အပိုင်း ♡ ၆ ♡

1.2K 50 0
                                    

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥

အပိုင်း ♡ ၆ ♡

မိုးည မျက်​နှာပူပူနဲ့ထိုင်​​နေရသည်
ခဏ​နေ​တော့ဆရာဝန်​က မိုးညတို့​ရှေ့မှာထိုင်​လိုက်​ပြီး
"ဘာမှစိတ်​ပူစရာမရှိပါဘူး ဒီရက်​ပိုင်းအတွင်းအ​အေး​တွေအစပ်​​တွေကို​ရှောင်​ပါ"
"ဟုတ်​"
မိုးညရှက်​ရှက်​နှင့်​ ​ခေါင်း​လေးငုံကာ​ဖြေလိုက်​ရသည်
သို့​ပေမယ့်​ မိုးည​ဘေးကသူက
"​ဒေါက်​တာ သူခုနက ဗိုက်​နာတာ​သေ​တော့မယ့်​အတိုင်းပဲ အဲ့ဒါကိုဘာမှစိုးရိမ်​စရာမရှိဘူးတဲ့လား ​သေချာ​ရောစစ်​​ဆေးကြည့်​ရဲ့လား"
မိုးည သူ့လက်​​မောင်း​လေးအားလှမ်းကိုင်​လိုက်​၍
"ကိုကို"
"​ဒေါက်​တာ သူ့ကို​သေချာစစ်​​ဆေး​ပေးနိုင်​မလား"
မိုးညက​တော့ မျက်​နှာအားလက်​ဖြင့်​အုပ်​​ကာပြန်​​မော့မလာ​တော့
"သူကဘာမှမဖြစ်​တာ ကျွန်​​တော်​ကဘာစစ်​​ဆေးရမှာလဲ"
"ဟာ...ခုနကသူဗိုက်​အရမ်း​အောင့်​​နေတာ​လေ"
"မိန်းက​လေး​တွေ ရာသီလာရင်​ ဗိုက်​​အောင့်​တတ်​တာ ပုံမှန်​ပဲ​လေ မင်း​အစိုးရိမ်​လွန်​​နေလို့ပါ"
"ဗျာ....."
ထိုအခါမှ ချိန်​​ဘေးကသူမ​လေးအားကြည့်​လိုက်​၍
"​တောင်းပန်​ပါတယ်​ခင်​ဗျ"
ချိန်​ ​တောင်းပန်​စကားဆိုရင်း သူမလက်​ကိုဆွဲကာ​ဆေးခန်းကအမြန်​ပြန်​ထွက်​လာရသည်

