"ကိုကို"
ချိန် အလုပ်လုပ်နေရင်းမှ မီးလေးခေါ်သံကြောင့် မော့ကြည့်မိလိုက်သည်
"ဗျာ...."
မိုးည ခေါင်းလျှော်ပြီးကာစ ဖြန့်ချထားသည့်ဆံပင်ရှည်တွေအားသပ်ကာ
"မီးလေးလေ ဆံပင်ကောက်မလားလို့"
"မီးလေးသဘောလေဗျ"
ချိန်ပြန်ဖြေပြီး အလုပ်ဆက်လုပ်နေလိုက်သည်
"ဒါပေမယ့် မီးလေးကကောက်ပြီးရင် အဖြောင့်ပဲလိုချင်တာ"
"အဲ့တာဆို မကောက်နဲ့ပေါ့ဗျ"
မိုးညနှုတ်ခမ်းလေးစူလိုက်ပြီး
"ခုကျ ဆံပင်ကောက်ချင်တယ်"
"ဟော...မီးလေးကောက်ချင်ကောက်လေဗျ"
မိုးည ကိုကိုအားမကျေမနပ်လေးကြည့်ကာ သူ့ပေါင်ပေါ်ဝင်ထိုင်လိုက်သည်
ချိန် ရီကာသူမခါးအေားဖက်လိုက်ပြီး
"ပြော...ဘာမကျေမနပ်ဖြစ်နေတာလဲ ကလေးဆိုးလေး"
"ကိုကိုလေ နေ့တိုင်းအလုပ်ပြန်ရောက်လည်းအလုပ် မီးလေးကိုအချိန်မပေးဘူး နေ့တိုင်းပစ်ထားတယ်😤"
"မီးလေးကလဲဗျာ ကိုကိုကမီးလေးသုံးဖို့ပိုက်ဆံတွေများကြီးရအောင်လုပ်နေတာလေ"
"ဟွန့် လိုချင်ဘူး မီးလေးကကိုကို့အချိန်တွေကိုပဲလိုချင်တာ မီးလေးကိုပဲ ဂရုစိုက်စေချင်တာ"
"ကိုကိုက ခုရောဂရုမစိုက်လို့လားဗျ"
ချိန်မီးလေးပါးလေးအား ရွတ်ခနဲမြည်အောင်နမ်းလိုက်ပြီးပြောလိုက်သည်
"စိုက်ပါဘူး မီးလေးကိုပြီးစလွယ်ဖြေနေတာ သိသားပဲ"
"မဟုတ်ရပါဘူးဗျာ မီးလေးတကယ်လုပ်ချင်ရင်ကိုကိုတားလဲ ရမှမရတာဗျ"
"ဒါပေမယ့် ကိုကိုကဥပက္ခာပြုနေတဲ့ဟာ"
ချိန် အသံပင်ထွက်အောင်ရီမိရင်း
"ဟုတ်ပါပြီဗျာ....ကိုကိုမကောင်းတာပါ ဟုတ်ပြီလား"
"အွန်း ကိုကိုပြောကြည့် မီးလေးဆံပင်အကောက်နဲ့ပိုလိုက်လား အဖြောင့်နဲ့ပိုလိုက်လား"
ချိန် သူမအား သေချာကြည့်လိုက်ပြီး
"ကိုကိုမပြောတတ်ဘူး မီးလေးကိုဆံပင်အဖြောင့်နဲ့ပဲ မြင်ဖူးတာလေ"
"ဟိုတစ်ခါ ခဏလေးစက်နဲ့ကောက်သေးတယ်လေ"
"အဲ့တုန်းက ကိုကိုစိတ်ဆိုးနေတာလေဗျ ဒါပေမယ့် ဆံပင်အဖြောင့်လေးနဲ့ပဲ ပိုလိုက်မယ်ထင်ပါတယ်"
"ဟွန်း.....မီးလေးကကောက်ချင်တာကို"
"အာ့ဆိုလဲ မီးလေးသဘောလေဗျ"
ချိန်ထိုသို့ဖြေလိုက်တော့လည်း အလိုမကျဟန်ဖြင့်
"မီးလေး ဆံပင်အကောက်နဲ့မလိုက်ရင်ရော"
"အာ့ဆို မကောက်နဲ့လေဗျ"
"ကိုကိုရ ခုခေတ်ကသူများတွေကောက်နေကြတာ အရမ်းလှတာ"
ချိန် ခေါင်းကိုကုတ်ကာ
"အာ့ဆို မီးလေးကောက်ချင်ကောက်လေ"
"ကောက်ပြီးမှ ဆံပင်ဖြောင့်ချင်ရင့်ရော"
"ပြန်ဖြောင့်ပေါ့ဗျ"
မိုးည ဆံပင်အားကိုင်လိုက်ကာ
"အဲ့ကျ ဆံပင်တွေပျက်ကုန်မှာပေါ့"
"မီးလေးအဲ့တာဆို ဖြောင့်စက်နဲ့ကောက်စက်ဝယ်လေဗျ မီးလေးဖြောင့်ချင်ဖြောင့် ကောက်ချင်တဲ့အချိန် ကောက်လို့ရတယ်လေဗျ"
"အာ့ကျ ဆံပင်တွေပျက်မှာ"
ချိန် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
"ပြော.အာ့ဆိုမီးလေးကဘာလုပ်ချင်လဲ"
"မီးလေး......ကောက်ချင်တယ်"
ချိန် သူမအားကြည့်လိုက်ပြီး
"မီးလေးကို ကိုယ့်ကိုတမင်သက်သက်ရစ်နေတာလား"
"ဟွင့် ရစ်စရာလား မီးလေးတကယ်ပြောနေတာကို"
"မီးလေး ကိုကို့ကိုကောက်တာအားမရလို့ အလကားနေဆံပင်ကိုပါ ကောက်ချင်နေတာလား"
"ကိုကိုကလဲ မဟုတ်ပါဘူး"
ချိန် ပေါင်ပေါ်ကသူမလေးအားပွေ့ချီလိုက်၏
"ဟင်😳"
"မရဘူးမီးလေး"
"ဘာကိုလဲဟင်"
"မီးလေးကိုကတုံးတုံးပေးမလို့"
"ဟမ်"
ချိန်လက်ထဲကမီးလေးပြူးတူးပြဲတဲလေးဖြင့်
"ဟင့်အင်း ကိုကိုနော်မီးလေးမတုံးချင်ဘူး ကိုကိုလို့...."
ချိန်လက်ပေါ်တွင် ရုန်းနေလျက်
"ကိုကိုလို့😭"
ချိန် ရင်ခွင်ထဲကသူမလေးအားငုံ့ကြည့်လိုက်ပြီး
"ကိုကိုကအတ္တကြီးတယ်မီးလေး မီးလေးကိုကို့အပေါ်မှာပဲ ကောက်ခွင့်ရှိတယ် မီးလေးကခုဆံပင်တွေပါကောက်ချင်နေပြီ အဲ့တော့အဲ့ဆံပင်တွေမရှိမှပဲအေးမှာ"
"အီး ....မီးလေးဆံပင်မကောက်တော့ပါဘူး"
"မရတော့ဘူးမီးလေး နောက်ကျသွားပြီ မီးလေးကိုကိုကလွဲပြီးကောက်ချင်နေတဲ့အဲ့ဆံပင်တွေ ကိုကိုမကျေနပ်တော့ဘူး😎 ကိုကို့အပေါ်မှာပဲဆိုးခွင့်ကောက်ခွင့်ရှိတယ်"
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...