Mirror。Zhu Yan အပိုင်း(၆) : ဒုတိယပိုင်း

694 82 5
                                    


~~~~~အပိုင်း《၆》~~~~~ 
အစီအရင်အား ဖျက်ဆီးခြင်း
            (ဒုတိယပိုင်း)

Uni Ver :

“....”
ကြမ္မာထိန်းချုပ်သူအရှင်မှာ စကားသံထွက်မလာ‌တော့။ ရှစ်ယင်အား ကြည့်နေသည့်သူ၏အကြည့်များမှာ လေးနက်ခြင်းမှ အံ့ဩခြင်းအဖြစ်သို့ပြောင်းလဲသွားပြီးနောက် ဆိုလေသည်။
“ ယင် ,မင်းလောကီ ကိလေသာအာရုံမှာ ညှိတွယ်နေတာတော့မဟုတ်ပါဘူးနော်?   ”
ရှစ်ယင်၏ မျက်နှာအမူအရာမှာ အနည်းငယ်လှုပ်ရှားသွားပြီး ပြန်မဖြေတော့ချေ ။
“တကယ်ပဲအဲ့ဒီလိုဖြစ်‌နေတာကိုး! ”
ကြမ္မာထိန်းချုပ်သူအရှင်သည် အသက်ဝဝရှူလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ပြင်တစ်ခွင်လုံး ပြည့်နှက်နေသည့် ကြယ်တာရာများအား ကြည့်ရှုလိုက်လေသည်။ ကြယ်ရောင်အောက်ရှိ
အိုမင်းနေသော မျက်နှာတွင် ဖော်ပြ၍မရနိုင်သော အမူအရာတစ်ခု ကိန်းအောင်းနေလျက်...။
“ မင်းက မင်းရဲ့အမေနဲ့သိပ်တူတာပဲ....ဟူး..ငါအပင်ပန်းခံပြီးမင်းကိုကျိုယီတောင်ပို့ခဲ့ရတာ အလကားပဲ!”

ရှစ်ယင်မှာ ဆိုလိုရင်းကို နားမလည်သဖြင့် ကြမ္မာထိန်းချုပ်သူအရှင်အား အံ့အားသင့်စွာဖြင့်ကြည့်နေလေသည်။

သူသိထားသည်မှာ မိမိသည် အနှီးထုပ်ထဲရှိစဉ်အချိန်ကပင် ဧကရာဇ်အရှင်ဖြစ်သူက အဝေးတွင်ရှိသော ကျိုယီတောင်သို့ ကျင့်ကြံအားထုတ်ရန် ပို့ဆောင်ခဲ့လေသည်ဟူ၍သာ။ ထိုသို့အပို့ခံရသည်မှာလည်း ကြမ္မာထိန်းချုပ်သူအရှင်၏ အကြံပေးမှုကြောင့်ပင်။ သို့သော် နှစ်ပေါင်းများစွာကုန်လွန်ခဲ့သည့်တိုင် သူ၏ဆရာတစ်ပိုင်း၊မိတ်ဆွေတစ်ပိုင်းဖြစ်‌နေသော ထိုအဘိုးအိုအား မိမိ၏ဘဝတစ်ခုလုံးကိုပြောင်းလဲစေခဲ့သော ဤအကြံပြုချက်မှာ အမှန်လော?အမှားလော?ဟူသည်ကိုမူ  ဘယ်သောအခါမှ မေးမြန်းခြင်းမရှိခဲ့။

“ထားလိုက်ပါတော့... ”
ကြမ္မာထိန်းချုပ်သူအရှင်သည် ကြယ်ရောင်လင်းလက်နေသည့် ကောင်းကင်အားကြည့်၍ သက်ပြင်းချလိုက်လေသည်။
“ဒါ‌ပေမဲ့လို့ အမတသခင်အဖြစ်‌ နေထိုင်ဖို့ဆိုတာကလည်း မင်းရဲ့ကံကြမ္မာမှ မဟုတ်တာပဲလေ, ဒီလိုလည်းမဖြစ်သင့်ပါဘူး”
ရှစ်ယင်သည် တုန်လှုပ်သွားပြီး လက်သီးကို တင်းကျပ်စွာဆုပ်ထားလိုက်လေသည်။

Zhu Yan(Mirror. Zhu Yan) Novel Myanmar TranslationWhere stories live. Discover now