♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၁၃ ♡
မိုးည မနက်အဆောင်ဖွင့်ဖွင့်ချင်း သူရှိရာဆေးခန်းသို့အပြေးသွားမိသည်
မိုးည ဆေးရုံရောက်တော့ သူ့မိဘတွေနဲ့ သူ့သူငယ်ချင်းတွေကြိုရောက်နေနှင့်ပြီ
မိုးည ငိုနေရင်းမှ တုန်ယင်လှသောအသံလေးဖြင့်
"သူ...သူရော"
မိုးညမေးလိုက်တော့ ချိန်အမေက ငိုနေရင်းမှ
"ခုထိခွဲခန်းထဲမှာ ဟင့် သားလေးရယ်"
မိုးည ခွဲခန်းအနားသို့တစ်လှမ်းခြင်းတိုးကပ်သွားမိသည်
"တောင်းပန်ပါတယ် ကျွန်တော်တို့အမှားပါ"
စိုးရန်တို့က ခေါင်းလေးငုံ့ကာဆိုလိုက်၏
"တကယ်ဆိုကျွန်တော်တို့ခွင့်မပြုခဲ့သင့်ဘူး ဒီလောက်မိုးတွေရွာပြီး အရမ်းနောက်ကျနေတာကို ပြီးတော့ခရီးဝေးကြီးလေ"
"အကိုချိန်က အလုပ်ပြီးပြီးခြင်း အပြေးပြန်ခဲ့တာ ဒီရက်ပိုင်းတွေ အကိုချိန် မရီးကိုအချိန်မပေးမိလို့တဲ့ မနက်ဖြန်တော့အတူရှိပေးချင်တယ်တဲ့လေ"
"အဟင့်ကိုကို ဘာမှမဖြစ်ရဘူး"
"ချိန်က မင်းကိုသိပ်ချစ်တာ မင်းကြောင့် အဖြူရောင်တို့ကုမ္ပဏီနဲ့လက်တွဲဖြုတ်ပစ်ခဲ့တယ် အဲ့အတွက်ကုမ္ပဏီဘက်ကနစ်နာသွားတယ် ဒါပေမယ့် သူအားမလျှော့ခဲ့ဘူး ဘယ်သူ့အကူအညီမှမပါပဲ အောင်မြင်အောင်နေ့မနားညမနားကြိုးစားခဲ့တယ်လေ မင်းဆီကိုမဆက်သွယ်လို့ မင်းတခြားတွေးမိမှာမှန်တယ် ဒါပေမယ့် ဒီရက်တွေအတောအတွင်း အိပ်ချိန်မရှိလောက်အောင်လုံးပန်းနေခဲ့ရတာ"
သူ့ သူငယ်ချင်းတွေစကားတွေက မိုးညရင်ထဲမြှားအစင်းစင်းဖြင့် ပစ်ခတ်လိုက်သည့်နှယ်
"အဟင့်မိုးညမှားပါပြီကိုကို"
"သူ မင်းစိတ်ဆိုးသွားတဲ့နေ့က အဖြူရောင်ကိုသွားသောင်းကျန်းခဲ့တာ သူဘာတွေပြောလိုက်လဲ မင်းသိလား"💭💭💭💭💭
ဂျိမ်း💥💥💥
တံခါးကိုဆောင့်ကာဖွင့်လိုက်သောကြောင့် ဖြူလန့်ကာလှည့်ကြည့်မိလိုက်သည်
"ကိုချိန်"
ဖြူအားစူးစိုက်စွာကြည့်ကာ လျှောက်လာသူ ချိန်
"အဖြူရောင်!!!!!!"
"ကိုချိန်ဘာဖြစ်လာတာလဲ"
ဖြူမေးလိုက်တော့
ချိန်လက်ထဲက နှုတ်ခမ်းနီဘူးအား လွင့်ပစ်လိုက်၍
"မင်းအကြံဒါအကုန်ပဲလား"
"ကိုချိန် ဘာတွေကိုပြော....."
"အဖြူရောင် တောက်!!!!!မင်းကွာ မင်းမိန်းကလေးဖြစ်နေလို့ပေါ့ကွာ"
"ကိုချိန် ဘာဖြစ်လာတာလဲ ဖြူမသိဘူး ဖြူ့ကိုပြောပြပါလား"
"မင်းလုပ်ထားတဲ့စောက်ရှက်မရှိတဲ့ အကြောင်းတွေ ငါကတစ်ခုချင်းလိုက်ရွတ်ပြနေရမှာလား ဘယ်လိုမိန်းကလေးလဲကွာ တန်ဖိုးမရှိ တောက်!!!!!!!!"
