း​လေးနည်းနည်းစူကာ​ပြောလိုက်​​တော့ သူကပြုံးကာ
ဘောင်းဘီအိတ်​ထဲကPhone​လေးအားထုတ်​လိုက်​ရင်း
ခဏ​နေ​တော့.
"မီး​လေးစိတ်​ချပြီမလား ကိုကိုသူ့ကိုBlockလိုက်​ပြီ"
"အွန်း မီး​လေးကကိုကို့ကိုယုံပြီးသား"
"စကား​တွေအရမ်းတတ်​​နေတယ်​​နော်​"
မိုးည ပြုံးလိုက်​ပြီး
"မီး​လေးက ကိုကို့အနားမှာ​နေတာများတာ​လေ အဲ့တာမို့ ကိုကို့အကျင့်​​တွေကူးလာတာ​နေမှာ​ပေါ့"
"ချစ်​လိုက်​တာဗျာ....."
"ကိုကို"
"ဗျ"
သူက မီး​လေးကိုမကြည့်​ပဲ ပြန်​ထူးလိုက်​သည်
ကိုကိုလို့​ခေါ်တိုင်း ​ဗျ....လို့ထူးတာ​လေးကို ​ကြွေခဲ့ရတာအကြိမ်​ကြိမ်
"မီး​လေးကို ဘယ်​ချိန်​ထိချစ်​မှာလဲဟင်​"
မီး​လေးရဲ့အ​မေး​ကြောင့်​ ချိန်​သူမနဖူး​လေးအားအနမ်း​ခြွေလိုက်​၍
"ကိုကိုမှာ အချစ်​ရှိသ​ရွေ့ နှလုံးသားရှိ​နေသ​ရွေ့ မီး​လေးကိုချစ်​​နေမှာ"
ကိုကို့စကားများအား မိုးညနားမလည်​စွာ ​ခေါင်း​လေးကိုကုတ်​လိုက်​ရင်း
"ဟီး မီး​လေးသိပ်​နားလည်​ဘူး"
"သူများ​တွေအတွက်​ အချစ်​ကို ဘယ်​လိုအဓိပ္ပါယ်​သတ်​မှတ်​ထားလဲမသိဘူး ဒါ​ပေမယ့်​ ကိုကို့အတွက်​အချစ်​ဆိုတာ မီး​လေးပဲ အဲ့တာ​ကြောင့်​ကိုကို့ဆီမှာ အချစ်​ဆိုတာရှိ​နေသ​ရွေ့ မီး​လေးကိုချစ်​မှာ"
"အမ်​....​နောက်​ကျရင်​တခြား​ကောင်​​လေး​တွေလိုအချိုး​တွေ​ပြောင်းသွားမှာလား"
"ကိုကိုက သူတို့မဟုတ်​ဘူး ​မီး​လေး​စောင့်​ကြည့်​​လေ"
"​ပြောင်းလဲရဲ​ပြောင်းလဲကြည့်​ပါလား ဟွန့်​"
"​ကြောက်​ပါတယ်​ဗျာ"
"ကိုကိုကမိုးညအပိုင်​ပဲ တံဆိပ်​နှိပ်​ထားလိုက်​ပြီ"
"ဘယ်​မှာနှိပ်​လိုက်​တာလဲဗျ"
မိုးည မျက်​​စောင်း​လေးရွယ်​ရင်း သူ့ပါး​လေးအားလှမ်းနမ်းလိုက်​၏
"နှိပ်​ပြီးပြီ​နော်​"
"ဟုတ်​ကဲ့ပါဗျာ ဒါနဲ့မီး​လေး"
"ဟင်​"
"အဖြူ​ရောင်​ကမီး​လေး​ကိုဘာ​တွေ​ပြော​သေးလဲ မီး​လေးစိတ်​ထဲမထားနဲ့​နော်​ ကိုကို့ကို​ပြော"
"​ပြောတာ​တော့များကြီးပဲ မီး​လေးမမှတ်​မိ​​တော့ဘူး"
"​နောက်​အနာဂတ်​မှာ မီး​လေးနဲ့ကိုယ့်​ကြားမှာအရာအားလုံးပွင့်​ပွင့်​လင်းလင်းထားကြမယ်​​နော်​"
"ဟုတ်​"
"ပါး​လေးနာ​နေ​သေးလား"
"ဟင့်​အင်းပါးကနာ​တော့ဘူး ဒါ​ပေမယ့်​ လက်​​တော့နာ​နေတယ်​"
မိုးည​ပြောလိုက်​​တော့ သူကမိုးညလက်​​လေးအားဆွဲယူလိုက်​ကာစိုးရိမ်​တကြီးဖြင့်
"လက်​​တွေရဲ​နေတာ ဘာလုပ်​လိုက်​တာလဲမီး​လေး အဖြူ​ရောင်​လက်​ချက်​ပဲလား"
"ဟင့်​အင်း မီး​လေးသူ့ကိုပြန်​ရိုက်​လိုက်​တာ😌"
သူမ​အေ​ဖြေ​ကြောင့်​ ချိန်​သူမ​လေးကိုမျက်​ခုံးပင့်​ကာကြည့်​လိုက်​မိသည်
"ဘယ်​လို မီး​လေး"
"သူက​တောင်​ လာရိုက်​​သေးတာကို မီး​လေးလည်းဘယ်​ခံမလဲ ပြန်​ရိုက်​ထည့်​တာ နှစ်​ချက်​​တောင်​"
"ဟာ!!!!!"
