အပိုင်း ♡ ၁၂ ♡

1.1K 41 0
                                    

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥

အပိုင်း ♡ ၁၂ ♡

မိုးည မှန်​​ရှေ့တွင်​ဖြီးလိမ်းပြင်​ဆင်​​နေခဲ့ရင်း
ခဏ​နေ​တော့
📩📩📩
✉ကိုယ်​​ရောက်​​နေပြီမီး​လေး✉
သူ့ထံမှစာ​လေးဖတ်​ကာ မိုးညပြုံးလိုက်​ပြီး ​ခေါင်း​လေးတစ်​ချက်​ဖြီးကာ အပြင်​သို့ထွက်​လာခဲ့သည်
အ​ဆောင်​​ရဲ့လမ်းတစ်​ဖက်​တွင်​ ကားကိုမှီကာ ရပ်​​နေ​သောသူ
မိုးည ဘယ်​ညာကြည့်​ကာ သူ့ထံသို့​ပြေး၍ သူ့ရင်​ခွင်​ထဲဝင်​​ပြေးလိုက်​​၏
သူက မိုးညကိုယ်​​လေးအားအလိုက်​သင့်​​ပွေ့ဖက်​ရင်း
"အရမ်းလွမ်း​နေတာ ကိုကို့ကို​ရော ဒီရင်​ခွင်​ကျယ်​ကြီး​ရော"
မိုးည စကားများအားသ​ဘောကျကာပြုံးလိုက်​ပြီး
"အချွဲ​လေး"
"အမှန်​ကို​ပြောတဲ့ဟာ ကိုကိုကမီး​လေးကိုပစ်​ထားတာကို"
"ကိုကိုမ​ကောင်းတာပါကွာ ​ပြော မီး​လေးဘယ်​သွားချင်​လဲ"
မိုးည သူ့ရင်​ခွင်​ကျယ်​ကြီးထဲက​နေ ​မော့ကြည့်​လိုက်​၍
"ကိုကို့​ဘေးနားမှာ​နေရရင်​ပြီး​ရော"
"ဟာ....ဒီမီး​လေးက​တော့ အသည်းယား​အောင်​လာလာလုပ်​တယ်​"
"ချစ်​တယ်​"

