Mirror。Zhu Yan : အပိုင်း(၅)

1K 95 10
                                    

  ~~~~~အပိုင်း《 ၅》~~~~~

      ပထမဆုံး ဆုံစည်းမှု

Uni Ver:

အတိတ်ကိုခြေ‌ရာကောက်ကြည့်လိုက်သောအခါ သူမအသက်ရှစ်နှစ်မျှသာရှိသေးသောအချိန်၌ ရှစ်ယင်နှင့်စတင် ဆုံစည်းခဲ့ရသည်ပင်။

ချိမျိုးနွယ်စု၏ တစ်ဦးတည်းသော မင်းသမီးအနေဖြင့် သူမသည်ပထမဆုံးအကြိမ် အနောက်နယ်မြေမှ ထွက်ခွာလာကာ ခမည်းတော်နှင့်အတူ ကျိုယီတောင်နတ်ဘုရားဗိမာန်သို့ သွားစဉ်အခါကဖြစ်သည်။----မတိုင်ခင်အချိန်တုန်းက သူမသည် ကြောက်မက်ဖွယ်ရာ ဝက်သက်ရောဂါကြောင့်  သေရေးရှင်ရေးလွန်ဆွဲနေရပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှသီသီလေးလွတ်လာခဲ့ခြင်းဖြစ်သည်။မျိုးနွယ်စု၏ နတ်ဆရာကြီးက ခမည်းတော်အား နတ်ဘုရားများ၏ရှေ့မှောက်တွင် သူမအတွက် အလေးအနက်ဖြင့်တောင်းဆုပြုပြီး ရောဂါသက်သာလာလျှင် သူမနှင့်ခမည်းတော်တို့သည် နတ်ဘုရားများ၏ကောင်းချီမင်္ဂလာပေးမှုအား ကျေးဇူးတင်သောအားဖြင့် ကျိုယီတောင်နတ်ဘုရားဗိမာန်သို့သွားရောက်ရမည်ဟုပြောလေသည်။

အပြင်သို့အလည်သွားရမည်ဟုကြားသည့်အခါ ကလေးသဘာဝ ပျော်ရွှင်မြူးတူးခုန်ပေါက်မိသော်လည်း လပေါင်းများစွာသွားပြီးမှ ကျိုယီတောင်သို့ရောက်လိမ့်မည်ဟု သူမ ထင်မထားခဲ့။

ထိုအထွတ်အမြတ်နေရာမှာ ယွင်ဟွမ်းကုန်းမြေအားဖန်တီးပေးခဲ့သည့် အမြွှာနတ်ဘုရားနှစ်ပါး၏ ဘုံဗိမာန်ဖြစ်ပြီး ခမ်းနားထည်ဝါလှသော တားမြစ်နေရာကြီးဖြစ်ပေသည်။မိန်းကလေးလည်းတစ်ယောက်မှမရှိ။ ရှိ‌‌နေသောသူအားလုံးမှာလည်း အနယ်နယ်အရပ်ရပ်မှလာရောက် ကျင့်ကြံ‌နေသည့် အမတသခင်များနှင့် အစေခံများသာ။ တစ်ဦးတစ်ယောက်ချင်းစီ၏ မျက်နှာထားများမှာ တည်ကြည်ကာ ဣန္ဒြေသမ္ပတ္တိအပြည့်ဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ နေကြလေသည်။

နှစ်ရက်တိတိနေပြီးနောက် သူမသည် အင်မတန်ပျင်းရိလာရသဖြင့် နေ့လည်နေ့ခင်းခမည်းတော် တရေးအိပ်နေသည့်အချိန်၌ တစ်ယောက်တည်းခိုးထွက်ကာ ကျိုယီတောင်အနှံ့ လျှောက်သွားကြည့်လေသည်။  အထိမ်းအမှတ်ကျောက်တိုင်ထက်ရှိ ပုံရိပ်ယောင်များနှင့် ဆန်းဝူချောက်ကမ်းပါးမှ နောက်ပြန်စီးဆင်းနေသည့် မြေအောက်လောကရေတံခွန်တို့ကို တွေ့မြင်ခဲ့ပြီးနောက် ထိုရဲတင်းလွန်းလှသောကလေးမ‌လေးသည်နတ်ဘုရားဗိမာန်၏ အနောက်ဘက်ရှိ တားမြစ်နယ်မြေဖြစ်သော ဧကရာဇ်ချိုင့်ဝှမ်းထဲသို့ပါ ခိုးဝင်သွားလေတော့သည်။

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now