♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၄ ♡
မိုးညအတန်းချိန်ပြီးသည်နှင့်အဆောင်ကို ကမန်းကတန်းပြန်ကာ
မျက်နှာသစ်ပြီး မိတ်ကပ်ခပ်ပါးပါးလေးလိမ်းလိုက်သည်
မိုးည သူနဲ့တွေ့ဖို့ရွေးလိုက်သည်က ဂျင်းဂါဝန်အရှည်လေး
မနက်က လောလောလတ်လတ်လဲထားသည့်ဒဏ်ရာကဒူးမှာအတိုင်းသား
မိုးည ကလစ်ကလေးနဲ့စကုပ်လေးအား ခေါင်းပေါ်တွင်တွယ်ကြည့်ကာ ဝေခွဲမရဖြစ်နေ၍
ကုတင်မှာထိုင်နေသည့် သော်နဲ့ နိုရာဘက်လှည့်လိုက်ကာ
"သော် နိုရာ ဘယ်ဟာလေးကပိုလှလဲ"
သော်ကသေချာကြည့်ကာ
"ငါတော့မပြောတတ်ဘူး နိုရာကိုမေး"
နိုရာက မိုးညထံလာ၍ လက်ထဲကစကုပ်လေးအား ခေါင်းတွင်ကုပ်ပေးရင်း
"စကုပ်လေးနဲ့ ပိုလိုက်တယ်"
မိုးည ဆံပင်ကိုသေချာဖြီးနေစဉ်
📩📩📩
✉ကိုယ်ရောက်ပြီ မနက်ကနေရာမှာပဲ စောင့်နေတယ်နော်✉
မိုးညတို့အဆောင်အနောက်က လူသွားလူလာနည်းသည်
မိုးညတို့ကျောင်းသွားရင်အရှေ့ဘက်ကိုသွားရတာလေ
ပြီးတော့မိုးညတို့အဆောင်ကအစွန်ဆုံးဖြစ်သောကြောင့် ဘာကျောင်းဆောင်မှမရှိတော့
မိုးည ဘေးလွယ်အိတ်လေးအားလွယ်လိုက်ကာ
"ငါသွားပြီနော်"
"မိုးည သူနင့်ကိုမကောင်းတာတစ်ခုခုလုပ်ရင် ငါသင်ပေးထားတာမှတ်မိတယ်မလား"
"အင်းပါဟာ သွားတော့မယ်"
မိုးည အဆောင်ကနေ ပြေးထွက်လာခဲ့တော့
အဆောင်အနောက်ဘက်မှာ ဆိုင်ကယ်ကိုမှီကာရပ်စောင့်နေသည့်သူ
မိုးည သူ့အားတစ်ချက်ကြည့်ကာ ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိသည်
သူက အဖြူရောင်sport Shirtပေါ်တွင် ဂျင်းအင်္ကျီကိုထပ်ဝတ်ထား၍ အနက်ရောင်ဘောင်းဘီရှည်ဖြင့်
သူနဲ့မိုးညက တိုင်ပင်မထားပါပဲ ဆင်တူနေခဲ့စွာ
သူများတွေမြင်ရင် မိုးညတို့ကို တစ်မျိုးထင်နေမလား
သြော်....ထင်လဲဘာဖြစ်လဲ မိုးညသူ့ကိုအဖြေပေးပြီးပြီပဲကို
မိုးည ကိုယ့်အတွေးနှင့်ကိုယ် သူ့ထံလျှောက်သွားလိုက်သည်
"ဘာလို့ ခုနကပြေးလာတာလဲ ထပ်လဲနေရင်ဘယ်လိုလုပ်မှာလဲ"
မိုးည သွားလေးတွေပေါ်အောင်ပြုံးရင်း
"မိုးညက အစ်ကိုစောင့်ရမှာကြာမှာမို့ပါ"
သူက မိုးညခေါင်းလေးအားလက်ဖြင့်ဖွလိုက်၍
"ကိုယ်စောင့်တာ ကြာတာက ဘာမှမဖြစ်ဘူး ချာတိတ်လဲနေရင် ကိုယ်ပိုစိတ်ပူရမှာသိရဲ့လား"
"အစ်ကိုကလဲ မိုးည ခုအကောင်းတိုင်းပဲဟာ"
"နောက်ပြေးပြေးလွှားလွှားမလုပ်နဲ့နော်"
မိုးညခေါင်းလေးညိမ့်ပြရင်း
သူက သူ့လက်ထဲကဆိုင်ကယ်ဦးထုပ်အား မိုးညကိုဆောင်းပေးသဖြင့် သူနဲ့မိုးညနီးကပ်သွားစွာ
မိုးညရင်တွေအရမ်းခုန်တာ သူကြားသွားမှာပင်ပူရသည်
မိုးည စိတ်လှုပ်ရှားစွာ ဂါဝန်လေးအားကျစ်နေအောင်ဆုပ်ဆွဲထားမိသည်
သူ မိုးညအနားကပ်လာတော့ သူဆွတ်ထားသည့် ရေမွှေးနံ့သင်းသင်းလေးက မိုးညနှာခေါင်းထဲ တိုးဝှေ့ဝင်ရောက်လာသည်
DU LIEST GERADE
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romantikကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...