ရှင်းသန့်လွင် မျက်မှန်လုပ်ဖို့ ဆိုင်ကယ် ထုတ်ရန်ပြင်လိုက်သည်။ မနေ့ညက အမရှင်းသန့်ရဲ့အခန်းဖော်က သွားချင်တဲ့အချိန်သွားနိုင်အောင် ဆိုင်ကယ်ငှားပေးထားသည်။ ဆိုင်ကယ်ထုတ်နေတုန်း မနေ့ကလာကြိုသည့်အခါ ပါလာသည့် ငြိမ်းသူဇာလင်းဆိုသည့်အမက သူ့ဘက်ကိုလာနေတာတွေ့ရသည်။ ရှင်းသန့်လွင်ကမသိတဲ့သူဆို ခပ်တန်းတန်းပဲဆက်ဆံတတ်တာမို့ တစ်ချက်ကြည့်လိုက်ပြီး ဆိုင်ကယ်ထုတ်လိုက်သည်။
"ရှင်းသန့်လွင်"
ကိုယ့်နာမည်ခေါ်သံကြားလိုက်တော့လှည့်ကြည့်မိသည်။ ခဏကသူ့ဘက်ကိုလာနေသည့် အမရှင်းသန့်ရဲ့ သူငယ်ချင်းပင်။ ဘာမှပြန်မပြောရင်မကောင်းတတ်တာမို့...
"ဟုတ်"
"အမမေးမလို့ ထိုက်တော်ဝင်က တကယ်ကြီးသူ့ဆိုင်ကယ်ကိုပေးစီးတယ်ပေါ့။"
ရှင်းသန့်လွန် မျက်ခုံးတစ်ချက်ပင့်မိပြီး အံ့သြတကြီးပြောနေသည့် အမကိုကြည့်နေမိသည်။ စပ်စုချက်။
"အင်းမနေ့ညက ဆိုင်ကယ်ရချင်ရင်စီးသွားတဲ့ အဲ့လိုပြောလို့ ကျွန်တော်ယူစီးတာလေ။ ဘာလို့။"
ထိုအခါ ငြိမ်းသူဇာလင်းက ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်လုပ်နေပြီး သူ့ကိုကြည့်ပြီးပြုံးပြလာသည်။
"အာ..အာ..အာ.. ဘာမှမဟုတ်ပါဘူး။ အဲ့တာဆို အခုက မျက်မှန်သွားလုပ်မှာလား။"
ရှင်းသန့်လွင် ခေါင်းငြိမ့်ပြလိုက်တော့ သူ့ရှေ့မှာပြုံးနေသည့်အမက ဘေးကိုလှည့်ကြည့်ပြီးတစ်ခုခုကိုရှာနေသလို အတော်ကြာလုပ်နေတာမို့ သူလည်း ထိုအမကြည့်သွားသည့်ဘက်ကိုလိုက်ကြည့်နေမိသည်။ ဘာများလဲလို့ပေါ့။ ခဏကြာတော့ မျက်မှောင်ကုတ်နှင့်သူ့ကိုမေးလာသည်။
"ရှင်းသန့်ရောမလိုက်ဘူးလား။"
ရှင်းလွင် ခေါင်းပဲငြိမ့်ပြလိုက်ပြီး ဆိုင်ကယ်စက်နှိုးလိုက်သည်။ အဲ့တော့မှသူ့ကို မျက်တောင်တစ်ချက်မခတ်ကြည့်နေရာကနေ ခပ်ခွာခွာမှာသွားရပ်နေသည်။
ငြိမ်းသူဇာလင်း ဆိုင်ကယ်စီးသွားသည့် ကလေးမလေးကိုကြည့်ပြီး ရှင်းသန့်အခန်းဆီတက်ဖို့ဆုံးဖြတ်လိုက်သည်။ သူ့မှာလုပ်စရာမှမရှိတာ အခုလောလောဆယ်ပေါ့။ ကျူရှင်က ၁၀နါရီမှသွားရမှာဆိုတော့ ကြားအချိန်တွေကသူ့အတွက်တော့ မတရားအားလပ်နေသည်။ လပ်လျားလပ်လျားသွားနေလို့ ဖြူဖြူသွယ်နဲ့ ညှိမိရင်လည်း ပွဲကြီးပွဲကောင်းနွှဲရပြန်ဦးမည်။