Mirror 。 Zhu Yan အပိုင်း(၁)

1.2K 111 9
                                    

~~~~~   အပိုင်း《၁》~~~~~
ကျူးယန် {ဒုတိယပိုင်း}

Uni Ver :

“အားယန် သမီးငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရလို့ဆိုးနေပြီပဲ”
မယ်တော်မှာ ခေါင်းခါပြနေသည့် သူမကိုကြည့်ကာ ဆက်ပြောလေသည်။
“သတ္တိကလည်းကောင်း အရည်အချင်းကလည်းရှိ ထက်ထက်မြက်မြက်နဲ့ လုပ်နိုင်စွမ်းလည်းရှိတယ် နောက်ထပ်အရှုံးမပေးလိုက်နဲ့...သမီးသာ ယောင်္ကျားလေးဖြစ်ရင် သမီးခမည်းတော်က ဘယ်လောက်တောင်ပျော်လိုက်လေမလဲ?ဒါပေမဲ့လည်း သမီးမိန်းကလေးတစ်ယောက်ပဲရှိတော့....”
ကျူးယန် : “ဒါကသမီးကိုအပြစ်တင်နေတာပေါ့?”
ကျူးယန်မှာ အနည်းငယ်စိတ်ဆိုးသွားရပြီး ထခုန်လိုက်လေသည်။
“ခမည်းတော်က သားယောင်္ကျားလေးမ‌မွေးနိုင်တာအသိသာကြီးပဲကို!မယ်တော်ကြည့်လေ သူကိုယ်လုပ်တော်တွေအများကြီးယူထားတာ ဆယ်နှစ်တောင်ကျော်ပြီ ခုထိမ‌မွေးနိုင်....”
“ဘာပြောတယ်?”
အပြင်ဘက်မှ မိုးခြိမ်းသံအလား ဟိန်းဟောက်သံကြီးထွက်ပေါ်လာပြီး  ချိဘုရင်မှာ ခြေလှမ်းကျဲကြီးများဖြင့်အခန်းထဲဝင်လာလေ‌တော့သည်။

ကျူးယန်မှာ လန့်ဖြန့်၍ ဇက်ပုသွားကာ ပြောတော့မည့်ဆဲဆဲ စကားတစ်ဝက်အား ပြန်မျိုချလိုက်ရလေသည်။

“ရက်နည်းနည်းကြာရင်ပဲ မင်္ဂလာကဆောင်ရတော့မယ် ဒီလိုရိုင်းပျတဲ့စကားတွေပြောနေတုန်းပဲလား?”

ချိဘုရင်မှာ အနှီပြဿနာမီးခွက်ထွန်းရှာသည့်သမီးအား စိန်းစိန်းဝါးဝါးကြည့်လိုက်ကာ စိတ်ဆိုးလွန်းသောကြောင့် ဒေါင်လိုက်ပင်ဖြစ်နေသည့် မျက်ခုံးထူထူကြီးနှင့် မိုးခြိမ်းသည့်အလား‌ အော်ဟစ်လိုက်လေသည်။

“ဒီလိုမျိုး အကြီးကိုရိုသေလေးစားရကောင်းမှန်းမသိ လျှာရိုးမရှိတိုင်းလျှောက်ပြောတဲ့ပုံစံမျိုးနဲ့မင်းက စူးဆာ့ဟားလူမှာ မင်္ဂလာသွားဆောင်ရင် ဘယ်သူကများ မင်းကို ကာကွယ်ပေးဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့?”

ရလဒ်အားဖြင့် ကျူးယန်မှာသူမ၏နဖူးကို လက်ညှိုးဖြင့်အထိုးခံရပြီး တစ်နာရီမျှ ဩဝါဒအခြွေခံလိုက်ရလေ‌တော့သည်။ ကျူးယန်မှာ ပြန်ပြောရန်ဟန်ပြင်လိုက်သည့်အချိန်တိုင်း နံဘေးရှိ မယ်တော်၏ ကရုဏာသက်ဖွယ်မျက်ဝန်းများကို ထောက်ထားကာ ဆက်၍သာ သည်းခံနေလိုက်‌တော့သည်----ထားလိုက်ပါတော့......
မည်သို့ပင်ဖြစ်ပါစေ နောက်တစ်လကျော်လျှင် သူမသည် ဝေးကွာလှသည့်နေရာ၌ လက်ထပ်ထိမ်းမြားရ‌တော့မည်သာ။ ခမည်းတော် သူမကိုဆူလျှင်လည်း  တစ်ခါအဆူခံလိုက်လျှင် အဆူခံရမဲ့အကြိမ်တစ်ခုလျှော့သွားလိမ့်မည်ဟုသာ တွေးလိုက်ရုံပင် ! ပြီးနောက် ခမည်းတော်မှာလည်း မစားရဝခမန်းပြောနေသည်သာ။
သူမ အဝေးကြီး၌ရှိသော စူးဆာ့ဟားလူတွင် လက်ထပ်ရမည်ဆိုသော်လည်း ဟော့်ထူမျိုးနွယ်စုမှလူသည် သူမအား လက်ညိုးထိပ်ဖြင့်ပင် မထိရဲပါချေ။  ခမည်းတော်မှာ ‌ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ ထျန်းကျီဖုန်းမြို့မှ လက်နက်ကိုင်ပြီး လာသတ်ပစ်မည်ဟု‌ကြိမ်းဝါးထားသည်မဟုတ်ပါလား?

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now