အပြင်​​ရောက်​​တော့
သူ့ရင်​ဘတ်​အားတဘုန်းဘုန်းထု၍
"ကိုကိုလုပ်​တာ ဘယ်​​လောက်​ရှက်​စရာ​ကောင်းလဲသိရဲ့လား အင့်​..ဟယ်​"
"ဟာ...မီး​လေးကကိုယ့်​မှမ​ပြောပြတာကို ဘယ်​သိပါ့မလဲဗျ"
"မီး​လေး​ပြောပြတာ​ရော ဆုံး​အောင်​နား​ထောင်​လို့လား"
ချိန်​ဂုတ်​​လေးအားလက်​ဖြင့်​ပွတ်​ကာ
"ကိုကိုက အစိုးရိမ်​လွန်​​နေတာကိုဗျ"
"ကိုကိုလုပ်​တာ အရမ်းရှက်​စရာ​ကောင်းတာပဲသိရဲ့လား"
"မီး​လေးပဲလား ကိုကိုက​ယောက်ျားကြီးတန်​မယ့်​ပိုရှက်​စရာ​ကောင်းတာမဟုတ်​ဘူးလားဗျ"
"မသိဘူး...မသိဘူး"
မိုးည မျက်​နှာ​လေးအားလက်​ဖြင့်​အုပ်​ထားတာ​ကြောင့်
ချိန်​ရီချင်​လာကာ
"အဟွန့်​....."
သူ့ရီသံကြား​တော့ ​မော့ကြည့်​လာကာမျက်​​စောင်း​လေးထိုး၍
"ဘာရီတာလဲ😒"
"မီး​လေးရှက်​​နေတာ ချစ်​ဖို့​ကောင်းလို့"
"ချစ်​နဲ့"
မိုးညအဲ့လို​ပြောလိုက်​​တော့ မချိုမချဉ်​ရုပ်​ကြီးနှင့်
"တကယ်​ကြီးမချစ်​ရဘူးလား"
သူ ​ပြောလိုက်​​တော့လဲ မိုးညကစိတ်​ဆိုးကာ.​အောက်​နှုတ်​ခမ်း​လေးအားဖိကိုက်​၍
"တကယ်​ကြီးလား မီး​လေး"
"........"
"မီး​လေးလို့ ကိုကိုကမီး​လေးကိုမချစ်​ရဘူးလား"
"ချစ်​​ပေး"
တိုးညှင်းစွာ​ပြောလိုက်​သည့်​ သူမအ​ဖြေ​လေးကိုသ​ဘောကျစွာ သူမ​ခေါင်း​လေးအားဖွလိုက်​ပြီး
"မီး​လေး ဘာမှမစားရ​သေးဘူးမလား"
"အင်း"
"ခုဗိုက်​မနာ​တော့ဘူးမလား"
"နည်းနည်း​လေးနာ​သေး​တယ်​"
"မီး​လေး ​ကျောင်းချိန်​ကည​နေပိုင်းမှ​နော်​ မီး​လေးဘာစားချင်​လဲ"
"မီး​လေးစားချင်​​တာက.....ဟို!!!!!!"
မိုးညစကားမဆုံးခင်​မှာပဲ
"အစပ်​​တွေ အ​အေး​တွေမရဘူး"
"ဟာ...ကိုကိုကလဲ"
"ကိုကို​ပြောမယ်​​နော်​ မီး​လေးမ​နေ့ကအ​အေး​တွေအရမ်း​သောက်​လိုက်​တယ်​မလား ပြီး​တော့အသုပ်​​တွေကိုအရမ်းအစပ်​ကြီး​စားလိုက်​တယ်​​လေ"
မိုးည နှုတ်​ခမ်း​လေးနည်းနည်းစူကာ
"ဟုတ်​"
"အဲ့တာမို့ဗိုက်​​အောင့်တာ​ပေါ့မီး​လေးရဲ့"
"..........."
"မီး​လေးအဲ့တာမပြီးမချင်း အ​အေးမစားရဘူး အစပ်​မစားရဘူး ကြားလား"
မိုးည နား​လေးအားလက်​ဖြင့်​ပိတ်​လိုက်​၍.
"ဟင့်​အင်း ကြားဘူး"
"မီး​လေး"
ချိန်​​ခေါ်​နေ​သော်​လည်းမကြားချင်​​ယောင်​​ဆောင်​​နေသည့်​ မိုးညအား အသည်းယားစွာဖြင့်​ သူမပါး​လေးအား ဖျတ်​ခနဲနမ်းလိုက်​သည်
"ဟာ......"
"ကြားပြီလား"
ချိန်​ မျက်​ခုံး​လေးပင့်​ကာ​ပြောလိုက်​၏
"ကိုကို ညစ်​ပတ်​တာ"
"ကိုကိုက.မီး​လေးကြား​အောင်​ကူညီ​ပေးလိုက်​ရုံပါ"
မိုးည သူ့အားအမြင်​ကတ်​ကတ်​နှင့်​ ရိုက်​ဖို့ပြင်​လိုက်​​တော့
သူကမိုးညလက်​အားဆွဲဖမ်းလိုက်​ကာ ရင်​ခွင်​ထဲဆွဲသွင်းလိုက်​သည်
"အင့်​"
သူက မိုးညခါးအားတင်းကြပ်​စွာဖက်​လိုက်​​သော​ကြောင့်
မိုးည​နေရခက်​စွာ​ဘေးဘီကိုကြည့်​လိုက်​၍
"ကိုကို...."
"ဗျာ"
"မီး​လေးဗိုက်​ဆာပြီ"
"အဟွန့်​ ဟုတ်​ပါပြီဗျာ"
သူက မိုးညအားလွတ်​လိုက်၍
"ဒီအနားမှာ Oceanတစ်​ခုရှိတယ်​ သွားချင်​လား"
မိုးည ကိုယ့်​ကိုကိုယ်​ငုံကြည့်​ကာ
"ဒီပုံစံနဲ့လား"
သူမ​ပြောမှ ချိန်​သူမအား​သေချာကြည့်​မိသည်
ခုနက စိုးရိမ်​စိတ်​​ကြောင့်​ သတိမထားမိ
သူမဝတ်​ထားတာ ညအိပ်​ကာတွန်း​ဝမ်းဆက်​​လေး
ပြီး​တော့​ဘောင်းဘီက​ပေါင်​လည်​​လောက်​သာရှိသည်
"တကယ်​အဆင်​မ​ပြေဘူး​နော်​"
"အင်း​ပေါ့ ကိုကို​ကြောင့်​​လေ"
"အင်္ကျီအရင်​သွားဝယ်​မယ်​​လေ"
"ဟင်​....မိုးညမှာပိုက်​ဆံမပါဘူး"
"ကိုယ့်​မှာပါတယ်​"

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥ Where stories live. Discover now