♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၂ ♡
မိုးည Libraryအပြင်ဘက်ရောက်တော့ ပြုံးမိလိုက်သည်
မိုးညဘေးက သော်နဲ့နိုရာက
"မိုးည ခုနကစာကြည့်တိုက်ကအကိုကြီးနဲ့ အသိလား"
သော်အမေးကို မိုးညခေါင်းယမ်းပြရင်း
"ဟင့်အင်း"
"အဲ့အကိုကြီးထက် အကိုဇာတိကပိုမိုက်တယ် မနက်ကဆိုRomaticဆန်ချက်"
နိုရာပြောနေရင်း မိုးညကျောပြင်အားပုတ်လိုက်၍
"မိုးည နင်စဉ်းစားမယ်ဆိုရင် အကိုဇာတိကို ဦးစားပေးစဉ်းစားနော်"
သော်က နိုရာခေါင်းအားခေါက်လိုက်၍
"ခေါင်းထဲအဲ့တာပဲရှိတာလား"
"အာ့....သော် ငါနာတယ်နော်"💛💛💛💛💛💛💛💛💛💛💛💛💛💛
မိုးည ညပိုင်းRoll callအပြီး မေမေဖေဖေ့ဆီphoneဆက်ပြီးချိန်
"သော် နိုရာ ငါဗိုက်ဆာလာသလိုပဲ"
"ငါရောပဲ"
"ငါရော"
"အဲ့တာဆိုSpicyစားကြမလား ငါ့မှာတစ်ထုပ်ကျန်သေးတယ်"
"OK"
မိုးညတို့ သုံးယောက်သားတက်ညီလက်ညီဖြင့် ခေါက်ဆွဲပြုတ်စားရန်ပြင်ဆင်လျက်
"ငါ့မှာကြက်ဥရှိတယ်"
"ငါ့မှာက ကြက်ဥချောင်းရှိတယ်"မိုးညတို့စားသောက်ပြီး နှာရည်တရွဲရွဲဖြင့် ရှူးရှူးရှားရှာဖြစ်နေပြီလေ
နိုရာ ကုတင်ပေါ်မှောက်လဲလိုက်ကာ
"ဗိုက်တွေကိုပူနေရောပဲ အထွက်တော့တော်တော်ဆိုးတယ်"
"နိုရာ အရမ်းညစ်ပတ်တာပဲ"
သူငယ်ချင်းတွေနဲ့စကားပြောနေစဉ်
📩📩📩
Messengerမှစာဝင်သံကြောင့် မိုးညPhလေးအားဖွင့်ကြည့်လိုက်သော်
ဇာတိဆိုသောသူထံမှ
✉Hi ဘာလုပ်နေလဲ✉
မိုးညPhoneလေးအားပြန်ပိတ်ကာ သူငယ်ချင်းတွေနဲ့ပြန်စကားပြောနေစဉ်
📩📩📩
စာများအဆက်မပြတ်ဝင်နေလျက်
✉မာနကြီးတယ်နော်✉
✉ဟိတ်✉
သော်နဲ့နိုရာက သတိထားမိကာ
"ဘယ်သူလဲ မိုးည"
"အစ်ကိုဇာတိလား ဘာပို့တာလဲ"
"ဘာမှမဟုတ်ဘူး ငါအိပ်ရာဝင်တော့မယ်"
မိုးည စိတ်ရှုပ်ရှုပ်နှင့် ခြင်ထောင်ချကာ ဘုရားရှိခိုးပြီး
အိပ်ဖို့ကြိုးစားသော်လည်း အိပ်မပျော်
မိုးည နံဘေးကPhoneအားယူကာ လိုင်းဖွင့်ကြည့်တော့
📩📩📩📩📩
စာတွေအဆက်မပြတ်ဝင်လာကာ
✉အိပ်နေပြီလား✉
✉အရမ်းချေတယ်နော်✉
✉ဟိတ်✉
မိုးည မကောင်းတတ်သည်နှင့် Typingပြန်ရိုက်ကာ
✉အင်းအိပ်တော့မလို့✉
မိုးညစာပြန်တော့လည်းစာကိုSeenတော်တော်နှင့်မပြ
မိုးည သီချင်းတွေရှာနေစဉ်
Message requestထဲ စာရောက်လာသောကြောင့် ဝင်ကြည့်လိုက်သော်
San Chaing Thitတဲ့
မိုးည နာမည်ကအနည်းငယ်ထူးဆန်းနေသောကြောင့် Profileထဲဝင်ကြည့်တော့ မိုးညတို့နှင့်ကျောင်းအတူတူပင်
Photoတွေထဲ ဝင်ကြည့်တော့လည်း ဘာမှသိပ်မရှိ
Profileက အနက်ရောင်Maskနှင့် အနက်ရောင်ဦးထုပ်ဆောင်းထားသဖြင့် ရုပ်တောင်မမြင်ရ
မိုးည လက်မခံပဲ ပြန်ထွက်မည်ကြံတုန်း
✉ကိုယ့်ကို မှတ်မိလား ပ-၉၇လေး✉
ထပ်ဝင်လာသည့်စာကြောင့် မိုးညစဉ်းစားရခက်သွားစွာ
💭ငါ့ခုံနံပါတ် ဘယ်လိုများသိတာပါလိမ့်💭
မိုးည သိချင်စိတ်ကြောင့်
✉ဘယ်သူလဲ မိုးညနဲ့သိလား✉
Replyပြန်လိုက်လျှင်
ချက်ချင်းပဲ စာဝင်လာကာ
📩📩📩
✉ကိုယ်လေ စာမေးပွဲတုန်းက မင်းဘေးမှာထိုင်ခဲ့တာ✉
ထိုအခါမှ မိုးညမှတ်မိသွား၍
✉သြော်.....✉
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...