ချိန်​ တအံ့တသြ​ဆိုလိုက်​မိ​တော့
"ကိုကို့မီး​လေး​တော်​တယ်​မလားဟင်​"
"ကိုကိုကမီး​လေးကိုစိတ်​ပူ​နေတာ ဒါ​ပေမယ့်​ ကိုကိုစိတ်​ပူသင့်​တာတခြားသူ​တွေကို​ပေါ့ ကိုကို့မီး​လေးကစွာ​တေးလန်​​လေး"
ချိန်​ သူမနှာ​ခေါင်းလုံးလုံး​လေးအားအသာ​လေးဆွဲလိုက်​​တော့
"အာ့...ကိုကို​နော်​နာတယ်​"
"​တောင်းပန်​ပါတယ်​ဗျာ ကိုကိုအသည်းယားသွားလို့ပါ"
"ဟွန့်​ ကိုကို​နော်​ မအဖြူ​ရောင်​ကိုစိုးရိမ်​သွားတာမလား ​ပြော"
"ဟာ.....ကိုကိုကဘာလို့သူ့ကိုစိုးရိမ်​ရမှာလဲဗျ ကိုကိုကစကားအဖြစ်​​ပြောလိုက်​တာပါဗျ"
"ပြီးတာပါပဲ စိတ်​ပူရဲစိတ်​ပူကြည့်​ ဟွန့်​😤"
"ကိုကို့ဘဝမှာမီး​လေးကအ​ရေးကြီးဆုံး ကိုကိုယုံတယ်​ကိုကို့မီး​လေးက သူများကိုထိခိုက်​​အောင်​လုပ်​မယ့်​သူမဟုတ်​ဘူး"
"တကယ်​လို့​လေ မိုးညကအ​ကြောင်းပြချက်​မရှိပဲ တခြား​ကောင်​မ​လေးနဲ့ ရန်​ဖြစ်​ရင်​ကိုကိုဘယ်​သူ့ဘက်​ပါမှာလဲဟင်​"
"​မေး​နေစရာလို​သေးလားဗျ မီး​လေးဘက်​က​ပေါ့"
"မီး​လေးကမှားရင်​​ရော"
မိုးည ထိုသို့​မေးလိုက်​​တော့ သူကခဏစဉ်းစား​နေကာ
"ကိုကို့မီး​လေးမို့ မီး​လေးဘာလုပ်​လုပ်​အကုန်​မှန်​တယ်​"တဲ့​လေ
ချစ်​လိုက်​တာ မီး​လေးရဲ့ကိုကို
ကြာ​လေ သူမိုးညအ​ပေါ်ထားတဲ့အချစ်​​တွေပိုမြင်​ရလာ​လေ
မိုးညနှလုံးသားကလဲကိုကိုနဲ့ထပ်​တူပါပဲ
မိုးည ယုံတယ်
ကိုကို့ကို​ရွေးခဲ့မိလို့ မိုးညဘယ်​​တော့မှ​နောင်​တရမှာမဟုတ်​ဘူး

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥ Donde viven las historias. Descúbrelo ahora