Mirror。Zhu Yan အပိုင်း(၈)ဒုတိယပိုင်း

448 64 12
                                    

Uni ver :

Mirror。Zhu Yan

~~~~အပိုင်း《၈》~~~~။
         အချစ်ဦး
        (ဒုတိယပိုင်း)

ထိုအသံမှာ တိုးညင်းလှသော်လည်း အထိတ်တလန့်ဖြစ်‌စေပြီး သူမအနုစိတ်စီစဉ်တည်ဆောက် ထားပါသော အိမ်မက်လောကအား အက်ကြောင်းထင်လာစေတော့သည်။ ကွဲအက်ရာသည် အလျင်အမြန်ပင် ပျံ့နှံ့လာပြီး လူ့စိတ်နှလုံးအား လှည့်စားသည့် မှော်အစီအရင်မှာ လျှပ်တစ်ပြက်အတွင်းမှာပင် ကျိုးပေါက်သွားလေတော့သည်!

ထိုအခိုက်မှာပင် မျက်နှာချင်းဆိုင်ရှိ မီးညွှန့်များ တဟုန်းဟုန်းတောက်လောက်နေသော သူငယ်အိမ်တစ်စုံမှာ  တမုမဟုတ်ချင်း ပြောင်းလဲသွားလေသည်။ နှလုံးသားအား ဖုံးအုပ်နေသော တိမ်စိုင်နက်များမှာ
လေပြင်းတိုက်ခတ်လာ၍
အဝေးသို့လွင့်ပါးသွားသည့်အတိုင်းပင် ...။ယွမ်းမှာ ရုတ်တရက် လှုပ်ရှားမှုကင်းမဲ့ကာ သူမအားစိုက်ကြည့်နေလေသည်။ သူသည် သူမ၏ လည်ပင်းထက်ရှိ လည်ဆွဲအား မြင်တွေ့သွားပြီး  အကြည့်များထဲ၌ သံသယနှင့် အံ့အားသင့်မှုများ ထွက်ပေါ်လာကာ ၎င်းလည်ဆွဲအားဆွဲယူလျက် လက်ထဲထည့်ထားပြီး ထပ်မံကြည့်ရှုလိုက်‌ပြန်လေသည်။ သူမ၏နှလုံးသားမှာ တဒုတ်ဒုတ်ဖြင့်ခုန်နေပြီး လက်သီးဆုပ်ကာ လှည့်စားမှုမန္တန်အား  အသက်ဖြင့်ရင်း၍ ထိန်းသိမ်းနေလေသည်။ မှော်အစီအရင်အား ကျိုးပျက်ကျရှုံးခွင့်မပြုနိုင်....။

“ မင်းဘယ်သူလဲ? ”
ယွမ်းမှာ မျက်မှောင်ကြုပ်လျက် ရုတ်ရက်အမေးရှိလာလေပြီ။

“ .... ”
သူမသည် စကားမပြောရဲပဲ ကတိုက်ကရိုက်ပင် ခေါင်းငုံ့လိုက်လေသည် ။----သူမသည် ဤလှည့်စားမှော်အား ကျင့်ကြံခြင်းအတတ်၌ မထူးချွန်သေးသဖြင့်  ပုံပန်းသဏ္ဍန်ကိုသာပြောင်းလဲနိုင်ပြီး အသံကိုမူမပြောင်းလဲ‌နိုင်ပါ‌ချေ။ ထို့ကြောင့်ပါးစပ်ဟကာ စကားဆိုလိုက်သည်နှင့် ခြားနားနေသော အသံသည် သူမ၏ ရုပ်အသွင်အမှန်ကို ဖော်ထုတ်လိုက်မည်အား စိုးထိတ်လှပေသည်။

“ ဘာလို့စကားမပြောတာလဲ? ”
ယွမ်း၏ မျက်ဝန်းထဲရှိ သံသယများမှာ ညအမှောင်ကဲ့သို့ တစ်စတစ်စ ကြီးထွားလာလေပြီ။
“ ဘာလို့ငါ့ကိုမကြည့်ရဲတာလဲ? ”

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now