မိုးည နဲ့သူစား​သောက်​ဆိုင်​တစ်​ဆိုင်​သို့လာခဲ့ကြသည်
မိုးည အစားအ​သောက်​များအားငုံကာစား​နေစဉ်
မချည်​ထား​သော​ကြောင့်​ ကျ​နေ​သောဆံပင်​များအား သူကအ​နောက်​တွင်​ခပ်​ဖွဖွ​လေးစုကိုင်​ထား​ပေးသည်
"ကိုကိုလဲစား​လေ"
"မီး​လေးဗိုက်​ပြည့်​ရင်​ ကိုကိုငတ်​သလိုပါပဲ"
"ကိုကို​နော်​"
သူနဲ့အတူရှိ​တော့လည်း မိုးညအရာရာအားလုံး​မေ့သွားရပြန်​သည်
သူနဲ့အတူရှိ​နေရရင်​ မိုးညအ​ပျော်​ဆုံးပဲ
"မီး​လေး မ​တွေ့တဲ့ရက်​နည်းနည်း​လေးမှာ နည်းနည်း​ချောင်​သွားတယ်​ စားမ​ကောင်းတာလား အိပ်​​ရေးမဝတာလားမီး​လေး"
သူ့စကား​ကြောင့်​ မိုးညကိုယ့်​မျက်​နှာကို ​ယောင်​ယမ်းကာ ကိုင်​ကြည့်​မိလိုက်​သည်
"ကြည့်​ အရမ်ပိန်​သွားတာပဲ"
မိုးညသူ့အားပြုံးပြလိုက်​ကာ
"ပိန်​မှာ​ပေါ့ကိုကိုရဲ့ မီး​လေးကကိုကို့ကိုလွမ်းလို့ဟာ"
"အာ့ဆို ကိုကို့​ကြောင့်​ပိန်​တာ​ပေါ့"
"အင်း​ပေါ့ ကိုကိုကမီး​လေးကိုဂရုစိုက်​ဘူးဟာ"
"အချွဲမ​လေး"
"ကိုကိုဒီ​နေ့အလုပ်​မရှိဘူးလား"
"မီး​လေးအတွက်​ကိုကိုအချိန်​​ပေးနိုင်​ပါတယ်​ဗျာ"
"ဒါ​ပေမယ့်​...."
သူကမိုးညလက်​​လေးအားဆုပ်​ကိုင်​လိုက်​ကာ
"ကိုကိုနဲ့အတူတူရှိ​နေတဲ့ချိန်​အရာအားလုံး​မေ့ထားရ​အောင်​ ကိုကို့အ​ကြောင်းပဲ​တွေး​ပေးဟုတ်​ပြီလား"
"ဟုတ်​ကဲ့ကိုကို"
"မီး​လေးခဏ​နေခဲ့ဦး​နော်​ ကိုကို Toilet သွားဦးမယ်​"
"ဟုတ်​ကဲ့"
သူထွက်​သွားပြီးမကြာ
📲Ring....Ring📲
သူ့Phoneမြည်​​နေသဖြင့်​ မိုးညယူကာကြည့်​လိုက်​​တော့
Whiteတဲ့
အဆက်​မပြတ်​​ခေါ်​နေ​သော​ကြောင့်​ မိုးညမဝံ့မရဲ​​လေးphoneကိုင်​မိလိုက်​သည်
"ဟဲလို"
"ဟဲလို ကိုချိန်​လား"
တစ်​ဖက်​က မအဖြူ​ရောင်​အသံ
"ဟို...ကိုကိုက!!!!!"
မိုးည​ပြောမလို့ကြံခါရှိ​သေး
"ဒီမှာ မိုးညအိမ်​မက်​ ကိုချိန်​ကနင့်​ရည်းစားဆို​ပေမယ့်​ ဒီ​လောက်​မအားဖြစ်​​နေတာ​တောင်​​အေး​အေး​ဆေး​ဆေးချိန်း​တွေ့နိုင်​​သေးတာ​ပေါ့"
"ဘယ်​လို!!!!!"
"သူ့ကိုPhone​ပေး​ပေးပါ မိုးညအိမ်​မက်​ တို့မှာအ​ရေးတကြီး​ပြောစရာရှိတယ်​"
"သူမရှိဘူး"
"ငါတစ်​ခု​တော့သတိ​ပေးလိုက်​မယ်​ မင်းစိတ်​ကိုဦးစား​ပေးမ​နေပါနဲ့ သူသာဒီအလုပ်​မ​အောင်​မြင်​ခဲ့ရင်​ဆုံးရှုံးရမှာအများကြီးပဲ အဲ့တာမင်းသိဖို့ငါ​ပြောပြတာ"
ပြောချင်​တာ​ပြောပြီးPhချသွား၏
ဒါ​ပေမယ့်​ သူ့စကား​တွေကမိုးညအရှိုက်​တည့်​တည့်​ထိရှသည်
သူ​ပြောတာမှမမှားတာ
မိုးည​ကြောင့်​ သူအလုပ်​ပိုရတာပဲရှိတာ
မိုးည ဝဲတက်​လာ​သောမျက်​ရည်​များအားမျက်​​တောင်​ရှည်​ဖြင့်​ ပုတ်​ခပ်​ပုတ်​ခပ်​လုပ်​လျက်
"Sorryမီး​လေးကိုကိုကြာသွားတယ်​"
"ကိုကို"
"ဗျာ...."
"ခုနက မအဖြူ​ရောင်​Phoneဆက်​တယ်​ ကြည့်​ရတာအ​ရေးကြီးကိစ္စတစ်​ခုခုရှိပုံပဲ"
"ဟုတ်​လား"
"မီး​လေးတို့ပြန်​ရ​အောင်​နော်​ ကိုကိုလဲကုမ္ပဏီပြန်​ရဦးမယ်​မလား"
"ရတယ်​မီး​လေးရဲ့ ကိုကိုက....."
"မီး​လေးနားချင်​လို့ပါ"
"​နေမ​ကောင်းဘူးလားမီး​လေး"
သူကစိုးရိမ်​တကြီးဖြင့်​ မိုးညနဖူးအားလာစမ်း၍
"ဟင့်​အင်းကိုကို မီး​လေးပြန်​ချင်​လို့ပါ"
"အင်း ကိုကိုလိုက်​ပို့မယ်​​လေ"
"ဟုတ်​"

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥ Where stories live. Discover now