♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၁၀ ♡
"ကိုကို....မီးလေးလှလား"
"........."
"ဟင်😳😳"
မိုးည မြင်လိုက်ရသည်မှာကိုကိုမဟုတ်သောကြောင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားလျက်
"ဟာ...."
မိုးည Phအားပိတ်လိုက်ပြီး ဆောက်တည်ရာမရဖြစ်နေလျက်
မိုးညအစက မျက်နှာမှာမိတ်ကပ်တွေလိမ်းပြီးကိုကို့ကိုပြဖို့ပင် ခုတော့.........😢ချိန် သစ်သီးပန်းကန်လေးဖြင့် ဧည့်ခန်းလာသော်
မာမီက
"သား Video callခေါ်လို့မေမေတို့ကိုင်လိုက်တယ် သားကောင်မလေးထင်တယ်"
"သြော် မီးလေးထင်တယ်"
ချိန် နေရာမှာပြန်ထိုင်လိုက်ကာ Phကိုယူကြည့်လိုက်တော့ Screenတစ်ခုလုံးမှောင်မဲနေလျက်
"ဟဲလို မီးလေး"
မိုးည သူ့အသံကြားမှCameraပြန်ဖွင့်လိုက်သော်
"အဟွန့် မီးလေးမိတ်ကပ်တွေလိမ်းထားတာ တစ်နေရာရာသွားစရာရှိလို့လားဗျ"
မိုးည မျက်နှာပူပူဖြင့်
"အာ့ ကိုကို့ကိုပြမလို့ပဲလေ ခုနကဘာလုပ်နေတာလဲ ဘာလို့တခြားတစ်ယောက်ကိုကို့Phကိုင်တာလဲ"
"ကိုကိုက မီးဖိုခန်းထသွားတုန်းမီးလေးခေါ်တာကိုဗျ"
ချိန် သူမလေးအားရှင်းပြရင်းအနားကမာမီနဲ့ဒယ်ဒီကိုကြည့်လိုက်တော့ ပြုံးစိစိဖြင့်
"ခုနက ကိုကို့Phကိုင်တာဘယ်သူလဲ"
"ကိုကို့မာမီလေ"
"ဟင့် ရှက်စရာကြီး"
"ဘာရှက်စရာရှိလဲမီးလေးရဲ့ဒီလောက်လှပနေတာကို"
"ဟာ...ကိုကိုနော် မီးလေးကပျင်းလို့လျှောက်ပြင်ကြည့်ထားတာလေ ဘယ်လိုလဲမီးလေးလှလား"
"အဟွန့် မီးလေးအဲ့တာကလေ...."
ချိန် မာမီနဲ့ဒယ်ဒီရှိတယ်ဟုပြောမလို့ကို
"ကိုကိုလို့ မီးလေးလှလားလို့"
"မီးလေးကိုကိုပြောဦးမယ် ခဏ"
ချိန်ပြောတာ ဆုံးအောင်နားမထောင်ပါပဲ
"အင်းပါ "
ဝမ်းနည်းပက်လက်မျက်နှာလေးဖြင့် လက်တစ်ဖက်ဖြင့်မေးလေးထောက်၍
"ကိုကိုတောင် မီးလေးအပေါ်ကိုပြောင်းလဲသွားပြီကို.....အရင်လိုချစ်စကားတွေလဲမဆိုတော့ဘူး
အသစ်တွေ့သွားပြီပေါ့လေ
ကိုကို့အတွက်မီးလေးဆိုတာအရေးမပါတော့ဘူးပေါ့
မီးလေးအရမ်းခံစားရတာပဲ😪"
တစ်ခါတစ်လေ အဲ့လိုမျိုးDramaကလဲခင်းတတ်သေးတယ်
ချိန် အသံထွက်အောင်ပင်ရီမိရင်း မာမီနဲ့ဒယ်ဒီဘက်Ph cameraကိုလှည့်လိုက်တော့
"အာ......"
မိုးည တစ်ရှက်ကနှစ်ရှက် မျက်နှာကိုအုပ်လိုက်မိ၏
ချိန်မာမီက မိုးညအားကြည့်ကါပြုံးပြရင်း
မိုးည မနှုတ်ဆက်လျှင်မကောင်းတတ်သောကြောင့်
ရှေ့မျက်နှာနောက်ထား၍
"မင်္ဂလာပါ အန်တီ မင်္ဂလာပါအန်ကယ်"
"မင်္ဂလာပါကွယ်"
ချိန် Phအားပြန်လှည့်လိုက်ပြီး
"မာမီ ဒယ်ဒီ သားအပေါ်ကိုသွားနားတော့မယ်"
"အေးအေး"
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...