♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
ဇာတ်သိမ်းပိုင်း
"ကဲဗျာ.....ဆံပင်ခြောက်သွားပြီ"
မိုးည မှန်ရှေ့သွားထိုင်လိုက်ကာ ဆံပင်အားဖြီးနေလျက်
ချိန် စိတ်မရှည်စွာ အတင်းဖြီးချနေသော မီးလေးအားကြည့်ကာ ပြုံးရင်း
"အပျင်းလေး ပေးကိုကိုလုပ်ပေးမယ်"
ချိန် သူမဆံပင်လေးအားဖြီးပေးပြီး
သူမက မျက်နှာလေးအားလက်လေးဖြင့်ကိုင်ကာ
"ကိုကို မီးလေးအရမ်းကြည့်ရဆိုးနေလား"
"မဆိုးပါဘူး မီးလေးရဲ့ ဘာလို့လဲ"
"မိတ်ကပ်ဘူးတွေလဲ ပါခဲ့ဘူးဟာ အရမ်းရုပ်ဆိုးနေမှာပေါ့"
ချိန် သူမမျက်နှာလေးအားလက်ဖြင့်ကိုင်၍
"ဘဲရုပ်ဆိုးလေးလား"
"ဟာ...ကိုကိုနော် မီးလေးကိုရုပ်ဆိုးတယ်ပြောလိုက်တာပေါ့"
"စတာပါဗျာ ကိုကို့မီးလေးကဘာမှမလိမ်းလဲချစ်ဖို့ကောင်းပြီးသား ဒါမှNatural beautyလေး"
"ကိုကို မီးလေးကိုတမင်ပြောနေတာမလား"
"မဟုတ်ရပါဘူးဗျာ မီးလေးလိုချင်ရင်ဝယ်ပေးပါ့မယ်ဗျ"
"ဟွန့်တော်ပါပြီ"
ချိန်ပြုံးကာ
"မီးလေးကိုကို ရေချိုးလိုက်ဦးမယ်နော်"
"ဟုတ်ကိုကို"
ချိန် တဘက်ယူပြီးရေချိုးခန်းထဲဝင်ခါနီး
"သြော်....မီးလေးကိုကိုမီးလေးအတွက်အင်္ကျီတွေမှာပေးထားတယ် မီးလေးတခြားလိုတာလေးတွေထပ်မှာလိုက်နော်"
"ဟင်...ဘယ်တုန်းကမှာလိုက်တာလဲ"
"ခုနကပါ မီးလေးရေချိုးနေတုန်းလေ ခဏနေလာပို့လိမ့်မယ်ထင်တယ် မီးလေးလိုတာရွေးပြီးမှာလိုက်ဦး"
"ကိုကို့အတွက်ရော မှာပြီးပြီလား"
"တစ်စုံတော့မှာထားတယ်"
ချိန်ဖြေရင်း ရေချိုးခန်းထဲသို့ဝင်သွား၏
"ဟွန့် မီးလေးအတွက်ကျများကြီးပဲ ဟီး...ကိုကို့အတွက်ထပ်မှာပေးရမယ်
ဒါလေးလဲလှတယ် ဒါလေးရော"ချိန် ရေချိုးခန်းထဲကထွက်ခဲ့တော့ အပေါက်ဝမှာ ပြုံးဖြီးကာရပ်နေသည့်သူမ
ဒီမျက်နှာလေးကို ချိန်သိတာပေါ့
လုပ်ချင်တာလုပ်ထားပြီးရင် ဒီလိုရုပ်လေး
ခုလဲဘာလုပ်ထားလဲမသိဘူး
"ဟီး...ကိုကို"
"ဘာလို့အရမ်းနားဝင်ချိုနေရတာပါလိမ့်"
"ကိုကိုကလဲ ရေတွေလဲပြောင်အောင်မသုတ်ဘူး မီးလေးသုတ်ပေးမယ်လေ"
"မလိုပါဘူး မီးလေးဘာမဟုတ်တာလုပ်ထားလဲပြော"
မိုးညလက်လေးအားနောက်ပစ်လိုက်ပြီး
"မီးလေး ခုနကအင်္ကျီတွေအများကြီးမှာမိသွားတယ် ပြီးတော့ မိတ်ကပ်ဘူးနည်းနည်းရော ကိုကိုစိတ်မဆိုးဘူးမလားဟင်"
"ဘာများလဲလို့မီးလေးရယ်"
ချိန် သူမခေါင်းလေးအားအသာလေးပုတ်လိုက်သည်
ချိန် အင်္ကျီတွေပြန်ဝတ်ပြီးတော့ သူမနဖူးလေးအားစမ်းကာ
"အဖျားတော့ကျသွားပြီ"
မိုးည ကိုယ့်နဖူးကိုယ်ပြန်စမ်းကြည့်ရင်း
"ဟွန့် အဖျားကလဲကျလွယ်လိုက်တာ"
"အဲ့တော့ မကောင်းဘူးလားဗျ"
"ကောင်းဘူး မီးလေးက ကိုကိုဂရုစိုက်တာလိုချင်တယ်လေ"
"ဟော....ကိုကိုကခုလဲဂရုမစိုက်လို့လားဗျ"
"ဒါပေမယ့် နေမကောင်းတော့ ကိုကိုပြုစုပေးမယ်လေဟုတ်ဘူးလား"
"ဟုတ်ပါပြီဗျာ"
တီးတောင်....တီးတောင်🔔🔔
"အင်္ကျီမှာထားတာပို့လာတာထင်တယ်"
ချိန် တံခါးဖွင့်ကာအထုပ်တွေအားယူကာ ပိုက်ဆံရှင်းနေ၏
အထဲပြန်ဝင်ခဲ့တော့
"ကိုကို ဘယ်လောက်ကျလဲဟင်"
"သိပ်မများပါဘူး ၇သောင်းထဲပါ ရော့ မီးလေးအင်္ကျီလဲလိုက်ဦး"
"ဟုတ် ကိုကို့အတွက်ရောမှာထားပေးတယ်"
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...