♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၃ ♡
ဒီနေ့က စနေနေ့
ကျောင်းပိတ်ရက်ဖြစ်သဖြင့် သူပြောသည့်ဆိုင်ကိုသွားရန် သော်နဲ့ မိုးညအပြင်မှာထွက်ရပ်စောင့်နေခဲ့သည်
နိုရာကတော့ တခြားသူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်မည်ဟုဆိုကာ.မလိုက်ခဲ့ခြင်း
မိုးည သူလာမည့်လမ်းဘက်ငေးကာ
ထူးဆန်းသည်က မိုးည ကြောက်စိတ်သိပ်မရှိ
တကယ်ဆိုသူက မိုးညနဲ့ အရမ်းရင်းနှီးသည့်လူတော့မဟုတ်
ခဏလောက်နေတော့ မိုးညတို့ရှေ့ဆိုင်ကယ်ထိုးနှစ်စီးထိုးရပ်လာသည်
သူက အဖြူရောင်Clickဘီးလေးနှင့် သူ့သူငယ်ချင်းဖြစ်ဟန်တူသည့်တစ်ယောက်က ရိုးရိုးဆိုင်ကယ်ဖြင့်
"စောင့်ရတာကြာသွားလား ချာတိတ် ကိုယ်ဆိုင်ကယ်ငှါးနေလို့လေ"
"ရပါတယ်"
သူက ဆိုင်ကယ်ပေါ်ကဆင်းကာ
"ချာတိတ်Clickဘီးစီးတတ်လား"
"ဟင်"
မိုးညနဲ့ သော်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်
သော်က ဆိုင်ကယ်မစီးတတ်
မိုးညကစီးတတ်ပေမယ့်လည်း လမ်းသိပ်မကျွမ့်း"ဟိုလေ မိုးညကလမ်းသိပ်မကျွမ်းဘူး"
"ရတယ်လေ ကိုယ်တို့ဆိုင်ကယ်နောက်ကစီးခဲ့ပေါ့"
မိုးညပြောရခက်စွာဖြစ်နေတော့
"ကိုယ်က မင်းတို့အနေခက်နေမှာမို့လေ အာ့မို့တစ်စီးသပ်သပ်စီးခိုင်းတာ"
"မိုးည မစီးရဲဘူး"
မိုးညထိုသို့ပြောလိုက်တော့ စဉ်းစားရခက်သွားဟန်ဖြင့် သူနဖူးပေါ်ကဆံပင်တွေကိုသပ်ကာတင်လိုက်သည်
"အကိုနဲ့ သူကတစ်စီးစီးလိုက်လေ ကျွန်တော်က သူနဲ့တစ်စီးစီးလိုက်မယ်"
ပြည့်ဖြိုးက ဝင်ကာပြောလိုက်တော့ သူကမိုးညအား အားနာသည့်ပုံဖြင့်ကြည့်ကာ
"အဲ့လိုဆိုအဆင်ပြေလား"
မိုးည နည်းနည်းအနေခက်ပေမယ့်လည်း ထိုကဲ့သို့ကသာ အဆင်ပြေဆုံးမို့
"အင်းအဲ့လိုပဲစီးလိုက်ရအောင်လေ"
မိုးညပြောလိုက်တော့ သော်ကလည်းခေါင်းညိမ်းထောက်ခံရင်း
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...