အပိုင်း ♡ ၅ ♡

1.2K 46 0
                                    

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥

အပိုင်း ♡ ၅ ♡

အ​ဆောင်​ပြန်​​ရောက်​​တော့ အသွားကနဲ့ကွာခြားကာ ပြုံးဖြီး​နေ​သော မိုးညအားသူငယ်​ချင်း​တွေမ​ကျေမနပ်​ကြည့်​ကာ
"မိုးည နင့်​သွား​တွေအ​အေးပတ်​​နေဦးမယ်​"
"ဟုတ်​တယ်​မိုးည ​လေဖြတ်​​နေဦးမယ်​သိလား"
"ဖြတ်​ဖြတ်​ဟာ"
သော်​နဲ့ နိုရာက​ခေါင်းယမ်းကာ မထိန်းနိုင်​​တော့ဘူးဆိုသည့်​အကြည့်​များနှင့်

ဒေါက်​.....​ဒေါက်​✊
တံခါး​ခေါက်​သံ​ကြောင့်​ ကြည့်​လိုက်​​တော့
အ​ပေါက်​ဝမှာအထုပ်​များနဲ့ ရပ်​​နေ​သောအစ်​မလှလှတစ်​​ယောက်
"ဒါက အခန်း၃၄လား"
"ဟုတ်​ကဲ့"
နိုရာက​ဖြေလိုက်​​တော့ ထိုအစ်​မကပြုံးကာ
"အဲ့ဒါဆိုဝင်​ခဲ့မယ်​​နော်​"
ထိုအစ်​မက ကုတင်​လွတ်​ထံသွားလိုက်​၍ ပစ္စည်းများ​နေရာချ​နေသည်
မိုးညတို့တစ်​​ယောက်​ကိုတစ်​​ယောက်​ နားမလည်​စွာကြည့်​​နေစဉ်
ထိုအစ်​မက မိုးညတို့ထံ​လျှောက်​လာကာ
"​တွေ့ရတာဝမ်းသာပါတယ်​ အစ်​မနာမည်​အဖြူ​ရောင်​ပါ"
သူမိတ်​ဆက်​လိုက်​​တော့မှ ​သော်​က
"အဖြူ​ရောင်​.....​သြော်​ အစ်​မက ဒိ​အခန်းမှာ​နေမယ့်​သူလား"
"အင်း"
"ညီမတို့ဘာကူသယ်​​ပေးရဦးမလဲ"
"ရပါတယ်​ ပစ္စည်းကသိပ်​မပါပါဘူး"
"ရပါတယ်​မမ အကုန်​ဝိုင်းသယ်​​တော့ပြီးလွယ်​တာ​ပေါ့"
"အဲ့တာဆိုလဲ ကူညီပါဦး"
"ဟုတ်​"
မိုးညတို့ ထိုအစ်​မရဲ့ ပစ္စည်း​တွေကိုသယ်​ကူပြီး ​နေရာချ​ပေးကူလိုက်​သည်
"​ကျေးဇူးပါပဲ​နော်​"
"ဟုတ်​မမ"

မိုးည စာကြည့်​စားပွဲတွင်​တင်​ထားခဲ့​သောPhone​လေးအားယူကြည့်​လိုက်​​သော်​ သူ့ထံမှMiss calledများ
"ဟာ....အများကြီး​ခေါ်ထားတာပဲ"
မိုးည သူ့အားPhoneပြန်​​ခေါ်၍
တီ...တီ....တီ
"ဟဲလို မီး​လေးခုနကဘာလုပ်​​နေတာလဲ ကိုကိုPhone​ခေါ်တာကြာကြီးပဲ"
"မိုးည....အဲ မီး​လေးတို့အခန်းကို​ပြောင်းလာတဲ့အစ်​မကိုဝိုင်းကူ​နေလို့ပါ"
"ကိုကိုကစိတ်​ပူသွါးတာပဲ"
"ကိုကိုက ဘာလုပ်​​နေတာလဲဟင်​"
"ခုမှ​ရေချိုးပြီးတာ​လေ"
"​သြော်​"
"ခဏ​နေကိုကို အပြင်​သွားစရာရှိ​သေးတယ်​ ကိုကို့သူငယ်​ချင်း​တွေ​ရော​လေ"
"အလုပ်​ကိစ္စမလား"
"ဟုတ်​ပါတယ်​ဗျ"
"ဘယ်​ချိန်​ပြန်​ရောက်​မှာလဲ"
"မိုး​တော့နည်းနည်းချုပ်​လိမ့်​မယ်​ထင်​တယ်"
သူ့စကား​ကြောင့်​ မိုးညစိုးရိမ်​သွားရပြန်​သည်
"ကိုကို.ပြန်​ရင်​ဆိုင်​ကယ်​ကိုဂရုစိုက်​စီး​နော်​"
"ဟုတ်​ကဲ့ပါဗျာ ချစ်​လိုက်​တာ စိတ်​ပူ​နေတာ​လေးကို"
သူ အဲ့လို​ပြော​တော့ မိုးညရှက်​သွားရပြန်​သည်
"မဟုတ်​ပါဘူး​နော်​ ကိုကို့အသက်​ကို မီး​လေးပိုင်​တာမို့ မီး​လေးခွင့်​မပြုမချင်း ဘာမှမဖြစ်​ရဘူး"
တစ်​ဖက်​က သူမ​လေးရဲ့က​လေးဆန်​ဆန်​အ​ပြော​ကြောင့်​ ချိန်​ ရီမိလိုက်​၍
"အဟွန့်​ တစ်​ရက်​​နဲ့တစ်​ရက်​ကိုမတူဘူး ပိုပိုချွဲလာတယ်​"
"ဘာလဲမချွဲရဘူးလား​ပြော"
"ချွဲပါဗျာ ချွဲပါ ​ဟောဒီကလူကြီးလဲ အရည်​​ပျော်​သွားဦးမယ်​"
"ကိုကို​နော်​"
"မီး​လေး အဲ့တာဆို ကိုကိုPhoneချဦးမယ်​သွားရ​တော့မှာမို့​လေ"
"ဟုတ်​ကဲ့ကိုကို"
"ကိုကို ပြန်​​ရောက်​ရင်​Phoneဆက်​လိုက်​မယ်​​နော်​"
"ဟုတ်​ ဂရုစိုက်​​နော်​ကိုကို"
"ဟုတ်​ကဲ့ဗျ ချစ်​တယ်​ ဒါပဲ​နော်​မီး​လေး"
"ဟုတ်​"

♥♥﹏﹏ရာနှုန်းပြည့်​ ချစ်​ခြင်း﹏﹏♥♥ Donde viven las historias. Descúbrelo ahora