♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
အပိုင်း ♡ ၇ ♡
"ကိုကို မီးလေးစိတ်ဆိုးပြေအောင် ဘာလုပ်ပေးရမလဲဗျ"
"အမ်....ဟီး သီချင်းဆိုပြ"
"ဟာ....."
"ဘာလဲ မဆိုပြချင်လို့လား"
"မီးလေးကလဲကွာ ကိုကိုမှသီချင်းမဆိုတတ်တာဗျ"
ချိန်ငြင်းလိုက်တော့ သူမလေးဘက်မှအသံလေးတိုးသွား၍
"မီးလေးကလေ ကိုကိုသီချင်းဆိုပြတာလေးနားထောင်ချင်လို့ပါ မရဘူးလား....ဟင်"
ချိန် ချွဲနွဲ့ပြောလာသော သူမလေးကြောင့် ဘယ်လိုငြင်းရမှန်းမသိ
ဘယ်လိုကောင်မလေးလဲမသိ အသည်းယားအောင်လာလာလုပ်နေတယ်
အပြင်မှာရှိလို့ကတော့ ရင်ခွင်ထဲကထွက်ပြေးလို့မရအောင် အတင်းပွေ့ဖက်ထားမယ်🙈
ချိန် ဘာမှမပြောတော့
"ကိုကို.....ကိုကိုရေ"
"မီးလေးနော် ကိုကို့ကိုလာချွဲနေတယ် ဘယ်ကတတ်လာတာလဲ"
"ကိုကိုကလဲ မီးလေးကမချွဲပါဘူး တကယ်ကိုကို့အသံလေးနားထောင်ချင်နေတာကို...."
"အဟွန့် ခုစကားပြောလဲနားထောင်နေရတာပဲဗျ"
"ဟင့်အင်း....သီချင်းဆိုပြတာလေးနားထောင်ချင်နေတာပါတဲ့ဆို...ကိုကိုရယ်"
ကလေးဆိုးလေးလို အပြောလေးတွေကြောင့် ဒီကလူကရင်ခုန်ရပြန်ပြီ
"ပြောပါဦးဗျ ဘယ်သူကနားထောင်ချင်တာလဲ"
"မီးလေးရဲ့ နှလုံးသားလေးကလေ...ကိုကိုသီချင်းဆိုပြတာနားထောင်ချင်တာတဲ့"
သူမအပြောလေးကြောင့် ချိန်အသံထွက်အောင်ပင်ရီလိုက်မိသည်
သူမအပြောလေးကိုသဘောကျစွာ
"ထပ်ပြောပါဦးဗျ မီးလေး"
ကိုကို့ရီသံကြောင့် မီးလေးမျက်နှာနည်းနည်းပူသွားရသည်
"တော်ပြီ မဆိုပြချင်နေ မီးလေးရှက်လာပြီ"
"ဟော....ဘာရှက်စရာရှိလို့လဲ မီးလေးရ"
"ကိုကိုက ရီတာကို"
"ကိုကိုကချစ်လို့ပါဗျာ....ထပ်ပြောပါဦးဗျ"
"ဟွန့်ပြောဘူး"
"မပြောဘူးပေါ့ကိုကိုကမီးလေးတစ်ခါလေးထပ်ပြောရင် သီချင်းဆိုပြမလို့နော်"
"ဟင်...တကယ်လား"
"ကိုကိုလိမ်ဖူးလို့လား"
"Promise နော်"
"Promiseပါဗျာ"
ချိန်ကတိပေးလိုက်တော့ သူမလေးဘက်ကရီသံလေးကိုကြားလိုက်ရကာ
"ကိုကိုမရီနဲ့နော်"
"မရီပါဘူးဗျ"
"မီးလေးနှလုံးသားလေးက ကိုကို..သီချင်းဆိုပြတာနားထောင်ချင်တယ်လို့ပူဆာနေတယ် ကိုကိုး"
YOU ARE READING
♥♥﹏﹏ရာနှုန်းပြည့် ချစ်ခြင်း﹏﹏♥♥
Romanceကိုယ့်ကို ချစ်ပါလို့ဆိုလိုတာမဟုတ်ပါဘူး ကိုယ့်ကိုစဉ်းစားပေးစေချင်တာပါ ကိုယ် ချာတိတ်ကိုချစ်တဲ့အချစ်တွေ ဘယ်လောက်များပြားတယ်ဆိုတာကို ချာတိတ်မြင်အောင်ကိုယ်ပြလို့မရဘူး ဒါကြောင့် ချာတိတ် ယုံကြည်နိုင်မှယုံကြည်ပေးနိုင်လိမ့်မယ်...