ချိန် စကားများကြောင့် ဖြူအနာကိုထိသွားကာ
"ကိုချိန် ဖြူ့ကိုစော်ကားလွန်းနေပြီနော်"
"သြော်...ဟုတ်လား စော်ကားနေတာမဟုတ်ဘူး မှန်ရာတွေပြောနေတာ မင်းဒီလိုတွေလုပ်ပြီး ငါနဲ့မီးလေးပြသနာဖြစ်ပြီး မင်းဘက်ကိုလှည့်လာမယ်ထင်နေတာလား Noပဲ မင်းလိုတန်ဖိုးမရှိ စောက်ရှက်မရှိတဲ့မိန်းကလေးတွေရွံလွန်းလို့"
"ကိုချိန်!!!!!"
ဖြူစိတ်ဆိုးစွာ အော်လိုက်မိသည်
ဖြူနဲ့ကိုချိန်အားရပ်ကာကြည့်နေကြသော ဝန်ထမ်းများကြောင့်မျက်နှာလဲပူကာရှက်လဲရှက်မိသည်
ဖြူ ချိန်လက်အားဆွဲကာ
"ကိုချိန် ပြောစရာရှိရင်တစ်ခြားမှာသွားပြောရအောင် ဒီမှာလူတွေနဲ့"
"သြော်....မင်းလဲရှက်တတ်တယ်ပေါ့ပြောပါဦး မီးလေးနဲ့ပြသနာဖြစ်လမ်းခွဲရမလိုဖြစ်ပြီးရင် ဘာဆက်လုပ်ဦးမှာလဲ"
"ဘာ!!!!!!"
ချိန် သူ့ခန္ဓာကိုယ်အားစုန်ဆန်ကြည့်လိုက်ကာ ခပ်မဲ့မဲ့ပြုံးလိုက်မိသည်
"နောက်တစ်ဆင့်က ဘာလဲ ခန္ဓာကိုယ်ပေးပြီးမြူဆွယ်မှာလား အဲ့တာဆိုSorryပဲ မင်းကိုထိဖို့မပြောနဲ့ မြင်နေရတာရွံလွန်းလို့ မင်းပစ္စည်းတွေငါ့ကုမ္ပဏီမှာ တစ်ခုမှမကျန်ခဲ့စေနဲ့"
"ဘာ!!!!!!ကိုချိန် ဖြူ့ကိုနှင်ထုတ်လိုက်တာလား"
"မောင်းထုတ်လိုက်တာ မျက်စိရှေ့မှာမြင်နေရရင် အန်ချင်မှာမို့"
"ကိုချိန် ဖြူ့ကိုနှင်ထုတ်လိုက်ရင် ကုမ္ပဏီပူးပေါင်းထားတာလဲပျက်သွားမယ်ဆိုတာ သိတယ်မလား"
"သိတယ်"
"ဖြူမရှိပဲနဲ့ ကိုချိန်ဒီProjectကို အောင်မြင်အောင်လုပ်နိုင်မယ်ထင်လား"
"ငါ့ကိုယ်ငါ ယုံကြည်မှုရှိတယ် မင်းစောင့်ကြည့်ထား"
"အဟင်း"
ဖြူ လက်ကိုပိုက်ကာပြုံးလိုက်ပြီး
"ကိုချိန်တော်မှန်းသိပါတယ် ဒါပေမယ့် မိုးညအိမ်မက်ကကိုချိန်ကိုခွင့်လွတ်ပေးပါ့မလားနော် "
"မင်းကတော်တော်မာယာများပြီးအရှက်မရှိတဲ့မိန်းမပဲ"
"ဟုတ်တယ် ဖြူကအရှက်မရှိဘူး တန်ဖိုးမရှိဘူး
အဲ့တာကိုချိန်ကိုချစ်လွန်းလို့ သိရဲ့လား
ဖြူ့အချစ်တွေမြင်အောင်ကြည့်စမ်းပါ ဖြူကိုချိန်ကိုငယ်ကထဲကချစ်လာခဲ့ရတာ ကိုချိန်အနားမှာတစ်ချိန်လုံးရှိချင်ခဲ့တာ
ဒါပေမယ့် ကိုချိန်အတွက်ကျ ဖြူကတန်ဖိုးမရှိဘူးပေါ့ အဟင်း ဘာလဲမိုးညအိမ်မက်ကမှတန်ဖိုးရှိတာလား"
"မီးလေးက မင်းလိုစိတ်ဓာတ်အောက်တန်းမကျဘူး အေး ပြီးတော့လဲ မီးလေးကိုစချစ်ခဲ့တာငါ သူ့အချစ်ကိုရအောင်တောင်းခံခဲ့တာလဲငါ သူ့ကိုချစ်လွန်းလို့သူ့အနားမှာတွယ်ကပ်နေခဲ့တာလဲငါ ငါတို့နှစ်ယောက်ရဲ့ အချစ်တွေစစ်မှန်တယ် ဒါကြောင့်ငါယုံကြည်တယ်မင်းလိုမိန်းမကြောင့် ငါတို့ရဲ့ ချစ်ခြင်းပြိုလဲမှာမဟုတ်ဘူး"
💭💭💭💭💭
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...