Mirror。Zhu Yan အပိုင်း(၈)ပထမပိုင်း

561 62 14
                                    

Uni ver :

Mirror。Zhu Yan

~အပိုင်း《၈》~~~~~။
                  အချစ်ဦး
                (ပထမပိုင်း)

မြင်းလှည်းမှာ လှုပ်ခါလျက် ရှေ့သို့ဆက်‌သွားနေပြီး လှည်းအတွင်း၌မူ တိတ်ဆိတ်မှုများ ကြီးစိုးနေလေသည်။ ကျူးယန်မှာ ငူငူငိုင်ငိုင်ဖြင့် ပါးပေါ်လက်ထောက်လျက် အပြင်ဘက်သို့ ငေးကြည့်နေလေသည်။

“ ကျွန်မပြောမယ်...မင်းသမီးရယ်... ”
နံဘေးရှိရှန့်မောမောမှာ သက်ပြင်းတစ်ချက်ချလျက် တပူပူတကျီကျီလုပ်ရန် စကားအစချီလိုက်လေသည်။

“ ကျွန်မသိတယ် ကျွန်မသိတယ် ဒီတစ်ခေါက် ကျွန်မက မလိုအပ်ဘဲ ဝင်စွက်ဖက်မိတာ ”
ရှန့်မောမော မည်သို့ပြောလာမည်ကိုသိနေဟန်ဖြင့် ကျူးယန်သည် ဒေါသတကြီး ဖြတ်ပြောလိုက်လေသည်။
“ ကျွန်မဒီလိုအသေးအဖွဲကိစ္စလေးကို အရေးမစိုက်သင့်ဘူး! အဲ့ကလေးစုတ်ကို သူ့ဘာသာ လှည်းဘီးနဲ့ကျိတ်မိပြီး သေချင်သေပါစေ ပစ်ထားခဲ့ရမှာ  !”

“ တကယ်တော့..”
ရှန့်မောမောမှာ ပြောဖို့ပြင်ထားသည့်စကား‌လုံးများကို သက်ပြင်း တစ်ချက်အဖြစ်မှုတ်ထုတ်လိုက်လေတော့သည်။
“တကယ်တော့ မင်းသမီးကိုလည်း အပြစ်တင်လို့မရပါဘူး  မင်းသမီးကငယ်ငယ်လေးကတည်းက ...ဟူး...ငယ်ငယ်လေးကတည်းက ရေသူမျိုးနွယ်အပေါ်....တအား‌ကောင်းခဲ့တာပဲလေ ဘယ်လိုလုပ်ပြီး သေမှာကိုမြင်နေလျက်နဲ့မကယ်ဘဲနေနိုင်မှာလဲ?  ”

တအားကောင်းခဲ့တယ်? ကျူးယန်မှာ ခေတ္တမျှကြောင်,အသွားရလေသည်။ ရှန့်မောမော၏ ဆိုလိုရင်းကို သူမ သိနေလေသဖြင့်  မျက်နှာမှာ တားဆီးမရတော့လောက်အောင် နီမြန်းလာလေတော့သည်။ ---မှန်ပေသည်။ ယင်းရှန့်မောမောမှာ သူမ ကြီးလာသည်အထိ ကြည့်ရှုစောင့်ရှောက်ခဲ့ရပြီး အရင်တစ်ချိန်တုန်းက သူမ၏ စိတ်ကူးအတွေးများအား လွင်လင့်တကူသိရှိ‌နေခြင်းပင်။ သူမအသက်(၁၆)နှစ်သာရှိသေးသော ထိုနှစ်......ရင်များကွဲအက်၍ ဖြေမဆည်နိုင်သော  သောကဟူသည့် အရာအား ပထမဦးဆုံး နားလည်ခံစားလိုက်ရသည့်အခိုက်တွင် ထိုမောမောကြီးကပဲ သူမဘေး၌ တောက်လျှောက်အဖော်ပြုပေးခဲ့သည်ပင်။ ထိုအဖွားအိုကြီး၏ မျက်လုံးထဲ၌ သူမသည် ထာဝရကလေးလေးတစ်ယောက်သာ။ ပျော်ရွှင်မှု၊ ဒေါသ၊ သောက၊ ဝမ်းသာမှု စ‌သည့် အရာရာတိုင်းကို  သူမထံအား  ဖုန်းကွယ်ထား၍ မရနိုင်။

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now