အပိုင်း ♡ ၁ ♡

4.3K 103 1
                                    

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥

အပိုင်း ♡ ၁ ♡

"ဟဲ့ဘယ်​နှစ်​နာရီရှိကြပြီလဲ"
အိပ်​ယာခုမှထကာ အိပ်​မှုန်​စုံဝါး​ဖြင့်​​မေးလာ​သော နိုရာအ​မေးကို
"၈နာရီ၁၅မိနစ်​"
မှန်​​ရှေ့ နှုတ်​ခမ်းနီကို ဆိုးရင်းမှ​ဖြေလိုက်​သူ မိုးည
"ဟာ....."
မိုးညအ​ဖြေ​ကြောင့်​ နိုရာကမန်းကတန်းဖြင့်​ မျက်​နှာသစ်ရန်​​ရေခွက်​အားယူ၍ ​ရေချိုးခန်းသို့​ပြေး​လေသည်
မိုးညနှုတ်​ခမ်းနီဘူးအားပိတ်​လိုက်​ကာ
စာကျက်​​နေသည့်​ ​သော်​ဘက်​လှည့်​လိုက်​ကာ
"​သော်​ မိုးညနှုတ်​ခမ်းနီရဲ​နေလား"
သော်​ မိုးညအားကြည့်​လိုက်​၍
"ထပ်​မဆိုးနဲ့​တော့ ရဲတွတ်​သွားလိမ့်​မယ်​"
"အင်း"
မိုးည ဆံပင်​​လေးအားဖြီးလိုက်​ကာ လွယ်​အိတ်​ထဲကစာအုပ်​အားထုတ်​ယူကာ စာကြည့်​​နေလျက်
နိုရာ မျက်​နှာသစ်​ပြီးအခန်းထဲဝင်​​ပြေးခဲ့ကာ
ထိုင်​​နေသည့်​မိုးညအားကြည့်​၍
"မိုးည အဲ့နှုတ်​ခမ်းနီ ငါ့ကို​ပေးဆိုးဦး"
"ယူ​လေ"
"မိုးည နိုရာနင်တို့​​နော်​​ဒီ​နေ့ကMissသွားပြိုင်​ရမှာမဟုတ်​ဘူး​နော်​ စာ​မေးပွဲ​ဖြေရမှာစာပဲ ကြည့်​"
သော်​အ​ပြောကို မိုးညရီမိလိုက်​သည်
နိုရာက သနပ်​ခါးလိမ်း​နေရင်းမှ
"​သော်​ရာ စာ​မေးပွဲသွား​ဖြေရမှာဆို​ပေမယ့်​ ငါတို့နဲ့တခန်းထဲကျမှာက Final year​တွေ​လေ ဘယ်​သိပါ့မလဲ ကိုကြီးတစ်​​ယောက်​​လောက်​​ကောက်​ချင်​​ကောက်​ရနိုင်​တယ်​"
သော်​ လက်​ထဲကစာအုပ်​ဖြင့်​ နိုရာ​ခေါင်းအားရိုက်​လိုက်​ကာ
"အဲ့စိတ်​ကူးယဉ်​တာ​တွေရပ်​ပြီး အသိဝင်​သင့်​ပြီ ညကိုဇာတ်​လမ်း​တွေမကြည့်​ပါနဲ့ မ​ပြောထားဘူးလား စိတ်​ကူးယဉ်​လွန်​ပြီးရူး​နေဦးမယ်​"
"စိတ်​ကူးက​နေ လက်​​တွေ့ဖြစ်​မလာနိုင်​ဘူးလို့ ဘယ်​သူ​ပြောလဲ😝"
တစ်​​ယောက်​တစ်​​ပေါက်​​ပြော​နေကြသည့်​ နိုရာနဲ့​သော်အားကြည့်​ကာ မိုးညရီရင်း ​ခေါင်းယမ်းလိုက်​မိသည်
ဒီလိုတကျက်​ကျက်​ဖြစ်​​နေတာ တစ်​​နေ့ထဲမဟုတ်
မိုးညနာမည်​အပြည့်​အစုံက မိုးညအိမ်​မက်​ပါ
မိုးညက First semester​ကျောင်းသူ​လေ
ဒီ​နေ့က မိုးညတို့စာ​မေးပွဲ​ဖြေရမည့်​​နေ့
ဒီစာ​မေးပွဲကြီးပြီးရင်​ မိုးညတို့Second semester​ကျောင်းသူဖြစ်​​တော့မယ်
အ​ဆောင်​က ၄​ယောက်​တစ်​ခန်းဆို​ပေမယ့်​ မိုးညတို့နဲ့အတူကျတဲ့သူငယ်​ချင်းတစ်​​ယောက်​က ​ကျောင်းလာမတက်​သဖြင့်​ ၃​ယောက်​ထဲသာ​နေရသည်
မိုးညရဲ့ သူငယ်​ချင်းနိုရာက​တော့ ​သော်​​ပြောသလိုပါပဲ အရမ်းစိတ်​ကူးယဉ်​ဆန်​တတ်​သည့်​​ကောင်​မ​လေး
သော်​လို့​ခေါ်တဲ့ ဇင်​​သော်​က​တော့ ​ယောက်ျား​လေးလိုသာ ​နေတတ်​သူ
မိုးညတို့အဖွဲ့ထဲမှာ ​သော်​ကစာအကြိုးစားဆုံး

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥ Tempat cerita menjadi hidup. Temukan sekarang